
ယခုဖြစ်စဉ်သည် နယ်မြေလုံခြုံရေး နယ်မြေရှင်းလင်းရေးသွားစဉ် ထိတွေ့ပစ်ခတ်ခြင်းမျိုး မဟုတ် ဘဲ တပ်ရင်း ဌာနချုပ်အား အဆိုပါအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ညအချိန်မတော် လာရောက်ချောင်းမြောင်း ပစ် ခတ်ခြင်း ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းနေသောကာလ တွင် နှစ်ဖက်ပစ်ခတ်ခြင်း မပြုရေးကို တပ်မတော် မှ လိုက်နာ နေသော်လည်း ယခုကဲ့သို့ ရန်စတိုက် ခိုက်လာခြင်းမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ထားရှိခဲ့သော ယုံကြည် မှု ပျက်ပြားသွားစေကြောင်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိကြီး တစ် ဦးက ပြောသည်။
``တပ်မတော်အနေနဲ့ အင်အားသုံးတိုက်မယ်ဆိုရင် ရတာပဲ၊ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနေ တာ ကြောင့် တပ်မတော်ဘက်က စစ်ရှိန်လျော့ထားတာပါ၊ ဒါကို အခွင့်ကောင်း ယူပြီး တပ်ရင်းဌာနချုပ်ကို ချောင်းပစ်တာကတော့လာပြီးရန်စစိန်ခေါ်တဲ့သဘောဖြစ်သွားပြီလေ၊ နောက် ဆုံး တိုက် ပွဲတွေ ပြန်ဖြစ်လာရင် ဒေသခံ တွေပဲ နစ်နာမှာပါ´´ ဟု တာမိုးညဲမြို့ခံ ကျောင်းဆရာ တစ်ဦးက ဆိုသည်။
TNLA နှင့် ကိုးကန့်ပူပေါင်းအဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်ရင်းဌာနချုပ်အတွင်းသို့ လက်နက် ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အရာရှိ၊ စစ်သည်မိသာစုများမှာ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိ သလို လူနေအဆောက်အဦနှင့် ရုံးအဆောက်အဦးများလည်း ထိခိုက်ပျက် စီးမှု မရှိကြောင်း နယ်မြေခံတပ်မှ တပ်ရင်းမှူး က ပြောကြားခဲ့ပါသည်။
Credit To; မိုင်းကျော်စွာ(ကွတ်ခိုင်)
No comments:
Post a Comment