Thursday, June 13, 2013

ထိုင်းနိုင်ငံတောင် ပိုင်း တွင် အရေးပေါ် အခြေ အနေ ကြေညာ ချက် အမိန့် သက် တမ်း တိုးမြှင့် ခဲ့ခြင်း

ထိုင်းနိုင်ငံတွင် ခွဲထွက်ရေး မွတ်ဆလင် သူပုန်အဖွဲ့ များနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်းမငြိမ်မသက် ဖြစ်နေသည့်ထိုင်းနိုင်ငံ
  တောင်ပိုင်း၌ အရေးပေါ်အခြေအနေ ကြေညာ ချက် အမိန့် ထုတ်ပြန်ထားမှုအား သက်တမ်း ၃ လ တိုးမြှင့်ရန် ထိုင်းအစိုးရက ဇွန်လ ၁၀ ရက်နေ့တွင် ဆုံးဖြတ် ချက် ချမှတ် ခဲ့ကြောင်း သိရသည်။ အ ဆို ပါ သက်တမ်း တိုးမြှင့်မှုသည် ဇွန်လ ၂၀ ရက်နေ့မှ စတင် အကျိုး သက်ရောက်မည် ဖြစ်ပြီး ပတ္တနီ ၊ ယာလာ နှင့် နာရီသ၀ပ် ပြည်နယ် တို့တွင် အကြမ်း ဖက်မှုများဆက်လက် ဖြစ်ပွားနေသဖြင့်အရေးပေါ် အခြေအနေ ကြေညာချက် အားသက်တမ်း တိုးမြှင့် ရန်လိုအပ်ကြောင်းအစိုးရအဖွဲ့လက်ထောက်
 ပြောရေး ဆိုခွင့်ရှိသူ Pakdiharn Himthongkham က ပြောကြား ခဲ့သည်။
ထို့အပြင် ဆောင်ခလာ ပြည်နယ် Chana , Thepha , Sabayoi နှင့် Nathawi ခရိုင် နှင့် ပတ္တနီ ပြည်နယ်
Mae Lan ခရိုင်တို့တွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေ ( ISA ) အား နောက်ထပ်သက်တမ်းတစ်နှစ်  ထပ်မံတိုးမြှင့်ရန် အစိုးရအဖွဲ့က အတည်ပြု ခဲ့သည်။ ပတ္တနီ ပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့အစော ပိုင်း၌လမ်းဘေးဗုံး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာထိုင်းရိန်းဂျားစစ်သားတစ်ဥင်္း သေဆုံးခဲ့ပြီးအခြား တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ အစိုးရ နှင့် သူပုန်အဖွဲ့တို့ အကြား တတိယ အကြိမ်မြောက် ငြိမ်း ချမ်းရေး ဆွေးနွေးမှု များအား ဇွန်လ ၁၃ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ် ထားကြောင်း သိရှိရသည်။
The Myawady Daily

No comments:

Post a Comment