Saturday, June 1, 2013

အာရှ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံခွင့် ရခဲ့သည့် ဗီယက်နမ်

၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် အာရှအမျိုးသမီး ချန်ပီ ယံ ရှစ် ဘောလုံးပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းခွင့် ရခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံခွင့်ရရှိရန်သြစတြေးလျနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ ပြိုင်ဆိုင်နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သြတြေးလျက အိမ်ရှင်ပြိုင် ဆိုင်မှုကို လက်လျော့လိုက်သည့် အတွက် ဗီယက်နမ်က အိမ်ရှင် အဖြစ် ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာရှဖလားအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့စဉ်က

၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၈)သင်းနှင့် ကျင်းပမည် ဖြစ်ပြီး တိုက်ရိုက်ဝင်ခွင့်ရ (၄)သင်းနှင့် ခြေစစ်ပွဲအောင် (၄)သင်းတို့ကို အုပ်စု (၂)စုခွဲ၍ ယှဉ်ပြိုင်စေ မည် ဖြစ်သည်။ အဆိုပါ အုပ်စုများမှ ထိပ်ဆုံး(၂)သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး ထိုမှ ဖိုင်နယ်သို့ တက်ရောက် ကစားခွင့် ရမည် ဖြစ်သည်။ လက်ရှိ တွင် ခြေ စစ် ပွဲအောင် အသင်း(၃)သင်း ထွက်ပေါ်ထားပြီး အဆိုပါ အသင်းများမှာ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ် တို့ ဖြစ်ကြသည်။ ဂျော်ဒန်နိုင်ငံတွင် ကျင်းပမည့် ခြေစစ်ပွဲ အုပ်စု(က)၏ ပွဲစဉ်များမှာ ကျင်းပပြီး စီးခြင်း မရှိသေးသောကြောင့် ခြေစစ်ပွဲအောင်အသင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။ အဆို ပါ ခြေစစ်ပွဲအောင် အသင်း(၃)သင်းအပြင် သြစတြေးလျ၊ ကိုရီးယား၊ ဂျပန်နှင့် တရုတ်တို့မှာ အာရှ အမျိုးသမီး ချန်ပီယံရှစ်သို့ တိုက်ရိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ ၂၀၁၄ အာရှ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့တွင် မေလ (၁၄)ရက်မှ (၂၅)ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အဆင့်(၁)မှ (၅)အတွင်း ၀င်သည့် အသင်း(၅)သင်းကို (၂၀၁၅) အမျိုးသမီး ကမ္ဘာ့ ဖလား ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပေးမည်ဖြစ်ရာ မြန်မာအသင်း အနေဖြင့် ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့် အတွက် အာဆီယံ ဒေသတွင်း ပြိုင်ဘက် အသင်းများနှင့် သေချာပေါက် တိုက်ပွဲဝင်ရမည် ဖြစ်သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ (၅)သင်း ၀င်ရောက်ခွင့် ပေးထားခြင်း ဖြစ်ရာ အုပ်စုမှကျွတ်သည့် အသင်း(၄)သင်းမှာ သေချာပေါက် ၀င်ခွင့်ရမည် ဖြစ်သည့်အတွက် ကျန်တစ်နေ ရာကို အုပ်စု(၂)ခုမှ တတိယနေရာရ အသင်း(၂)သင်း အနေဖြင့် Play-off ထပ်မံ ကစားရ မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment