Friday, November 8, 2013

လွယ်ဂျယ်မြို့နယ်အတွင်းရှိ သကျမာရဇိန် အောင်တော်မူ ဘုရားရှိ အဆောက်အဦးများအား ကေအိုင်အေအဖွဲ့မှ ဖျက်ဆီးသွားခြင်း

လွယ်ဂျယ်မြို့နယ်အတွင်းရှိ သကျမာရဇိန် အောင်တော်မူ ဘုရားရှိ အဆောက်အဦးများ အား ကေအိုင်အေ အဖွဲ့မှ ဖျက်ဆီးသွားခြင်းအပေါ် ဒေသခံ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင် များမှ ပြင်း ထန် စွာကန့်ကွက်









လွယ်ဂျယ်မြို့နယ်ခွဲ၏အနောက်တောင်ဘက်၂မိုင်ခန့်အကွာတွင်ရှိသောသကျမာရ်ဇိန် အောင်တော် မူ တောင်ပေါ်ဘုရား ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒ သက်တော် (၅၈ )နှစ်၊ ၀ါတော် ၃၂ နှစ်သည် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲ များ ဖြစ်ပွားခဲ့သဖြင့် တစ်ဘက် တရုတ် နိုင်ငံ၊ ကျန်ဖုန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း တွင် သွားရောက်သီတင်းသုံးခဲ့ရပါသည်။ 
၎င်းဘုန်းတော်ကြီး ကျောင်းအနီးရှိ တောထဲတွင် ကေအိုင်အေအဖွဲ့ တမဟ(၃)လက်အောက်ခံ တပ်ရင်း(၁၆)နှင့် တပ်ရင်း(၂၁) တို့မှ တပ်ဖွဲ့ဝင်များသွားလာလှုပ်ရှား နေထိုင်လျက်ရှိပြီး မိုင်းများ လည်းထောင်ထား သဖြင့် ဒေသခံပြည်သူများ သွားလာမှုမရှိကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သကျမုနိ ဆုတောင်းပြည့်ဘုရား ဂြိုဟ်နံထောင့် ၈ ထောင့်မှ ဗုဒ္ဓဆင်းတုတော် ၈ဆူ၊ သကျမုနိအောင်တော်မူစေတီမှ ဗုဒ္ဓဆင်းတုတော် ၅ ဆူ၊ ရှင်သီဝလိရုပ်ပွားတော်၊ ရှင်ဥပဂုတ္တ ရုပ်ပွားတော်၊ သကျမာရဇိန် အောင်တော်မူ ဘုရား၏ သမိုင်းကျောက်စာပြား များနှင့် ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း ကေအိုင်အေအဖွဲ့မှ ဖျက်ဆီးသွားခဲ့ ကြောင်း ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒမှ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ မိနစ် ၃၀ချိန်တွင် လွယ်ဂျယ်မြို့မှ မြို့မိမြို့ဖ များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။
သကျမာရဇိန် အောင်တော်မူတောင်ပေါ်ဘုရားအား ၁၉၅၉ ခုနှစ်တွင် ပြည်ထောင်စုမြန် မာနိုင် ငံတော် အစိုးရ ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန၀န်ကြီး ဗိုလ်ခင်မောင်ကလေးမှ ကြီးမှူး၍ တည်ထား ကိုးကွယ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ဦးစန္ဒိမာမှဆက်လက်သီတင်းသုံး နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သာသနိက အဆောက်အဦများ ဖျက်ဆီးခြင်းခံရခြင်းအပေါ် လွယ်ဂျယ်မြို့နယ်ခွဲအတွင်းရှိ ရှမ်းလူ မျိုး ဗုဒ္ဓဘာသာဝင် များမှ ကျေနပ်မှုမရှိဘဲ ကေအိုင်အေအဖွဲ့ထံသို့ ကန့်ကွက်သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
 
From:ME

No comments:

Post a Comment