Thursday, May 22, 2014

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့
 ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ် ၊ 
 ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့
ဝင်များ ၊ ရေးမြို့မရဲစခန်း မှတပ်ဖွဲ့
ဝင်များနှင့် နယ်မြေခံတပ်မှ
တပ်မတော်သားများပါဝင်သော
 ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ ရေးမြို့နယ်၊ ကျောင်း ရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေ နတ်(၁) လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16  မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည် (၄)ခု၊ ပြောင်း ပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည် ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင် ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေး စက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁) ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေး မြို့ မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားကြောင်း သတင်း ရရှိသည်။


ရဲဇာနည်

No comments:

Post a Comment