Friday, May 10, 2013

၁၅၀၀ တန်ဖုန်းများ အင်တာနက် စတင်လျှောက်ထားနိုင်

ဧပြီ၂၄ ရက်မှ စတင်၍ ရောင်းချ ခဲ့သော ၁၅၀၀ တန်ဖုန်းများအတွက်အင်တာနက်လိုင်းလျှောက် ထားမှုကို မေပထမအပတ်မှ စတင်၍ လက် ခံ ပေးနေပြီဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ သိရ သည်။ ကျပ် ၁၅၀၀ တန် CDMA ဖုန်းများမှာနိုင်ငံခြားခေါ်ဆိုမှုအပြင်အင်တာ
နက်အသုံးပြုမှုများလည်း ရရှိနိုင်မည်ဟု သတင်း ထုတ်ပြန်ထားခဲ့ပြီးဖုန်းများစတင်ရောင်းချ
စဉ်က အင်တာ  နက် လျှောက် ထားခွင့် ရရှိသေး ခြင်း မရှိသော်လည်း မေ ၆ ရက်မှစတင်၍ ခွင့်ပြု လိုက်ခြင်း  ဖြစ် သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “မနေ့ကမှစပြီး လက်ခံနေ တာပါ။ လိုအပ်တာကတော့ အခြား ဖုန်းတွေလိုပဲ စာချုပ်၊ မှတ်ပုံတင်မိတ္တူ စတာတွေပဲ လိုပါ တယ်” ဟု မြန်မာ့ဆက်သွယ် ရေး လုပ်ငန်း ပန်းဆိုးတန်းရုံးမှ ရုံးဝန်ထမ်း တစ်ဦးက မေ ၇ ရက် က ပြောကြား သည်။ 

အင်တာနက် အသုံးပြုခအတွက် တရားဝင်ဈေးနှုန်း ကျပ်တစ်သောင်း ပေးသွင်းရမည် ဖြစ်ပြီး ပွဲစား မှတစ် ဆင့် ပြုလုပ်မည်ဆိုပါက ကျပ် ၁၅၀၀၀ ခန့် ဈေးရှိကြောင်းလည်း စုံစမ်းသိရသည်။ ကျပ် ၁၅၀၀တန်ဖုန်းများကို ဧပြီ ၂၄ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အလုံးရေ ၃၅၀၀၀၀ စတင်ချ ထားပေးခဲ့ပြီး နယ်ကျော်သယ်ဆောင် ပြောဆိုရာ၌ အခက်အခဲများ ရှိနေသည်။ အလားတူ တန်ဖိုးနည်း ဖုန်းများအား ကျေး ရွာရပ်ကွက်များသို့ လအလိုက် အလုံးရေ ခွဲတမ်းဖြင့် ပုံ မှန်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဟုလည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၃ ခုနှစ် မေလ   ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

No comments:

Post a Comment