Saturday, May 4, 2013

မြန်မာနှင့်စင်ကာပူ နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက် ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Dr.Ng Eng Hen နှင့် မြန်မာခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။          
ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E.Dr.Ng Eng Hen ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ မေ ၂ ရက်၊ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရုံးဧည့်ခန်းမတွင် တွေ့ဆုံကာ နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။      


ထို့ပြင် လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ယင်းနောက် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူ ကာကွယ်ရေး ၀န်ကြီးနှင့် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။


.. www.MyanmarExpress.net

No comments:

Post a Comment