Wednesday, June 19, 2013

မီဒီယာသမားများ လူစကားနားလည်အောင် သင်ထားဖို့လို

အမျိုးစောင့်ဥပဒေအတွက် (ခ)အဖွဲ့က ဆွေးနွေး
ပါသည်။ ဆုံးဖြတ်ချက်လည်း ချပါသည်။ အဖွဲ့
အားလုံး၏ ဆုံးဖြတ်ချက်များကို အဖွဲ့အလိုက်
 (က) (ခ) စသည်ဖြင့် ဖော်ပြထားပါသည်။ ၎င်း အနက် (ခ) ဒုတိယပိုဒ် “မြန်မာနိုင်ငံသည် ဘာ သာရေးလွတ်လပ်ခွင့်ရှိသည့်
အားလျော် စွာ ငြိမ်း ချမ်းရေးကို ရှေးရှုပြီး ကိုး ကွယ်မှုဘာသာအလိုက်ခိုင်မာသောဥပဒေများ
 ရေး ဆွဲပြဋ္ဌာန်းရန်”သည်အမျိုးစောင့် ဥ ပဒေ ကို ရည်ညွန်းထားခြင်းဖြစ်ပါသည်။
ထို့ကြောင့်အမျိုးစောင့်ဥပဒေကိုထည့်သွင်းေ
ဆွးနွေးခြင်း၊ အတည်ပြုဆုံးဖြတ်ြ ခင်း၊ ကြေညာ ချက်ထုတ်ပြန်ခြင်း မရှိ ဟု ရေး သားနေသော မီဒီယာများ မြန်မာစာပေနှင့် မြန်မာစကားကို လူလိုနားလည်အောင် လေ့လာဖို့ များစွာ လိုသေးကြောင်း မှတ်တမ်းတင်အပ်ပါသည်။ “ပိသုဏီ မီဒီယာများ သတိထား” ထို့အပြင် အမျိုးစောင့်ဥပဒေကို ဆရာတော်ကြီး များ လက်မခံဟုဆိုကာ ဓမ္မဒူတအရှင်ဆေကိန္ဒနှင့် အရှင်ဓမ္မပိယတို့က အမျိုးစောင့်ဥပဒေကိုပင် မလိုလားသယောင် ရေးသားနေသည်ကို တွေ့ရပါသည်။
မှော်ဘီသံဃာ့ညီလာခံသည် ငြိမ်းချမ်းရေးအတွက် အဖြေရှာသော အစည်းအဝေး ဖြစ်ပါသည်။ အမျိုးစောင့်ဥပဒေညီလာခံမဟုတ်ပါ။ သို့သော် အမျိုးစောင့်ဥပဒေသည် ကဏ္ဍကြီး (၇)ရပ်အနက် ဒုတိယ ဥပဒေကဏ္ဍမှာ အကြုံးဝင်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သောကြောင့် အရှင်ဆေကိန္ဒနှင့် အရှင်ဓမ္မပိယ ဦးဆောင်ဆရာတော် နှစ်ပါးလုံးက အမျိုးစောင့်ဥပဒေကို မှော်ဘီညီလာခံမှာ ISSUE တစ်ခုအနေဖြင့် မမေးကြဖို့ (၂၇-၆-၂၀၁၃) ရက်နေ့၊ အင်းစိန်၊ ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပမည့် အမျိုးစောင့်ဥပဒေညီလာခံကျမှ မေးကြဖို့ မီဒီယာများကို မေတ္တာရပ် ခံခဲ့ခြင်း ဖြစ် ပါသည်။
ဤအချက်ကို အခွင့်ကောင်းယူကာ အရှင်ဆေကိန္ဒနှင့် အရှင်ဓမ္မပိယတို့က အမျိုးစောင့်ဥပဒေကို သဘောမတူသည့်ပုံစံမျိုး ရေးသားသွားကြခြင်း ဖြစ်ပါသည်။ထိုဆရာတော်နှစ်ပါးလုံးကအမျိုးစောင့် ဥပဒေပေါ်ပေါက်ရေး ဦးဆောင်ဆရာတော်များအဖြစ် လက်မှတ်ရေးထိုးထားသည်ကို ပူးတွဲ တင်ပြလိုက်ပါသည်။
 From:wira thu

No comments:

Post a Comment