Wednesday, November 19, 2014

U.S Secret Service အကြောင်း တစေ့တစောင်း...

၁၉၈၁ ခုနှစ်က အမေရိကန် သမ္မတ ရော်နယ်ရေဂင်ကို
 သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ လိုက်ချိန်မှာ အထူးအေ့ဂျင့် တီမိုသီမက်ကာသီက ကြားဝင်ခံလိုက်ပါတယ်.. စက္ကန့်ပိုင်းအတွင်း အခြားအေ့ ဂျင့်ဖြစ်သူ ဂျယ်ရီပါးက အတူလိုက် ပါလာတဲ့ သမ္မတလီမိုဆင်း ကားထဲကို တွန်းသွင်းကာ ဘေး ကင်းရာ သို့ မောင်းထွက်ပျောက်ကွယ်သွားပါတယ်.. အဖြစ်အပျက်ဟာ လွန်စွာလျင်မြန်လှသလို
ရုပ်ရှင်ဇာတ်ကား ကြည့်ရသလို ပိရိသေသပ်လွန်းတာမို့ တွေ့မြင်လိုက်ရသူ အပေါင်းဟာ မှင်သက်မိသွားပါတယ်.. ထို့အတူပဲ သမ္မတသက်တော်စောင့် Secret Service Agent တွေရဲ့ ဂုဏ်သတင်းဟာလဲ ကျော်ကြားသွားပါတယ်..
USSS လို့အမည်ရတဲ့ အမေရိကန် လျှို့ဝှက် အမှု့ ထမ်းအဖွဲ့ကို ၁၈၆၅ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်.. စတင်ဖွဲ့စည်းစဉ်ကတော့ အမေရိကန်ငွေကြေး ခိုင်မာစေဖို့ ငွေစက္ကူအ တု ပြုလုပ်ဖြန့်ချီခြင်းများကို စုံစမ်းဖော်ထုတ် ရတဲ့တာဝန်များကို ဆောင်ရွက်ရပါတယ်.. ၁၉၀၂ ခုနှစ်မှာတော့ မူလတာဝန်များနဲ့အတူ သမ္မတလုံခြုံရေးများကို တွဲဖက်တာဝန် ယူလာရပါတယ်.. အခုအခါမှာတော့ သမ္မတမိသားစုနဲ့ အိမ်ဖြူတော် လုံခြုံရေးသာမက သမ္မတဟောင်းများရဲ့ ဘဝတစ်သက်စာ လုံခြုံရေးတို့ကိုပါ ယူလာရပါတယ်..
ဒီမှာတာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းရွေးချယ်ရာမှာတော့ တင်းကြပ်တဲ့ စည်းကမ်းစည်းမျဉ်းများ နဲ့ လေ့ကျင်မှု့ အထပ်ထပ်ကို ကျော်ဖြတ်ရပါတယ်.. ဒီထဲကမှ အတော်ဆုံး.. စိတ်အချရဆုံးဆိုတဲ့ လူတွေကို ခေါင်ခေါက်ပြီး ခန့်အပ်ပါတယ်.. ဝန်ထမ်းတွေရဲ့ ဘဝရှင်သန်နေထိုင်မှု့ ကိုလဲ မျက်ခြေ မပြတ် စောင့်ကြည့်ပါတယ်..
ဒီလိုလုံခြုံရေးဆိုင်ရာ ကျင့်ဝတ်တွေ များပြားလှပြီး စက္ကန့်မလပ်သတိနဲ့ တာဝန်ထမ်းဆောင်ရတဲ့ Secret Service Agent တွေရဲ့ ပေါ့လျော့မှု့ တွေဟာ ၂၀၁၀ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသ လို ဖြစ်ပေါ်လာပါတယ်.. ၂၀၁၁ ခုနှစ်တုန်းက အိမ်ဖြူတော် သန့်ရှင်းရေးဝန်ထမ်း တာဝန် ထမ်းဆောင်စဉ် အိမ်နံရံမှာ အပေါက်ရာများကို တွေ့ရှိခဲ့ပါတယ်.. စီစစ်လေ့လာကြည့်တဲ့အခါ မှာ သေနတ် နဲ့ ပစ်ခတ်ထားတဲ့ အပေါက်တွေ ဖြစ်နေကြောင်း သိရပြီး လေးရက်အတွင်း ပစ်ခတ်ခဲ့ရာမှာ လုံခြုံရေးတာဝန်ရှိသူများ လုံးဝမသိခဲ့တာပါ..
၂၀၁၂ ခု ဧပြီလအတွင်းက တောင်အမေရိကတိုက် ခရီးစဉ် ရှေ့ပြေးသွားခဲ့ကြတဲ့ အေ့ဂျင် ၁၁ ယောက်ဟာ ဟိုတယ်လ်မှာ မူးယစ်သောက်စားပြီး ပြည်တန်ဆာများနဲ့ ပျော်ပါးခဲ့တာကြောင့် တာဝန်မှ ထုတ်ပယ်ခဲ့ပြီး ညွှန်ကြားရေးမှူးကိုလဲ ဂျူလီယာပီယာဆန်နဲ့ အစားထိုးခဲ့ပါတယ်.. ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာပဲ အိုဘားမားဇနီးဦးစီးတဲ့ မိဘမဲ့ကလေးငယ်များ ထောက်ပံ့ကူညီရေး အခမ်း nအနားတစ်ခုမှာ ကိုးနှစ်အရွယ် ကလေးငယ် တစ်ဦးက အိုဘားမားနားရွက်ကိုဆွဲမိခဲ့ရာမှာ အနား က ကိုယ်ရံတော်တွေ ဘာမှ မကာကွယ်ပေးနိုင်ခဲ့ပါဘူး..
၂၀၁၄ စက်တင်ဘာ ၁၆ ရက်နေ့က အိုဘားမားနဲ့အတူ ဓာတ်လှေကားစီးနင်း လိုက်ပါခွင့်ရသူ တစ်ဦးမှာ လက်နက်လျှို့ဝှက်သယ်ဆောင်လာကြောင်း သိခဲ့ရသလို သူဟာပြစ်မှု့ မှတ်တမ်းရှိ သူ ဖြစ်နေလို့ လုံခြုံရေးတာဝန်ရှိသူများ မျက်ကလဲ ဆန်ပြာဖြစ်ခဲ့ရပါတယ်.. နှစ်ရက်ခြားပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ လူတစ်ဦးဟာ လုံခြုံရေးစည်း အထပ်ထပ်ကို ကျော်ဖြတ်ပြီး အိမ်ဖြူတော်ထဲအထိ ဝင်ရောက်ခဲ့လို့ ကွန်ဂရက်မှာ သမ္မတလုံခြုံရေးအတွက် အရေးပေါ်ဆွေးနွေး ရတဲ့ အဆင့်ထိရောက်ခဲ့ရတယ်..
အကျိုးဆက်အဖြစ် ဂျူလီယာပီယာဆန် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဂျိုးဆက်ကလင်စီကို ယာယီဒါရိုက် တာအဖြစ် ခန့်အပ်ကာ လုံခြုံရေးကိုလဲ မြှင့်တင်ခဲ့ပါတယ်.. အဲ့ဒီနောက်ပိုင်း အိမ်ဖြူတော်ကို ဝင်ရောက်ဖို့ ကြိုးပမ်းမှု့  နှစ်ကြိမ်ဖြစ်ခဲ့ပေမဲ့ အချိန်မှီတားဆီးနိုင်ခဲ့ပါတယ်.. USSS အဖွဲ့ကြီးရဲ့ တာဝန်ပေါ့လျော့မှု့ နဲ့ ဝန်ထမ်းများစွမ်းရည် ကျဆင်းလာနေမှု့ တို့ကို ကွန်ဂရက်မှာ မေးခွန်း ထုတ် ဝေဖန်ခဲ့ကြလို့ အဖွဲ့ရဲ့ ဂုဏ်သိက္ခာလဲ ကျဆင်းခဲ့ရပါတယ်.. ယခုအခါ ပြည်ထဲရေး ဝန်ကြီး ဌာနလက်အောက်မှာ အပြည့် အဝစီမံ အုပ်ချုပ်နေပါတယ်..
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း သမ္မတအိုဘားမား သွားရောက်မဲ့ အာရှနဲ့ သြစတြေးလျခရီး စဉ်တို့ဟာ လွန်စွာအရေးကြီးပြီး စိန်ခေါ်မှု့ တွေနဲ့ ရှိနေခဲ့တာပါ.. အမှားအယွင်းရှိခဲ့ရင်တော့ အဖွဲ့ကြီးကို လုံးဝဥဿုံဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့စည်းဖို့ စီမံထားပြီးသား ဖြစ်လို့ပါ.. မြန်မာနိုင်ငံ ခရီးစဉ် မှာတော့ အောက်တိုဘာလဆန်းကတည်းက လုံခြုံရေးအေ့ဂျင့်များ နေရာယူပြီး စိတ်ကြိုက် စီမံခဲ့ပါတယ်.. ထောင်နဲ့ချီတဲ့ အင်အားကို အသုံးပြုထားပြီး အထောက်အကူပြု အီလက်ထရော နစ်ကိရိယာ၊ ယန္တယားများနဲ့ လက်နက်ခဲယမ်း ကိရိယာများလဲ အများအပြား အသုံးပြုထားပါတယ်.. ဒါပေမဲ့ သမ္မတ နှစ်ညတာ အိပ်စက်မဲ့ နေပြည်တော်မြို့ရဲ့ လုံခြုံရေးစနစ်မှာ အဆင့်မြင့် လေကြောင်း ရန်ကာကွယ်ရေး စနစ်များစီမံထားတာမို့ ဗျူဟာမြောက် လက်နက်ကြီးများ ကိုတော့ သယ်ယူခွင့်မရခဲ့ကြပါဘူး.. ဒီခရီးစဉ်ဟာ စိမ်ခေါ်မှု့ အသစ်တွေ နဲ့ နိုင်ငံတကာကလဲ စိတ်ဝင်တစား စောင်ကြည့်ခဲ့ကြကြောင်း လက်လှမ်းမီသမျှ သတင်းများ နဲ့ ရေးသားလိုက်ပါတယ်....။

No comments:

Post a Comment