Wednesday, May 14, 2014

အမျိုး သမီး တွေစု ပြီး အဝတ် တန်းရှည် ကြီး ဘာ အတွက် ဖန်တီး ခဲ့လဲ

10366291_709238389132185_5540893691572714815_n

ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေနဲ့ ဝမ်းတို့ သုံးယောက် ဟာ ရန်ကုန်မြို့က ထောင်နဲ့ချီတဲ့ အမျိုး သမီးတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့ရင်ပြင်ထဲမှာ အဝတ်လျှော်ခဲ့ပါတယ်။ Mothers’ Day ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေ ၃ဝဝဝ လောက်ရှည်တဲ့ အဝတ်တန်းရှည်ကြီးတစ်ခုကို ဖန်တီးကြဖို့ပါတဲ့။
စံချိန်တင် အဝတ်တန်းရှည်ကြီးကို မြန် မာနိုင်
ငံမှာလူသုံးများလာတဲ့Omoဆပ်ပြာမှုန့်နဲ့  လျှော်ဖွတ်ဖို့ဖြစ်ပြီး အမေများနေ့ဖြစ်တာကြောင့် အိမ်ရှင် မတွေ၊ မိခင်တွေကို ဖိတ်ခေါ်ပြီး မိခင်များနေ့ကို ဂုဏ်ပြုဖို့၊ အမှတ်တရဖြစ်စေဖို့ ကျင်းပတာဖြစ် တယ် လို့ Unilever Myanmar က ဆိုပါတယ်။ဒီလို အမျိုးသမီးတွေအများကြီးပါဝင်တဲ့အဝတ်တန်းn ရှည်ဖြစ်အောင် လျှော်ဖွတ်တဲ့ပွဲမျိုးကို တောင်အာဖရိကနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်တွေ ကလုပ်ခဲ့ပြီး မြန်မာပြည်မှာ ပထမဆုံးလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာတော့ စုစုပေါင်း ၂၉၉၈ ပေနဲ့ စံချိန်တင်ခဲ့ပါပြီ။ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ မေလ ၁၁ရက်နေ့က ကျင်းပခဲ့တဲ့ အဝတ်တန်းရှည်ပွဲမှာ ပါဝင်ခဲ့သူ မသန်းသန်းအေးက Omo ဆပ်ပြာမှုန့်က အမေများနေ့အတွက် စီစဉ်တာကြောင့် လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး အိုမိုဟာ သူ့ရဲ့ဆောင်ပုဒ်အတိုင်း တကယ်ကောင်း တယ်လို့ ပြောသွားပါတယ်။
Omo ဆပ်ပြာမှုန့်ကို အဓိက ဖြန့်ချိနေတဲ့ Unilever က နိုင်ငံပေါင်း ၁၉ဝကျော်မှာ လူသုံးကုန် ပစ္စည်းတွေ ကို ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၂ဝ၁၃ နိုဝင်ဘာကစပြီး ဖြန့်ချိ ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီလိုမျိုး စီစဉ်သွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment