Friday, May 10, 2013

လွှတ်တော်ဆိုင်ရာ ထောက်လှမ်းရေးကော်မတီဖွဲ့စည်းရန် လိုအပ်

ပြည်ထောင်စုလွှတ်တော်၌ ရေးရာ ကော်မတီများ ဖွဲ့စည်းရာတွင် ထောက် လှမ်းရေး အဖွဲ့အစည်း များ ဆိုင်ရာ ရေး ရာ ကော်မတီ ဖွဲ့စည်းရန် လိုအပ် ကြောင်း လွှတ် တော်အမတ်အချို့က အကြံပြုပြော ကြားသည်။]]ပြည်သူတွေပေါ် မှာ နိစ္စဓူဝပြဿ နာ ရှာနေမယ်။ ထောက်လှမ်းရေးတွေ အနေ နဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံး စား လုပ်နေမယ်ဆိုရင် ဖွဲ့စည်းဖို့ လိုအပ်ပါ တယ်}}ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့်(လသာ)က ပြောသည်။ အစိုးရ၏ (လျို့ဝှက်) လုပ် ဆောင် ချက်များနှင့် အမျိုးသားထောက်လှမ်းရေး အဖွဲ့အစည်း များ အနေဖြင့် လုပ်ပိုင်ခွင့်အာ ဏာထက် ပို၍ ပြည်သူများအပေါ် မတရား လုပ်ဆောင်ပါက ၎င်းလွှတ် တော် ဆိုင်ရာ ထောက်လှမ်းရေး ကော်မတီ အနေဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်တစ်ဦး ကဆို သည်။]]ဒီကော်မတီ ကတော့ ရှိသင့်တယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့ အဂတိလိုက်စား မှုတွေ၊ အုပ်ချုပ်ရေး၊ စီးပွားရေးအစရှိသ ဖြင့်ပေါ့။ နိုင်ငံတချို့မှာလည်း ရှိတယ်။ အစိုးရအဖွဲ့ကို လွှတ်ထားရင် တစ်ယောက် ကို တစ်ယောက်ထောက်ခံ ဖုံးဖိ၊ ပေါင်စား ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ဖွဲ့ထား တာတွေရှိတယ်}}ဟု အမျိုးသားလွှတ် တော်ကိုယ်စား လှယ် ဒေါက်တာ ဗညား အောင်မိုးက ပြောသည်။
နိုင်ငံအချို့တွင် ၎င်းကော်မတီကို ဖွဲ့စည်းကျင့်သုံးနေပြီး ထိုသို့ ဖွဲ့စည်းရန်မှာ လွှတ်တော်ဥက္ကဋ္ဌ ဆုံးဖြတ်ချက်တွင် မူ တည်ကြောင်းနှင့် အင်အားကြီးပါတီတစ် ခု၏ အစိုးရဖြစ်ခြင်းကြောင့် ပွင့် လင်းမှု မရှိသေးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က မှတ် ချက် ပြုပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆင်တူသည်ဟု နိုင်ငံရေး ပညာရှင်အချို့ နှိုင်းယှဉ်လေ့ရှိ သော အမေရိကန်ပြည်ထောင်စုတွင် ထောက်လှမ်းရေးဆိုင်ရာ အမြဲတမ်းကော်မတီရှိသည်ကို တွေ့ရသည်။
အမေရိကန် လွှတ်တော်ဆိုင်ရာ ထောက်လှမ်းရေး ကော်မတီ၏ အဓိက လုပ်ငန်းမှာ အမေရိကန် ထောက်လှမ်း ရေး အဖွဲ့အစည်းများကို လေ့လာစောင့် ကြည့်ရန်ဖြစ်ပြီး အမေရိကန် တပ်မတော် ရေးရာ အပါအ၀င် ကာကွယ်ရေးဌာနနှင့် အခြားဌာနခွဲများကို ၀င်ရောက် ကြီးကြပ် သည့် အဖွဲ့ အစည်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ၎င်းရေးရာ ကော်မတီဖွဲ့စည်းပြီးပါက အမျိုးသား ထောက်လှမ်းရေးဟု ခေါ်သော အထူး သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် တပ်မတော် ထောက်လှမ်း ရေး   စသည့် ထောက် လှမ်းရေး အဖွဲ့အစည်းများ ၏ လုပ်ဆောင်ချက်များကို လေ့လာစောင့် ကြည့်နိုင်မည် ဖြစ်ကြောင်း သိရသည်။

FROM-AYE CHAN MON

No comments:

Post a Comment