Friday, May 3, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဧပြီလကုန် ရေဒီယို မိန့်ခွန်း (အပြည့်အစုံ)

From : ..သမ္မတရုံး
နေပြည်တော် ဧပြီ ၂ မိဘပြည်သူ များခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေ အနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲမှု များကို ပြောကြား ရ ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာ ကျွန်တော့် အနေနဲ့ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံများကို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရခြင်းဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ သာမက ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင် တွေ ဟာ ကျွန်တော်တို့ နိုင်ငံကို နားလည်လာဖို့၊ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်းပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့သွား ရောက်ခဲ့ တာပဲ ဖြစ်ပါတယ်။ အခုခရီးစဉ်မှာ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပနိုင်ငံတွေ နဲ့ မိတ်ဆွေများအဖြစ် နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း မိဘပြည်သူများကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။
နိုင်ငံတကာနဲ့ ယခုလို ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အတွက် ပိုမိုအကျိုးရှိလာစေဖို့၊ ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ တိုးတက်လာစေဖို့နဲ့ မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိနားလည်စေဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံတွင်းကို စီးဝင်လာတာနဲ့အမျှ အဆင့်မြင့်နည်းပညာတွေကို ကျွန်တော်တို့ နိုင်ငံသားတွေ ရရှိလာနိုင်ပါတယ်။ ထိပ်တန်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အလုပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းများ ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ဧပြီလအတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေးကောင်းတွေ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့ အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေး ယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှု များ ကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧပြီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပတဲ့ အာရှနှင့် ပစိဖိတ်စီးပွားရေးနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် UN ESCAP က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ပြီး ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးရာကိစ္စများ၊ မမျှော်လင့်တဲ့ သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များမှာ UN ESCAP နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက် နိုင်မယ့် အလားအလာ များနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ ဒီအစည်းအဝေးကပဲ မြန်မာ ပြည်သူများအတွက် UN ESCAP ရဲ့ ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာ ဖြစ်သလို တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမှတ်တရ ဖြစ်စေခဲ့တာ ကတော့ ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီခရီး ဟာ သာမန်ခရီးစဉ်တစ်ခု ဆိုတာထက် ဟိုင်နန်ကျွန်းဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းမှာ အချိုးအကွေ့တစ်ခုမှာ ပါဝင်ခဲ့ပြီး ရဲဘော်သုံးကျိပ် စစ်ပညာသင်ကြားခဲ့တဲ့ နေရာလည်း ဖြစ်တဲ့အတွက် အခြား ခရီးစဉ်များထက် ပိုပြီး အမှတ်တရရှိတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုရခြင်း ဖြစ်ပါ တယ်။ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေ အနေကို အားသာချက်အဖြစ် ရှုမြင်ပြီး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်း များကို ဖန်တီးသွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု အဆင့် အတန်း မြင့်မားရေး အတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ် ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖော်ဆောင်လျက်ရှိသလို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ Human Capital လို့ခေါ်တဲ့လူသားအရင်းအမြစ်များ  တည်ဆောက်နိုင်ရေးက အရေးကြီးပြီး အထူးသဖြင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ လူသားအရင်း အမြစ်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါ တယ်။ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်လျက်ရှိတဲ့အထဲမှာ ကျောင်းပညာရေး ထူးချွန်ရုံသာမက နိုင်ငံတည်ဆောက်ရေး အတွက် ဘက်စုံထူးချွန်တဲ့ လူငယ်လူရွယ်များ ပေါ်ထွက်လာရေးကိုလည်း အထူးအာရုံစိုက် အလေး ထား ပါတယ။် လက်ရှိမှာ အခြေခံပညာသင်ကျောင်း များမှာ ယခင်က ရှိခဲ့ဖူးတဲ့ ကင်းထောက် လူငယ်အဖွဲ့များကို ပြန်လည် အသက်သွင်း ဖွဲ့စည်းလျက် ရှိပါတယ်။ ဒါဟာ ညှိနှိုင်း တိုင်ပင်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ ဒီမိုကရေစီ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက အလေ့အကျင့်ရစေဖို့ ပျိုးထောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် ဖွဲ့စည်းပေးခြင်းအားဖြင့် မျိုးဆက်သစ် ရင်သွေးငယ်များဟာ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာရှိပြီး တာဝန်သိတဲ့၊ တာဝန်ယူတတ်တဲ့၊ တာဝန်ကျေတဲ့ ခေါင်းဆောင်များ၊ နိုင်ငံသားများဖြစ်လာမှာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေးကို ရှေးရှုပြီး တစ် နိုင်ငံ လုံးက အကျဉ်းထောင်များမှ အကျဉ်းသား ၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မိသား စုများနဲ့ ဆုံစည်းခွင့် ရစေဖို့ ဆောင်ရွက်ခဲ့တာကိုလည်း မိဘပြည်သူများ ဝမ်းမြောက်စေဖို့ အသိပေး ပြောကြားလိုပါတယ်။
ဒီ ၂၀၁၃ ဧပြီလဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွေ မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့သလို မြန်မာတို့ရဲ့ ကျင်း ပမြဲဖြစ်တဲ့ နှစ်သစ်ကူးသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယမှာ ကျွန်တော်တို့ နိုင်ငံသား အားလုံးဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ၊ ပြဿ နာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရိုးရာ အစဉ်အလာဖြစ်တဲ့ သင်္ကြန်ပွဲတော်ရဲ့ ယဉ်ကျေးမှု ဓလေ့ကို ချစ်ချစ်ခင်ခင်နဲ့ ပါဝင်ဆင်နွဲပြီးတော့ ယဉ်ကျေးတဲ့ မြန်မာလူ့အဖွဲ့အစည်းဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင် ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

.. www.MyanmarExpress.net

No comments:

Post a Comment