Saturday, June 1, 2013

ဧရာဝတီ သတင်းအပေါ် လူထုပုံရိပ်မှ ကူးယူကိုးကားပြီး လိမ်လည် ဖြည့်စွက်ကြောင်း ဧရာဝတီမှ ဖော်ပြ

ဧရာဝတီသတင်းထောက်မေခကဦးလွန်းမောင်
 အကြောင်း ဆောင်း ပါးအပြင်၊အများစိတ်ဝင်စား
မည့်သီးသန့်အင်တာဗျူးကိုပါဦးလွန်း
မောင်အား မေးမြန်းနိုင်ခဲ့သဖြင့် မေလ ၂၁ ရက်နေ့က ဝက်ဘ် ဆိုက်ပေါ် တင်နိုင် ခဲ့ သည်။ ထိုနေ့တွင်ပင် လူထု ပုံရိပ် ဂျာနယ်က ကျမတို့ထံ ဖုန်းဆက်၍ ယင်း အင် တာဗျူး သူတို့ဂျာ နယ် စာ မျက်နှာ တွင် ဖော်ပြ ခွင့်ပြုရန် ပန်ကြားလာသည်။ ကျမတို့ အယ်ဒီတာအဖွဲ့ က ဖော်ပြခွင့် မပြုေ ကြာင်း ငြင်းဆန်လိုက်သောအခါ တဘက် အယ်ဒီ တာက အင်တာဗျူးမှ အချက်အလက် တချို့ကိုကိုးကား၍ ဆောင်းပါး ရေးပါရစေဟုပန်
ကြာြး ပန်သောကြောင့် ခွင့်ပြုလိုက် သည်။
နောက်တနေ့တွင် လူထုပုံရိပ် ဂျာနယ်၌ မေခ၏ အင် တာဗျူးကို ကိုးကား ဖော်ပြထားသော ဆောင်းပါး ပါ လာ သည်။ သို့သော် ဧရာဝတီက မေးမြန်းထား သည် ကို ဦးလွန်းမောင် ပြန်ဖြေထားသည့် အတိုင်း မဟုတ် ဘဲလုံးဝလွဲမှားစွာကိုးကားထားကြောင်း  တွေ့
ရသည်။
“လက်ရှိအစိုးရသည်စစ်အာဏာရှင် စနစ်ဆီကို ပြန်သွားလိုသည့်သဘောရှိသည်” ဟု ဦးလွန်းမောင် က ဧရာ ဝတီ သို့ ပြောကြောင်း ယင်းဆောင်းပါးတွင် ပါရှိသည်။ ဦးလွန်းမောင်က ဧရာဝတီသို့ လုံးဝ ပြော မထားေ သာ စကားတခွန်းကို ဧရာဝတီသို့ ပြောသည်ဟူ၍ ကိုးကား ဖော်ပြထား သည် မှာ အလွန် ဆိုးရွားေ သာ မှားယွင်းမှု တရပ်ဟု ကျမ မြင်မိသည်။ ထိုဆောင်းပါးကို တွေ့တွေ့ချင်း ကျမကိုယ်တိုင် လူထုပုံရိပ် ဂျာ နယ် မှ အယ်ဒီတာ ကိုမင်းနိုင်စိုးထံ ဖုန်းဆက်ပြောလိုက်ရာ သူ က နောက် တပတ် အမှားပြင်ဆင်ချက် ထည့်ေ ပး ပါမည်ဟု ပြန်လည် ပြောဆိုသည်။
မြန်မာပြည်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အထိုက်အလျောက် ရရှိနေသည့် ယခုအချိန်၊ နေ့စဉ်ထုတ် သတင်း စာများ ပလူပျံအောင် ထွက်ရှိနိုင်သည့် ယခုလို ကာလတွင် သတင်းစာများ၊ ဂျာနယ်များ အနေဖြင့် အထူး ဂရုပြုသင့်သည့် အချက်မှာ စာနယ်ဇင်း ကျင့်ဝတ်ဟု ယူဆပါသည်။

ဧရာဝတီသတင်း၏စာနယ်ဇင်းအတတ်ပညာအခြေခံပင်မရှိသူများသို့ ဆောင်းပါးမှ ကောက်နှုတ်ချက်။

No comments:

Post a Comment