Saturday, June 1, 2013

ငြိမ်းချမ်းရေး စာချုပ် မှင်မခြောက်မီ မြို့ပေါ်ရောက် KIA တို့ လူသစ် စဆွဲပြီ

၂၀၁၃ ခုနှစ် မေလ ၂၇ ရက်နေ့ ည ၁၁၀၀ နာရီချိန်တွင် KIA သောင်းကျန်းသူ အဖွဲ့မှ အင်အား ၃၀ ဦးခန့် သည် လက်နက်ငယ်များ ကိုင်ဆောင်လျှက် ကွတ်ခိုင်မြို့နယ်၊ နန့်မွန်းရွာ ဘက်မှ တစ်ဆင့် နန့်ဖတ်ကာ ကျေး ရွာ အုပ်စု လွယ်ကန်ရွာသို့ ရောက်ရှိလာပြီး ၄င်းကျေးရွာမှ ကျား ၈ ဦး၊ မ (၇ ) ဦး စုစုပေါင်း ရွာသား ၁၅ ဦး တို့အား အဓမ္မ ဖမ်းဆီး လူသစ်စုဆောင်းခဲ့ကြသည်။
အဆိုပါ အဖွဲ့သည် ထိုနေရာမှ ပန်ကိုင်စုစည်းရွာဘက်သို့ ည ၁၁ နာရီခွဲချိန်ခန့်တွင် ရောက်ရှိကာ ၄င်းကျေး ရွာမှ ကျား ၄ ဦး၊ မ ၁ ဦး စုစုပေါင်း ၅ ဦးတို့အား ထပ်မံဖမ်းဆီးပြီး ဟိုဖျက်ရွာဘက်သို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။
ယခု အချိန်သည် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့ နှင့် ကေအိုင်အေ ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ များ ပြုလုပ်နေသည့် အ ချိန် ဖြစ်ပြီး တစ်ဖက်တွင် ငြိမ်းချမ်းရေး ခေါင်းစဉ်ပြ၍ တစ်ဖက်မှ လူသစ် စုဆောင်းခြင်းသည် တစ် ဖက်နှင့် တစ်ဖက် ယုံကြည်မှုများကို ပျက်ပြားစေသည့် လုပ်ဆောင် ချက်မျိုး ဖြစ်သည်။
အဆိုပါ လူသစ် စုဆောင်းမှုအား နီးရာဓားကြောက်နေသည့် ကျေးရွာများမှ စုစည်း တိုင်ကြားခြင်း မရှိသော် လည်း ဒေသခံ အဖွဲ့အစည်းများမှ တပ်မတော် စစ်ကြောင်း သို့ ဆက်သွယ်တိုင်ကြား လာ သဖြင့် ကချင်ပြည် သူ့စစ် တပ်ဖွဲ့ဝင်များနှင့် တပ်မတော် စစ်ကြောင်းမျ လိုက်လံ ရှင်းလင်း ဆောင် ရွက်လျှက် ရှိသည်။
ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အချိန်အခါ ဖြစ်သည်မို့ ကေအိုင်အေ အနေဖြင့် ဖမ်းထားသူ အားလုံးအား ချက် ချင်း ပြန်လွှတ်ပေးသင့်ကြောင်း၊ ပြန်မလွှတ်ပေးပါက တပ်မတော်မှ မတိုက်ခိုက်လျှင်ပင် ကေအိုင်ေ အနှ င့် မိမိတို့ တိုက်ပွဲများ ဖြစ်ပွားလာ မည် ဖြစ်ကြောင်း ပြည်သူ့ စစ်ခေါင်းဆောင်မှ ကျေးရွာအတွင်း၌ ဒေါသ တကြီး ပြောဆိုခဲ့သည်ဟု သိရသည်။

No comments:

Post a Comment