Friday, May 16, 2014

မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း

မေ၁၅ရက်ကကွာလာလမ်ပူ
  လေဆိပ်တွင် ရန်ကုန်သို့  ပျံသန်း
မည့် မလေးရှားလေကြောင်း လိုင်းပိုင်လေယာဉ် ကို ကားတစ်စီး
က ၀င်တိုက်မိစဉ်
မေ ၁၅ ရက် တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည့်မလေး
ရှားလေကြောင်းလိုင်း လေ ယာဉ်သည် ကွာလာလမ် ပူလေဆိပ်၌ ရပ်ထားစဉ် လေ ယာဉ်၏ကိုယ်ထည်ပိုင်းကိုကားတစ်စီးကဝင်တိုက်မိသောကြောင့် ခရီးစဉ်ရွှေ့ပြောင်းလိုက် ရကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH  370 လေယာဉ်ပျောက်ဆုံးခဲ့ပြီးနောက် မလေးရှားလေကြောင်းလိုင်း ၏ နောက် ဆုံး မတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။
ယခု ကားတိုက်ခံရသည့် ဘိုးအင်း ၇၃၇-၈ဝဝ အမျိုးအစားလေယာဉ်ကို အသေအချာ စစ်ဆေး မှုများ ဆောင်ရွက်နေရသောကြောင့် မြန်မာနိုင်ငံသို့သွားမည့် ခရီးသည်များကို အခြားလေကြောင်း ခရီးစဉ်သို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်အောက်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အင်ဂျင်နီယာတွေက အပျက်အစီးကို စစ်ဆေးဖို့ အဲ့ဒီနေရာမှာ ရှိနေပါတယ်။ အကြိုစစ်ဆေးချက်တွေအရ လေယာဉ်ရဲ့ ဖွဲ့စည်းပုံအပိုင်းကို ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။
ဒါပေမယ့် စေ့စပ်သေချာတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့လိုအပ်တာကြောင့် လေယာဉ်ကိုဆက်ပြီး ရပ်ထားရတာပါ”ဟု မလေးရှားလေကြောင်းလိုင်း ပျံသန်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး အီဇန်အစ္စမေးက ပြောကြားခဲ့သည်။ သူက ခရီသည်များ လုံခြုံရေးသည် ထိပ်တန်းအဆင့်၌ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ဧပြီလကလည်း ၎င်းတို့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ပျံတက်စဉ် တာယာတစ်လုံး ကွဲထွက်သွားသောကြောင့် ကွာလာလမ်ပူသို့ ပြန်လှည့်ခဲ့ရသည်။

No comments:

Post a Comment