Tuesday, May 7, 2013

သမ္မတဦးသိန်းစိန် အမေရိကခရီးစဉ်တွင် Google ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်

အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရသွားရောက်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီး စဉ်တွင် အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားနှင့် တွေ့ဆုံပြီးပါက ဆန်ဖရန်စစ္စကို ပြည်နယ်ရှိ စီလီ ကွန် တောင်ကြားသို့ သွားရောက်ကာ Google ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ရှိကြောင်း အစိုးရ အဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ခရီးစဉ်အသေးစိတ် စီစဉ်ပြီးပါက နိုင်ငံတော်သမ္မတရုံးမှ တရားဝင်ထုတ် ပြန်ပေး သွား မည် ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိ သူတစ်ဦး က ပြန်လည် ဖြေကြားသည်။ ယင်း နောက် အဆို ပါပြည်နယ်သို့ရောက်ရှိနေသော မြန်မာနိုင်ငံ သားများနှင့်လည်း တွေ့ဆုံသွား ရန်ရှိကြောင်း အစိုးရ အဖွဲ့နှင့်နီးစပ်သူများကဆိုသည်။“သမ္မတအခုသွားမယ့်အမေရိကခရီးစဉ်တစ်ခုလုံးက မြန်မာနိုင်ငံရဲ့ စီးပွားရေးတင်မကဘူး။ဘက်စုံတိုးတက်ရေးအတွက်အထောက်အကူပေးနိုင်ပါတယ်။ ဘာလို့လဲဆို တော့အမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံကိုသူတို့ရဲ့မိတ်ဖက်နိုင်ငံအနေနဲ့ သတ်မှတ်လို က်တာ ပါ။ မြန်မာနိုင်ငံကအမေရိကရဲ့မိတ်ဖက်အဆင့်ရောက်သွားတာပါ”ဟု စီးပွားရေးမူဝါဒရေးရာ ပညာ ရှင်ဒေါက်တာအောင်ကိုကိုကသုံးသပ်ပြောကြားသည်။အမေရိကအခြေစိုက်ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ စိတ်ဝင်စားခြင်း ခံနေရသည့် မြန်မာနိုင်ငံ အတွက် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံတွင်ကမ္ဘာကျော်နည်းပညာကုမ္ပဏီများလာရောက်လုပ်ကိုင်ရေးအတွက်များစွာအထောက် အပံ့ကောင်း ဖြစ်မည်ထင်ကြောင်း အိုင်တီပညာရှင် တစ်ဦးက ပြောပြခဲ့သည်

From...ခေတ်လူငယ်

No comments:

Post a Comment