Friday, February 20, 2015

တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသ အဓိက ဆက်သွယ်ရေး လမ်းကြောင်းများ တိုက်ခိုက်ရှင်းလင်း

နေပြည်တော်-ဖေဖော်ဝါရီ-၁၉
ကိုးကန့်သောင်းကျန်းသူများအနေဖြင့်

 လောက်ကိုင်ဒေသ၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်၍
 လောက်ကိုင် မြို့အား ထိန်းချုပ်နိုင်ရေးဆောင် ရွက်လျက် ရှိရာ တပ်မတော်စစ်ကြောင်းများက လမ်းကြောင်း များတစ်လျှောက် နယ်မြေရှင်း
လင်းခြင်းဆောင် ရွက်ရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော် စစ်ကြောင်းများနှင့် ချင်းရွှေဟော် -လောက်ကိုင် ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ပါစင်ကျော် တစ်ဝိုက် တွင် နှောင့်ယှက် တိုက်ခိုက် ပိတ်ဆို့လျက်ရှိသည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာ သွားသည့် ကိုးကန့်သောင်းကျန်းသူ အဖွဲ့များနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိသည်။
ထို့အတူ ကုန်းကြမ်း-လောက်ကိုင်လမ်းကြောင်းရှိ (၁၈)မိုင်လမ်းဆုံ တစ်ဝိုက်တွင် ယာယီ ခံစစ်ယူ အခြေပြု ထားသော ကိုးကန့်သောင်းကျန်း သူအဖွဲ့အား တပ်မတော်စစ်ကြောင်း များက တိုက်ခိုက် ရှင်းလင်းလျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ(၁၈)ရက် ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် လောက်ကိုင်မြို့နယ် အနီး တစ် ဝိုက် လှုပ်ရှား လျက်ရှိသော ကိုးကန့်သောင်း ကျန်းသူ အင်အားစုများနှင့် တပ်မတော် စစ်ကြောင်း တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိစစ်သည်(၁)ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့၍ ၇ ဦးဒဏ် ရာရရှိခဲ့ကာ ကိုးကန့်သောင်းကျန်း သူအဖွဲ့မှ အလောင်း ၂လောင်း၊ လက်နက်ငယ် ၇ လက်နှင့် ခဲယမ်း ဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment