Wednesday, June 12, 2013

မိုးရွာသွန်းမှု များ၍ အင်းလေးကန်ကြီးသို့ ခရီးသွား ဧည့်သည်များ သွားလာရေး အဆင်ပြေ

မိုးရွာသွန်းမှု များ၍ အင်းလေးကန်ကြီးသို့ ခရီးသွား ဧည့်သည်များ သွားလာရေး အဆင်ပြေ
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့
အင်းလေးဒေ သ အင်းလေးကန်ကြီးသည်ယခုနှစ် ဧပြီနှင့် မေ လ တို့တွင် နွေရာသီ အပူ ရှိန် မြင့် မား မှုကြောင့် အနည်းငယ် သတ်မှတ် ရေချိန်အောက် နိမ့်ကျခဲ့သော်လည်း မေလ နောက်ဆုံးပတ်နှင့်ဇွန်လ အတွင်း မိုးရွာသွန်းမှုတို့ကြောင့် ယခုအခါ ကျေးရွာ ချင်း ဆက် ရေလမ်း ကြောင်းများ အဆင်ပြေစွာ သွားလာနိုင်လျက် ရှိပြီး ခရီးသွား ဧည့်သည်များ သာမ က ဒေသခံ တောင်သူများ ကုန်စည်စီးဆင်းမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ အင်းလေးကန်ကြီးသည် ရှမ်းပြည်နယ်၏ အထင်ကရ နေရာတစ် ခု ဖြစ်ရုံမျှ မက ပြည် တွင်းပြည်ပ ခရီးသွားများ အထူး စိတ်ဝင်စားသော နေရာတစ်ခု ဖြစ်သည်နှင့်အညီ နိုင်ငံတော် အကြီးအကဲများ လမ်းညွှန် ချက်နှင့်အညီ ဒေသ တာဝန်ရှိ ဝန်ထမ်းများကလည်း နေ့စဉ် စက်ယန္တ ရားကြီးများဖြင့် အင်းလေးကန်ကြီး သန့်ရှင်း သာယာလှပရေးကို အလေးထား ဆောင် ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment