Tuesday, June 11, 2013

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီစောင့်ရှောက်ဖို့ နိုင်ငံတော်သမ္မတရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ ယနေ့ ထွက်ခွါမည်


  • မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီစောင့်ရှောက်ဖို့ နိုင်ငံတော်သမ္မတရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ ယနေ့ ထွက်ခွါမည်
==================================

နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တွေ့ဆုံမှာကြားပြီး နိုင်ငံခြားရေးဒုဝန်ကြီး၊ အလုပ်သမားဒုဝန်ကြီး ဦးဆောင်တဲ့ အထူးအဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ခွါမယ့် မလေးရှားအဲလိုင်းနဲ့ မလေးရှားကို သွားပါမယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်က (၆)ဦးလည်းသွားရောက်မှာ ဖြစ်ပါတယ်။ အေဂျင်စီကိုယ်စားလှယ်(၁)ဦးကတော့ ရှေ့ပြေးသွားနှင့်ပြီး ဖြစ်ပါတယ်။

ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရအနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။

ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။

ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့
နိုင်ငံတော်သမ္မတကြီး ပြောကြားထားပြီး ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ ရဲ့ သဘောသဘာဝကိုလည်း အနည်းငယ် ရှင်းပြလိုပါတယ်။ အခုစေလွှတ်တဲ့အဖွဲ့ဟာ အထူးကိစ္စရပ်တစ်ခုအတွက် နိုင်ငံတော်သမ္မတကြီးကိုယ်စား၊ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စေလွှတ်လိုက်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ စေလွှတ်လိုက်တဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးကိုယ် တိုင် မူဝါဒတိတိကျကျ သတ်မှတ်ပေးလိုက်ပြီး ပြောကြားခွင့်၊ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက် ချမှတ်ခွင့် စသည်အားဖြင့် လွှဲအပ်လိုက်တဲ့ အဖွဲ့မျိုး ဖြစ်ပါတယ်။

အခုလည်း ဒီမှာရှိတဲ့ အေးဂျင့်တွေကိုယ်စား သွားရောက်ကြမှာ ဖြစ်ပါတယ်။ အချို့ ကိစ္စတွေမှာ အစိုးရချင်း ညှိနှိုင်းရမှာ ဖြစ်သလို အချို့ကိစ္စတွေမှာတော့ အလုပ်သမားအေဂျင်စီတွေနဲ့ အလုပ်ရှင်တွေ ဟိုဘက်က အေဂျင်စီတွေနဲ့ ညှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချယ်နယ်ပေါင်းစုံကနေပြီး ကိုယ့်နိုင်ငံသားတွေ အကျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။

(မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို ဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)

ပြန်လာချင်တဲ့ သူတွေနဲ့ ပတ်သက်လို့ အဲဒီက အခြေအနေမှန်ပေါ်မှာ မူတည်ပါတယ်။ ဒီလိုဆန္ဒ ရှိကြတဲ့(မြန်မာနိုင်ငံသား)တွေအနေနဲ့ ဒီအဖွဲ့ လာရောက်ချိန်မှာ လူစာရင်းပါ ပြောကြားပေးဖို့ ဖြစ်ပါတယ်။ ဒီတော့ ကပုန်းနာရေးအသင်းလိုမျိုး ဦးစီးဦးဆောင် ပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုခုကနေ တာဝန်ယူပြီး မလေးရောက် မြန်မာ(နိုင်ငံသား)တွေကိုယ်စား စုစည်း ပြောကြားနိုင်ဖို့ လိုပါတယ်။ အချင်းချင်းလည်း ဆက်သွယ်ပြီး ပျောက်ဆုံးနေတာ အဆက်အသွယ်ပြတ်နေတာ မျိုးတွေ၊ ပြန်လာချင်တာတွေ၊ ထိခိုက်နစ်နာရတာတွေ၊ ငွေကြေး (သို့) ဥပဒေ အကာအကွယ် လိုအပ်နေ တာတွေ စသည်ဖြင့် စနစ်တကျ စာရင်းဇယား ပြုစုပြီး အသိပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ဒီအဖွဲ့အနေနဲ့ သက်ဆိုင်ရာ အစိုးရကို ခိုင်ခိုင်မာမာ ထောက်ပြ ပြောဆို ညှိနှိုင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် မလေးရောက် မြန်မာတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်၊ လိုအပ်ချက်၊ တောင်းဆိုချက် ပြည့်ပြည်စုံစုံ စုစည်းတင်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကိုလည်း မလေးရောက် မြန်မာတွေကိုယ်စား ကပုန်းနာရေး ကူညီမှု အသင်းလိုမျိုး အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်လုပ်ပေးဖို့ လိုပါတယ်။

Hmuu Zaw

    နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တွေ့ဆုံမှာကြားပြီး နိုင်ငံခြားရေးဒုဝန်ကြီး၊ အလုပ် သမား ဒုဝန်ကြီး ဦးဆောင်တဲ့ အထူးအဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ခွါမယ့် မလေးရှားအဲလိုင်းနဲ့ မလေးရှားကို သွားပါမယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ် က (၆)ဦးလည်းသွားရောက်မှာ ဖြစ်ပါတယ်။ အေဂျင်စီကိုယ်စားလှယ်(၁)ဦးကတော့ ရှေ့ပြေး သွားနှင့်ပြီး ဖြစ်ပါတယ်။
    ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရအနေနဲ့ လိုအပ် တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
    မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အ ကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။
    ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေ နဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင် ရွက် မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။
    ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ်အမှန်တွေ ကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခု လို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်၊ တင်ပြ ချက်တွေ အပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။မလေး ရှား ရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့နိုင်ငံတော် သမ္မတ ကြီး  ပြောကြားထားပြီး ဖြစ်ပါတယ်။
    အထူးကိုယ်စားလှယ်အဖွဲ့ ရဲ့ သဘောသဘာဝကိုလည်း အနည်းငယ် ရှင်းပြလိုပါတယ်။ အခုစေလွှတ်တဲ့အဖွဲ့ဟာအထူးကိစ္စရပ်တစ်ခုအတွက် နိုင်ငံတော်သမ္မတကြီးကိုယ်စား၊ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စေလွှတ်လိုက်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ စေလွှတ်လိုက်တဲ့ ကိစ္စရပ်နဲ့ပတ် သက်ပြီး နိုင်ငံတော်သမ္မတကြီးကိုယ် တိုင် မူဝါဒတိတိကျကျ သတ်မှတ်ပေး လိုက်ပြီး ပြော ကြား ခွင့်၊ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက် ချမှတ်ခွင့် စသည်အားဖြင့် လွှဲအပ်လိုက်တဲ့ အဖွဲ့မျိုး ဖြစ် ပါတယ်။
    အခုလည်း ဒီမှာရှိတဲ့ အေးဂျင့်တွေကိုယ်စား သွားရောက်ကြမှာ ဖြစ်ပါတယ်။ အချို့ ကိစ္စတွေ မှာ အစိုးရချင်း ညှိနှိုင်းရမှာ ဖြစ်သလို အချို့ကိစ္စတွေမှာတော့ အလုပ်သမားအေဂျင်စီတွေနဲ့ အလုပ်ရှင်တွေ ဟိုဘက်က အေဂျင်စီတွေနဲ့ ညှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချယ်နယ်ပေါင်းစုံကနေပြီး ကိုယ့်နိုင်ငံသားတွေ အကျိုးအတွက် ထိထိရောက်ရောက် ဆောင် ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။
    (မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့အချက်တွေကိုဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့ဆက်သွယ်ပြီး   ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ် ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)

    ပြန်လာချင်တဲ့ သူတွေနဲ့ ပတ်သက်လို့ အဲဒီက အခြေအနေမှန်ပေါ်မှာ မူတည်ပါတယ်။ ဒီလိုဆန္ဒ ရှိကြတဲ့(မြန်မာနိုင်ငံသား)တွေအနေနဲ့ ဒီအဖွဲ့ လာရောက်ချိန်မှာ လူစာရင်းပါ ပြော ကြားပေးဖို့ ဖြစ်ပါတယ်။ ဒီတော့ ကပုန်းနာရေးအသင်းလိုမျိုး ဦးစီးဦးဆောင် ပြုနိုင်တဲ့ အဖွဲ့                အစည်း တစ်ခုခုကနေ တာဝန်ယူပြီး မလေးရောက် မြန်မာ(နိုင်ငံသား)တွေကိုယ်စား စုစည်း ပြောကြားနိုင်ဖို့ လိုပါတယ်။ အချင်းချင်းလည်း ဆက်သွယ်ပြီး ပျောက်ဆုံးနေတာ အဆက်အသွယ်ပြတ်နေတာ မျိုးတွေ၊ ပြန်လာချင်တာတွေ၊ ထိခိုက်နစ်နာရတာတွေ၊ ငွေကြေး (သို့) ဥပဒေ အကာအကွယ် လိုအပ်နေ တာတွေ စသည်ဖြင့် စနစ်တကျ စာရင်းဇယား ပြုစုပြီး အသိပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ဒီအဖွဲ့အနေနဲ့ သက်ဆိုင်ရာ အစိုးရကို ခိုင်ခိုင်မာမာ ထောက်ပြ ပြောဆို ညှိနှိုင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် မလေးရောက် မြန်မာတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်၊ လိုအပ်ချက်၊ တောင်းဆိုချက် ပြည့်ပြည်စုံစုံ စုစည်းတင်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကိုလည်း မလေးရောက် မြန်မာတွေကိုယ်စား ကပုန်းနာရေး ကူညီမှု အသင်းလိုမျိုး အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်လုပ်ပေးဖို့ လိုပါတယ်။

    Hmuu Zaw

No comments:

Post a Comment