Monday, February 16, 2015

တိုက်ပွဲ သတင်း

ဖေဖော်ဝါရီ ၉ ရက်
ကိုးကန့် အဖွဲ့ များ ... ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာသို့ ... မော်တော်ယာဉ် များဖြင့်ရာက်ရှိ ... ကျေးရွာ ပြည်သူ့စစ်များထံမှ ... လက်နက်ငယ် ၈ လက်အား သိမ်းယူ....တပ်မတော် စစ်ကြောင်းများမှ ... လိုက်လံ ရှင်းလင်းရာ ... ကြိုတင် နေရာယူထားသည့် ...
သောင်းကျန်းသူ အင်အားစုများနှင့် ... ထိတွေ့ တိုက်ပွဲဖြစ်....
တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့ဖြင့် ... ပစ်ကူ ပေးခဲ့ရ...
တပ်မတော်မှ အရာရှိ ၄ ဦး ... စစ်သည် ၇ ဦးကျဆုံး ... အရာရှိ ၂ ဦး စစ်သည် ၁၁ ဦး ဒဏ်ရာရ ....
တစ်ချိန်တည်းတွင် ... ကုန်းကြမ်းနှင့် ညံခွမ်းလမ်း (၁၈)မိုင် တစ်ဝိုက်၌ ... ၂ ကြိမ်တိုင် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား .... စစ်သည် ၅ ဦး ကျဆုံး ၊ ၂ ဦး ဒဏ်ရာရ ...
မြန်မာ- တရုတ် နယ်နိမိတ် မှတ်တိုင်အမှတ်... ဘီပီ- ၁၆၁(၁) အနီးရှိ ... မော်ထိုက်မြို့ တပ်မတော် စခန်းအား ... ၀င်ရောက် တိုက်ခိုက် ... စစ်သည် ၄ ဦး ဒဏ်ရာရရှိ ...
=============
ဖေဖော်ဝါရီ ၁၀ ရက်နေ့
=============
ညံခွမ်းနှင့် (၁၈)မိုင်ကြား တစ်ဝိုက်တွင် ... ထပ်မံ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွား ... စစ်သည် ၆ ဦး ဒဏ်ရာရရှိ ...
စစ်ကူ စစ်ကြောင်းအား ... (၁၈)မိုင်နှင့် တာရွှေထန်ကြား၌ ... သောင်းကျန်းသူ အင်အား (၂၀၀)ခန့်က ...
အသင့်စောင့်ကြို တိုက်ခိုက် ...
တိုက်ခိုက်ရေး ရဟတ်ယာဉ်... လေယာဉ်တို့ဖြင့် ... ၃ ကြိမ် ပစ်ကူပေးခဲ့ရ ....

သောင်းကျန်းသူများသည် ... ၎င်းည၌ပင် ... မြန်မာ- တရုတ်နိုင်ငံ နယ်စပ်ရှိ ... နယ်နိမိတ် မိုင်တိုင်အမှတ်... ဘီပီ-၁၁၇ ဘက်သို့ ... ဆုတ်ခွာသွား ....

တိုက်ပွဲတွင် ... အရာရှိ ၁ ဦး၊ စစ်သည် ၂၉ ဦး ကျဆုံးခဲ့ ... အရာရှိ ၈ ဦး၊ စစ်သည် ၃၉ ဦး ဒဏ်ရာရရှိခဲ့ ...
ယာဉ် ၅ စီး ပျက်စီး ဆုံးရှုံးခဲ့ ....

(၁၈) မိုင်အနီးတွင်... ထပ်မံ တိုက်ပွဲ ဖြစ်ပွား ... တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ... ၁ ကြိမ် ပစ်ကူပေးခဲ့ရ ... တပ်မတော်မှ အရာရှိ ၁ ဦး ဒဏ်ရာရရှိ ...

၎င်းနေ့တွင် ... လော်ကွာကျိုင်းဘက်မှ ... သောင်းကျန်းသူ အင်အား ၂၀၀ ခန့် ... ကုန်းကြမ်းဒေသရှိ တပ်ဌာနချုပ်အား ... ၀င်ရောက် တိုက်ခိုက်ရန် ရှိကြောင်း ... မြေပြင်သတင်း ရရှိ ...

တပ်အင်အား ဖြည့်တင်းမှုများကို ... လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် ... အချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့ ...

=========
ဖေဖော်ဝါရီ ၁၁
=========
လောက်ကိုင် တပ်နယ်... ကိုးကန့် ဒေသ ဦးစီး အဖွဲ့ရုံး ... ဆီအော့ အကျဉ်းဦးစီးဌာန ... ရန်လုံကျိုင်း ရဲစခန်းများသို့  ... လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ... ၀င်ရောက် တိုက်ခိုက်...

မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ၁ ဦးနှင့် ... ကိုးကန့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး ...

ဖေဖော်ဝါရီ ၁၁ ညပိုင်းနှင့် ... ၁၂ နံနက်ပိုင်းတွင် .... လောက်ကိုင် တပ်နယ်အတွင်းရှိ ...
တပ်ရင်း/ တပ်ဖွဲ့များ ...ကုန်းကြမ်းရှိ တပ်ရင်းဌာနချုပ်နှင့် ... ရန်လုံကျိုင်း မဆုတ်တမ်းခံစစ် စခန်းများအား ...
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ... နှောင့်ယှက် ပစ်ခတ် ... စစ်သည် ၁ ဦး ကျဆုံး ...
=========
ဖြစ်စဉ် အချုပ်
=========
တိုက်ပွဲ ဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွား ... လေကြောင်း ပစ်ကူ ၅ ကြိမ် ... တပ်မတော်မှ အရာရှိ ၅ဦး ...
စစ်သည် ၄၂ ဦး ကျဆုံး ...
အရာရှိ ၁၁ ဦး ... စစ်သည် ၆၂ ဦး ဒဏ်ရာရ ... မော်တော်ယာဉ် ၅ စီး ပျက်စီး ...
ကိုးကန့် တိမ်းရှောင် အဖွဲ့ထံမှ ... လက်နက်အချို့ သိမ်းဆည်း ရမိ ... ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိ ...
====================
ဒေသခံရွာများ၏ ပြောကြားချက်အရ ... ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူအဖွဲ့များသည် ...
တာရွှေထန်နှင့် ၁၈ မိုင်လမ်းဆုံအနီး ... စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ... လုပ်ဆောင်မှု အပေါ် အခွင့်ကောင်းယူ၍ ... ကြိုတင် စိမ့်ဝင် ရောက်ရှိနေခြင်း ဖြစ်...
၎င်းတို့သည် သစ်လွင်သော ... ယူနီဖောင်းများ ၀တ်ဆင်ထားပြီး ... ခရီးဝေးမှ လာရောက်ခဲ့ဟန် မရှိဘဲ ...လန်းဆန်းသည့် အနေအထား ရှိ...
၎င်းတို့ လှုပ်ရှားရာတွင် ... အမျိုးအစား ကောင်းမွန်သော ယာဉ်ငယ်များဖြင့် ... ရွှေ့ပြောင်းမှုများ ဆောင်ရွက်....
ဒုံးပစ် လောင်ချာနှင့် ... လက်ပစ်ဗုံး အရေအတွက် များပြားစွာ သုံးစွဲနိုင်...
လေယာဉ်ပစ် စက်သေနတ်ကြီးများကိုလည်း ... အဖွဲ့အားလုံးတွင် ဖြန့်ခွဲ အသုံးပြုနိုင်...
၎င်းတို့၏ လှုပ်ရှားမှုနှင့် ... တိုက်ပွဲဝင်သည့် အနေအထားမှာ ... စနစ်တကျ ပြင်ဆင် ... လေ့ကျင့်ထားသူများ ဖြစ်နိုင်....
ဖြစ်စဉ်များနှင့် ပတ်သက်၍ ... မြန်မာနိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူးထံသို့... သက်ဆိုင်ရာမှ ရှင်းလင်း ပြောကြား ... အသိပေးထား...
လက်ရှိ လောက်ကိုင်ဒေသအား ... ပုဒ်မ (၁၄၄) ထုတ်ပြန်ထားရှိ....
တပ်မတော်အနေဖြင့် ... လောက်ကိုင်ဒေသ မူလအခြေအနေသို့ ... ပြန်လည် ရောက်ရှိကာ ... ဒေသခံပြည်သူများ တည်ငြိမ် အေးချမ်းစွာ ... နေထိုင်နိုင်ရေးအတွက် .... သောင်းကျန်းသူများ အခြေချ...
လှုပ်ရှားနိုင်မှု မရှိစေရေးနှင့် ... နယ်စပ်ဒေသ တစ်လျှောက် ... စိမ့်ဝင်ထိုးဖောက်ခြင်း မပြုနိုင်ရေး ...
ထပ်မံ၍ အင်အားများ ဖြည့်တင်းပြီး ... အစွမ်းကုန် ကြိုးပမ်း ... ရှင်းလင်း ဆောင်ရွက်သွားမည် .... ။ ။
( Ref : မြ၀တီ နှင့် ပြန်ကြားရေး ၀န်ကြီးဌာန )

No comments:

Post a Comment