Tuesday, February 17, 2015

ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူများထံမှ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


နေပြည်တော် ဖေဖော်ဝါရီ ၁၆
လောက်ကိုင်နယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူအဖွဲ့များ ဖေဖော်ဝါရီ ၉ ရက် မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများ အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းမှုရရှိရေးအတွက် နယ်မြေ များကို အသေးစိတ်ရှင်းလင်းခြင်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိ သည်။
ဖေဖော်ဝါရီ ၉ ရက် ယနေ့အထိ သိမ်းဆည်းရမိ လက်နက်များ အနေဖြင့် အမ်-၂၂ (၇၁) လက်၊ အမ်-၂၁ (၇) လက်၊ အမ်-၁၆ (၁) လက်၊ ကာတိုင် (၁) လက်၊ အမ်-၂၀ ပစ္စတို (၁၆) လက်၊ ၃၀၃ ရိုက်ဖယ် (၁) လက်၊ ဂျီအက်စ်ဂျီရိုင်ဖယ် (၁) လက်၊ လုပ်သေနက် (၂) လက်နှင့် ပွိုင့်-၂၂ (၂) လက်တို့အားလည်းကောင်း၊ ခဲယမ်းများအနေဖြင့် ပွိုင့်-၂၅ မီလီမီတာ (၃၉၅) တောင့်၊ ပွိုင့်-၃၈၀ မီလီမီတာ (၁၅၀) တောင့်၊ အမ်-၂၂ ကျည် (၁၂၄၄၃) တောင့်၊ ပွိုင့်-၅ ကျည် (၈၁) တောင့်၊ အမ်-၂၀ ကျည် (၉၇) တောင့်၊ အမ်-၁၄ ကျည် (၉၃) တောင့်၊ ၅.၅၆ ကျည် (၂၂၀) တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး (၁၀၈) လုံး၊ တိုက်မိုင်း (၈) လုံး၊ ယမ်းပျော့ (၃၀) တောင့်၊ ယမ်းကြိုး (၁) ခွေ၊ တိုက်မိုင်းခလုတ် (၆) ခု၊ မိုင်းစနက်တံ (၆၇) ခု၊ ကျည်အိမ်မျိုးစုံ (၁၂၆) ခုတို့အား လည်းကောင်း၊ မူးယစ်ဆေးဝါးများအနေဖြင့် အဖဒရင်းအမှုန့် (၂၀၀) ဂရမ်၊ ဘိန်းဖြူအမှုန့် (၅) ဂရမ်၊ အိုက်စ် (၅) ဂရမ်၊ ဘိန်းဆီခဲ (၀.၅) ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ပြုလုပ်ရန် အသင့်ပြုလုပ်ထားသော အမှုန့် (၅) ကီလိုဂရမ်၊ ဆက်စပ်ပစ္စည်း အဖြူရောင် အမှုန့် (၃၀) ပိဿာခန့်၊ ဆေးပြား လက်ရိုက်မို (၂) ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
MOI

No comments:

Post a Comment