Thursday, June 6, 2013

ယနေ့အထူး ဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တရားဝင်ကြော်ငြာ

ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်
 အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံ သား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာ နဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။
ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင် များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ များစွာဖွဲ့ကာ စတင် ဖမ်း ဆီးနေခြင်းဖြစ်ကြောင်း။
ထိုသို့ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေ သည့်ဘာသာရေးပဋိပက္ခ များကြောင့် ထိရောက် စွာကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။
မြန်မာနိုင်ငံသား 2 ဦးသေဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင်ဆက်လက်ကူသနေရဆြဲ ဖစ်ကြောင်း ၊ ပြဿနာ 7 ကြိမ်တိတိဖြစ်ပွား ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ။
မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင်နေထိုင် သူများ အား မြန်မာပြည်သို့ပြန်ပို့ပြီးကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။
နိုင်ငံပိုင်သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ် ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသားတင်ဆက်ထားတာကိုတွေ့ရပါတယ် ။ ထိုသတင်း တွင် ပဲအောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအားသုံးစွဲထားပြီး ထိုသို့ ဖမ်း ဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီးဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။
မည်၍ မည်မျှ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟုသုံးစွဲထားပြီး ယနေ့အများဆုံးဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံးဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်ကို ..။
မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာက ဘာသာပြန်တင်ဆက်ပေးရပါသည် ။
ဆက်လက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး မိမိတို့ပတ်ဝန်ကျင်တွင် ထူးခြားဖြစ်စဉ် ၊မှု့ခင်းဖြစ်စဉ်များရှိလာပါက ဤစာမျက်နှာတွင် လာရောက် ရေးသားနိုင်ပါသည် ။
From: မလေးရှားရောက်မြန်မာများ (facebook)

No comments:

Post a Comment