Monday, June 24, 2013
အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ
အင်ဒိုနီးရှားနိုင်ငံ ​တောမီးလောင်
မှုကနေ ​ထွက်လာတဲ့ ​မီးခိုးတွေကြောင့် ​စင်္ကာပူနိုင်ငံ သားတွေ ​ဒုက္ခရောက်နေတုန်း ​ခုအခါမှာ ​နောက်အိမ်နီးချင်းနိုင်ငံ 
က်သွားပြီလို့ ​သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ​မီး ခိုးတွေကြောင့် ​မ ​လေး ​ရှား ​နိုင် ​ငံ ​ရဲ့ ​တောင် ​ပိုင်း ​ရှိ ​ပြည်နယ် ​နှစ် ​ခု ​ က ​လေထုညစ်ညမ်းမှုဟာ ​အန္တရာယ်ရှိတဲ့ ​အဆင့်ကို ​ရောက်သွားပြီး ​၈ ​နှစ်တာကာလအတွင်း 
ပထမဆုံး ​အကြိမ် ​လေထု ​ညစ်ညမ်းမှု ​ဆိုင်ရာ ​အရေးပေါ် ​အခြေအနေ ​ထုတ်ပြန် ​ခဲ့ရတယ်လို့  ​သိရပါတယ်။မိုးတွေရွာသွန်းမှသာ ​လေထု ​သန့်စင်မယ်လို့ ​ယုံကြည်တဲ့အတွက် ​လေထုညစ်ညမ်းမှု ​အဆိုးဝါးဆုံး ​ခံနေရတဲ့ ​ဒေသမှာ ​မိုးရွာတဲ့ ​အခြေအနေဖြစ်လာအောင် ​သိပ္ပံနည်းနဲ့ ​ဖန်တီးဖို့ ​ကြိုးစားမှုတွေ ​လုပ်ဆောင်သွားမယ်လို့ ​သိရပါတယ်။မလေးရှားနိုင်ငံမှာ ​မီးခိုးဒဏ်ကို ​နှစ်စဉ်ခံ စားရလေ့ရှိပေမယ့် ​ဒီနှစ်မှာ ​အခြေအနေဆိုးလွန်းတဲ့အတွက် ​အရေးပေါ် ​အခြေအနေ ​ထုတ်ပြန် ခဲ့ရပြီး ​လမ်းတွေပေါ်မှာလည်း ​လူသွားလူလာ ​နည်းကုန်တဲ့အတွက် ​စီးပွားရေးတွေ ​ထိခိုက်နစ်နာ ရတယ်လို့ ​သိရပါတယ်။
ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​မလေးရှားနိုင်ငံ ​သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ​ဝန်ကြီးက ​အင်ဒိုနီးရှားနိုင်ငံ ​သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ​ဝန်ကြီးနဲ့ ​လာမယ့် ​ဗုဒ္ဓဟူးနေ့မှာ ​တွေ့ဆုံဆွေးနွေးဖို့ ​ရှိတယ်လို့ ​သိရပါတယ်။
စင်္ကာပူအစိုးရကလည်း ​ဒီကိစ္စကို ​ကိုင်တွယ်ဖြေရှင်းဖို့အင်ဒိုနီးရှားအစိုးရကို ​တောင်းဆိုထားပါတယ်။
No comments:
Post a Comment