Tuesday, May 7, 2013

ရှမ်းပြည်နယ်အစိုးရ၀က်ဆိုဒ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အင်တာ နက်စာမျက်နှာ ထွက်ပေါ် လာပါပြီ။လိပ်စာက www.shanstate.gov.mm ဖြစ်ပါတယ်။တည်ဆောက်ဆဲဖြစ်တဲ့ ဒီစာမျက်နှာအသစ်ရဲ့ ကဏ္ဍများ ထဲ မှာ သတင်းကဏ္ဍက အစုံလင်ဆုံး ဖြ စ်တာကို တွေ့ရမှာပါ။သတင်းသမား တွေအတွက်သတင်းရင်းမြစ်တခု အ သစ်ပေါ်လာတယ်လို့ဆိုနိုင်ပါတယ်။
တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွေကအင်တာနက်မှာခြေချသေးဟန် မတူပါ ဘူး။ မကြာခင် သူတို့ကိုလည်း အွန်လိုင်း မှာ မြင်ရတော့မယ်လို့ ယူဆရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရုံးတွေ ပေါ်ပေါက်လာတာပါ။
ထုတ်ပြန်လိုတဲ့ အချက်အလက်တွေကို အများသိအောင် အွန်လိုင်းကို အသုံးပြုတဲ့အတွက် အစိုးရ အဖွဲ့ အတွက် အဆင်ပြေတယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး သတင်းအချက်အ လက် ရ ယူ လိုသူများ လည်း ဒီဝက်ဆိုက်မှာ ၂၄ နာရီ ဝင်ရောက် ရှာဖွေလို့ရနေပါပြီ။

Credit : Here

No comments:

Post a Comment