Monday, May 6, 2013

လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အမေရိကန် ပြည်ထောင် စုက ထောက်ခံကြောင်း ရှင်းလင်းပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂-၅-၂၀၁၃ ရက်နေ့တွင် ကြေညာချက် ထုတ် ပြန်ခဲ့ ရာ တစ် ခုမှာ ၁၉၉၇ ခုနှစ် IEEPA Act ကို နောက်ထပ်(၁)နှစ်သက်တမ်းတိုးရန် သမ္မတ အိုဘားမားက ဆုံးဖြတ် ခဲ့ခြင်းနှင့် နောက် တစ်ခု မှာ၁၉၉၆ခုနှစ် ဗီဇာပိတ်ပင်သည့် သမ္မတအမိန့် ကို ပယ်ဖျက်လိုက်ခြင်းတို့ ဖြစ် သည်။ 
ယင်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံ ခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ (၂) ဦးက သတင်းစာ ရှင်း လင်း ပွဲ ပြုလုပ်ခဲ့ပြီး အ ကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ရှင်းလင်းပြော ကြားချက်၏ အနှစ် ချုပ်မှာ အောက်ပါ အ တိုင်း ဖြစ်သည်-

၁။ the International Emergency Economic Powers Act -IEEPA Act မှာ ကွန်ဂရက်က ပြဌာန်း ထားသော ဥပဒေဖြစ်၍ သက်တမ်းတိုးရန် အချိန်စေ့လာလျှင် သမ္မတအိုဘားမားအနေဖြင့် မလွှဲမရှောင်သာ သက် တမ်းတိုးရမည် သာ ဖြစ်သည်။ ထို့ကြောင့် IEEPA Act ကို သက်တမ်း တိုး ရန် ကွန်ဂရက်သို့ တင်ရခြင်း ဖြစ်သည်။
၂။ သို့သော် ၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုအမိန့်လို့ လူသိများသည့် သမ္မတ၏ ကြေ ညာချက် အမှတ် (၆၉၂၅) ကို နိုင်ငံခြားရေးဝန်ကြီးက ယင်းနေ့တွင်ပင် ပယ်ဖျက်လိုက်ကြောင်း ကြေညာ ခဲ့သည်။
၃။ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲလာမှုများအရ (၁) ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်နေသူ များ၊ (၂) လူ့ အ ခွင့် အရေးချိုးဖောက်နေသူများ (၃) မြောက်ကိုရီးယားနှင့်စစ်ရေးဆက်ဆံမှုတွင် ပါဝင်နေသူများကို ဆက် လက်၍ ဗီဇာပိတ်ပင်ထားမည်၊ မူလစာရင်းပါ ကျန်ပုဂ္ဂိုလ်များကို ဖယ်ရှား ပေးမည် ဟူ၍ ဖြစ်သည်။ (တစ် ဖက်ပိတ် တစ်ဖက်ဖွင့် ဆိုသော်လည်း ဖွင့်ပေးသည့် သဘောသာ ဖြစ်သည်။ ဆန်ရှင် လျှော့ပေးခြင်း သာ ဖြစ်သည်။)
------------------------------------------------------------------------------------------------------

ထို့အပြင် ယင်းသတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်နှင့် အခြားပဋိပက္ခများအပေါ် ထားရှိ သော အမေ ရိ ကန်ပြည်ထောင်စု၏ ရပ်တည်ချက်ကို အောက်ပါအတိုင်း ရှင်းလင်း ပြောကြား သွား ခဲ့ကြောင်း သိရှိရ သည်-
“ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့ အခုဆိုရင် နိုင်ငံတစ်ဝှမ်း လုံးမှာ ဘာသာရေး အခြေ ခံတဲ့ ပဋိ ပက္ခတွေ ဝမ်းနည်းဖွယ်ရာ ဖြစ်ပွားနေတယ်လို့ ကျွန်တော် ထင်ပါ တယ်။ ဒါဟာ သိပ်ကို အရေး ကြီးပါတယ်။ကျွန်တော်တို့ ပြောပြောနေတဲ့ အသွင်ကူးပြောင်းရေးရဲ့ ခက်ခဲမှုတွေမှာ ဒီကိစ္စ ဟာ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေ ပါတယ်။ ဒီပြဿနာအတော်များများဟာ ဟိုးယခင် ကတည်းက တည်ရှိနေခဲ့တာဖြစ်ပါတယ်။အရပ်သားအစိုးရသစ်ဟာစစ်အစိုးရလက်ထက်ကတိမ်မြုပ်ပျောက်ကွယ် နေခဲ့တဲ့ ပြဿနာတွေကို ရင်ဆိုင်နေ ရတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၅၀)ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အ စိုးရဟာ ပိုမိုပြင်းထန်တဲ့ အကြမ်း ဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ဒီပဋိ ပက္ခတွေကို တုံ့ပြန် ဖြေရှင်း ခဲ့ကြ တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဗဟို အစိုးရဟာ ဒီပြဿနာတွေ ကို အရင်တုန်းကနဲ့ မတူညီတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါ တယ်။” 
“ဒါဟာ မြန်မာနိုင်ငံအတွင်းက ခက်ခဲတဲ့၊ ထိခိုက်လွယ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာသည်းခံမှု၊အပြန်အလှန်လေးစားမှု၊ဘာသာရေးလွတ်လပ်ခွင့်တွေကိုပြောကြား သွား ခဲ့တဲ့ သမ္မတ ဦးသိန်း စိန်ရဲ့ ပြောကြားချက်တွေကို ကျွန်တော်တို့အနေနဲ့ အခိုင်အမာ ထောက်ခံ ကြောင်း သတင်း စ ကားေ တွ ပြောကြားထားပြီး ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေအနေနဲ့ ဒီဟာ (သမ္မတဦးသိန်းစိန်ရဲ့ ပြော ကြား ချက်)ကို ကြားသိဖို့၊ လိုက်နာ ဆောင်ရွက်ကြဖို့ အလွန်ပဲ အရေး ကြီး ပါတယ်။ ယခု သီတင်းပတ် အစော ပိုင်းမှာပဲ အစိုးရရဲ့ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော် မရှင် ဟာ အကြံပြုချက်တွေ အများကြီး ပါရှိတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အလွန်တရာ ခက်ခဲတဲ့အခြေအနေအတွက်ရေရှည်ဖြေရှင်းနိုင်ဖို့ရည်ရွယ်ထားတဲ့ဒီအကြံပြုချက်တွေကိုအကောင် အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက် တွန်း သွားမှာပါ။” 

I think with regards to the situation in Rakhine state and the communal, sectarian violence that has sadly taken place elsewhere in the country, this is quite significant, and it’s part of what we indicate when we talk about the difficult aspects of transition in the country. Many of these problems are longstanding. The new civilian-led government has inherited problems that were exacerbated by the military regime. The military regime, for half a century, would respond to conflict with more violence and repression. This central government is trying to do things differently.

It’s a difficult, sensitive process inside the country, and we are strongly encouraging messages from senior authorities such as that by President Thein Sein on March 28th in which he talked about tolerance, mutual respect, and religious freedom. These are very important for the Burmese people to hear and to implement. And earlier this week, the government’s Rakhine Investigative Commission that’s been looking at that situation released a report with many recommendations, and we’re going to encourage implementation of those recommendations and efforts there to achieve longer-term solutions to a very difficult situation.
မှူးဇော် စာမျက်နှာမှ..

No comments:

Post a Comment