Thursday, November 20, 2014

ကျောင်းသားများကို နိုင်ငံရေးသမားများ အသုံးချ ဟု စွပ်စွဲပြောကြား

Monday, 17 Nov 2014
တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် ရက်ပေါင်း ၆၀ အချိန်ပေးထားသော ဆန္ဒပြကျောင်း သားများကို နိုင်ငံရေး သမားများ အသုံးချနေသည် ဟု

 မြန်မာ့နိုင်ငံရေးလေ့လာသူများက ပြော ကြားလိုက်သည်။
“ပထမဆုံး ပြန်ကြည့်လိုက်ရင် NNER ပေါ့ဗျာ။ NNER ဘယ်လို ပေါ်လာသလဲ ပြန်ကြည့် လိုက်ရင် NLD ပါတီရဲ့ ပညာရေးကွန်ယက်က လုပ်လိုက်တာ။ အဲဒီမှာ NLD ပါတီက ပညာရေးတာဝန်ခံ ဒေါက်တာ သိန်းလွင်က ဦးဆောင်တယ်။ NNER အနေနဲ့ လှုပ်ရှားတယ်။ ဥပဒေထွက်လာတော့ ဒီဥပဒေကို ဆန္ဒပြကြဖို့ စပြီး လှုံ့ဆော် တာ

က ဒေါက်တာသိန်းလွင်နဲ့ NNER ပါပဲ။ အခု ကျောင်းသားတွေ ဆန္ဒပြတဲ့ အဆင့်အထိ ရောက် လာတော့ ဒေါက်တာ သိန်းလွင် ရှောင်ထွက်သွားတယ်။ ဘေးကနေပဲ ၀န်းရံနေတယ်။ မူလက NNER မှာ ပေါင်းလုပ်ပြီးတော့ ကျောင်းသားညီလာခံမှာ အခါပေးလိုက်တာက ၈၈ မျိုးဆက်တွေပဲ။ ၈၈ တွေက အခုလဲ ပါတယ်။ ဆန္ဒပြတဲ့အထဲ ၀င်ပြီးတော့ ညွှန်ကြားနေတယ်။ ပြီးတော့ လူ့ဘောင် သစ် ပါတယ်။ အခု ကျောင်းသားတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာရင် NLD အတွက် နစ်နာမယ် ဆို တာ သိလာတော့ ဒေါက်တာသိန်းလွင် ရှောင်နေပြီ။ အခု ဗကပ တံဆိပ်တွေ၊ ဗကပ လုပ်နည်းတွေ ပါလာပြီ။ အခု သူပြန်ပြီး ထိန်းလို့ မရတော့ဘူး” ဟု မြန်မာ့နိုင်ငံရေးလေ့လာ သူ ဒေါက်တာ ဟန်မျိုးသိမ်းက ပြောဆိုသည်။
NLD ပါတီက မည်သည့်အကြောင်းရင်းကြောင့် ဤသို့ ဆောင်ရွက်ရသနည်း ဆိုလျှင် တိုင်းပြည် မငြိမ် မသက်ဖြစ်နေတယ်၊ အစိုးရက မထိန်းနိုင်ဘူး စသည့် အနေအထားမျိုး ဖော်ဆောင်လိုခြင်း ဟု ယူဆကြောင်း ၄င်းက ဆိုသည်။
“အခု ဦးဆောင်နေတဲ့ ကျောင်းသားတွေက အတွေ့အကြုံမရှိဘူး။ သူရဲကောင်း ဖြစ်ချင်နေကြ တယ်။ လူထုလှုပ်ရှားမှု ဆရာကြီးလို့ သူ့ကိုယ်သူထင်နေတဲ့ မိုးသီးဇွန်က အဝေးကနြေ ပီး မြှောက်ပင့်ပေးနေတယ်။ အခြေခံကျောင်းတွေ ပါလာအောင်၊ တစ်နိုင်ငံလုံး ပြန့်နှံ့အောင် လုပ်ဖို့ ညွှန်ကြားနေတယ်။ အခု ကျောင်းသားတွေကို ဘယ်လိုတောင်းဆို၊ ဘယ်လိုလုပ် ဆို တာတွေကို ၈၈ တွေနဲ့ မိုးသီးဇွန်၊ လူ့ဘောင်သစ်အုပ်စုတွေက ၀ိုင်းပြီး ညွှန်ကြားနေတယ်။ ဒီကျောင်းသားတွေက ဥပဒေ ကိုတောင် သေသေချာချာ သိကြမှာ မဟုတ်ဘူး။ မိန်းထဲကို ၀င်နိုင်တဲ့သူ သူရဲကောင်းဆိုပြီး ၈၈ တွေက မြှောက်ပေးတယ်။ အခု နေမျိုးဇင်တို့လို ဘာပဲရရ ဆန္ဒပြ ဆိုတဲ့ ဆန္ဒပြသမားတွေ ပါလာပြီ။ ပြီးရင် အကြမ်းဖက်ချင်တဲ့သူတွေ ပါလာမယ်။ ၈၈ တုန်းကလို ဖြစ်လာပြီး ထိန်းမနိုင်သိမ်းမရနဲ့ ဖျက်ဆီးတာတွေ လုပ်လာရင် အစိုးရက ငြိမ်နေလို့ မရတော့ဘူး။ အင်အားသုံးမယ်။ ပစ်တာ ခတ်တာတွေ ဖြစ်လာမယ်။ ဘယ်သူ အကျိုး ရှိမလဲ ဆို ရင် နောက်ကွယ်က ခိုင်းစေနေတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီကြီးတွေ အကျိုးရှိမယ်။ လက်ရှိအစိုးရ နာမည်ပျက်ရင် ၂၀၁၅ အတွက် သေချာမယ်လေ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦးက သုံးသပ်သည်။
“ကလေးတွေက ဘာမှ သိတာမဟုတ်ဘူး။ ၈၈ ကို မမှီလိုက်တဲ့ကလေးတွေ အများကြီး ပါတယ်။ အစိုးရ ကတော့ law and order ပျက်လာရင်တော့ ရပ်ကြည့်နေလို့ မရတော့ဘူး။ ဒေါက်တာ သိန်းလွင်ကို ပြောချင်တာက ဥပဒေတွေ ပြဌာန်းတဲ့အခါ လွှတ်တော်အမတ်တွေတောင် ကိုယ်ထည့် ချင်တာ မပါလို့ ဆိုပြီး ဆန္ဒပြလို့ မရဘူး။ ဒါက ဒီမိုကရေစီ လေ။ သူပြင်ချင်တာတွေ၊ သူထည့်ချင် တာတွေ ထည့်လို့ရအောင် လွှတ်တော်အမတ်တွေကို စည်းရုံးရမယ်။ NLD က လွှတ်တော်ထဲမှာ ရှိနေတာပဲ။ ပညာရေးဆိုင်ရာကိစ္စတွေမှာ တာဝန်ယူလုပ်နေတာပဲ။ ဒီတော့ NLD ပါတီက ခွပြီး ကစားနေတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်တယ်ဗျ။ လွှတ်တော်ထဲမှာ စည်းနဲ့ ဘောင်နဲ့ နေရတဲ့အချိန်မှာ ဒေါက်တာ သိန်းလွင်ကို NNER ကနေ လမ်းပေါ်ထွက် ကစား ခိုင်းလိုက်တာပဲ။ နှိမ်နင်းတာတွေ၊ ထိခိုက်တာတွေ ဖြစ်လာရင် သူတို့ ပြောတဲ့ဟာကို မလိုက်လျော လို့၊ မလုပ်လို့ ဆိုပြီး အပြစ်ပြောမယ်။ ပြည်သူတွေက ကျောင်းသားတွေကို အကြောင်းပြုပြီး အစိုးရ ကို မုန်းမယ်။ ကြံ့ဖွံ့ပါတီကို မုန်းမယ်။ ၂၀၁၅ ကို အပြတ် အသတ် အနိုင်ရမယ်။ ဒါပေမယ့် နိုင်ငံရေး မသိ နားမလည်တဲ့ ကလေးတွေကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ် တာတော့ ကြောက်ဖို့ကောင်းတယ်” ဟု ၄င်းက ပြောသည်။
“NLD ပါတီက အာရုံလွှဲနေတာဗျ။ အခု NLD ပါတီက ထင်လင်းဦးကို သံဃာတွေက ဆန့်ကျင် လာတော့ ကျောင်းသားသပိတ်နဲ့ အာရုံလွှဲနိုင်အောင် အရှိန်မြှင့်နေတာ။ အခု လူတွေက ထင်လင်းဦး ထက် ကျောင်းသားသပိတ်ကို ပိုပြီး စိတ်ဝင်စားလာပြီ။ ဒီလို ဖြစ်အောင် အကွက်ချပြီး လုပ်နေတာ။ ဟိုကျောင်းသားတွေက ဘုမသိ၊ ဘမသိနဲ့ ခင်ဗျားတို့ ကြည့်နေ။ ဒီထက်ပိုပြီး ကျောင်း သားလှုပ်ရှားမှု ကောင်းလာရင် ၅၉(စ)တို့ ၄၃၆ တို့ ပါလာလိမ့်မယ်။ ကျောင်းသားကို ကစားတာ က ဗကပတွေ ကျွမ်းတယ်။ NLD ဆိုတာ ဗကပတွေက မွေးထုတ်ထားတာပဲ။ အခုဆန္ဒပြ တဲ့ ကျောင်းသားတွေ က တူ၊ တံဇဉ် တံဆိပ်တွေ သုံးလာပြီး။ တူတံဇဉ်ဆိုတာ ဗကပ အမှတ် တံဆိပ် ပဲဗျ။ ၈၈ ပုံစံ ခင်းနေပြီ။ ၈၈ ပုံစံ ၀င်အောင် NLD က ဗကပတွေ ကျုံးသွင်းနေပြီ။ ဒီလမ်းကြောင်းအတိုင်း သွားလိမ့်မယ်။ ကျောင်းသားတွေ သေမယ်၊ ဒဏ်ရာရကြမယ်။ တိုင်းပြည် မတည်မငြိမ်ဖြစ်မယ်။ လူထုအုံကြွမှုတွေ ဖြစ်လာအောင် လှုံ့ဆော်မယ်။ လယ်ယာကိစ္စတွေမှာ NLD ပါတီ မြှောက်ပေးနေတာ အများကြီး ရှိတယ်။ အဆုံးသတ်ကတော့ စဉ်းစားစရာ မလိုပါဘူး။ ကျွန်တော်တို့ နောက်ပြန်လှည့်ကြတာပေါ့ဗျာ” ဟု နိုင်ငံရေး သမားဟောင်းကြီးတစ်ဦးက ဆိုသည်။
“အခုအချိန်မှာ ဒေါက်တာသိန်းလွင်နဲ့ NLD ပညာရေးကွန်ရက် ထွက်ပြီး ထိန်းဖို့ လိုပြီ ဆိုတာ ကို ပြောချင်တယ်။ ၈၈ ထဲက အတွေးအခေါ် ရှိတဲ့ သူတွေ၊ ရေရှည်ကို မြင်နိုင်တွေးနိုင်တဲ့သူတွေ ထွက်ပြီး ထိန်းဖို့ လိုလိမ့်မယ်။ ဖြစ်လာမယ့် အကျိုးဆက်တွေ မကောင်းရင် NLD နဲ့ ၈၈ ၊ လူ့ဘောင်သစ်အဖွဲ့တွေမှာပဲ တာဝန်ရှိလိမ့်မယ်။ ဒီအဖွဲ့တွေ တာဝန်ယူရမယ်။ ကျွန်တော်တို့ သိထားတာ အများကြီး ရှိသေးတယ်။ နိုင်ငံရေးကို ကလိန်ကကျစ် လုပ်တာ မသင့်တော်ဘူး။ ဒေါ်စု အမြဲတမ်း ပြောနေတာပဲ။ ဒါပေမယ့် NLD ပါတီ လုပ်နေတာက သူ့စကားနဲ့ ဆန့်ကျင်ဘက်တွေ ချည်းပဲ။ ဒီတော့ ဒေါ်စုကိုယ်တိုင်လည်း ဒါတွေကို ပြန်ပြီး ကြည့်ရတော့မယ်။ ဒီလို ကျောင်းသား ကိစ္စ၊ လယ်ယာကိစ္စ၊ အလုပ်သမားကိစ္စတွေမှာ နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတဲ့ NLD ပါတီဝင်တွေကို ဘယ်သူ ညွှန်ကြားနေသလဲ။ ဘယ်သူ့ ညွှန်ကြားချက်နဲ့ လုပ်နေကြတာလဲ။ ဒေါ်စု မညွှန်ကြားဘူး ဆိုရင် NLD ပါတီမှာ ဘယ်သူ ရှိနေသေးသလဲ။ တဖြည်းဖြည်းနဲ့တော့ အဖြေပေါ်လာ မှာပါ။ ၈၈ လို အရေးအခင်း တစ်ကယ် ဖြစ်စေ ချင်နေ တာလား ဆိုတာကတော့ NLD ခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့် အပိုင်းပဲ ဖြစ်တယ်။ ကျွန်တော် တို့ ကတော့ ၂၀၁၅ ကို အေးအေးဆေးဆေးပဲ ကျော်ဖြတ် သွားချင်တယ်” ဟု ဒေါက်တာ ဟန်မျိုးသိမ်းက ပြောသည်။

NLD ပါတီက ဦးဆောင်၍ ဖွဲ့စည်းထားသော NNER တွင် NLD ပါတီ၊ ပညာရေးကွန်ရက် မှ ဒေါက်တာ သိန်းလွင်နှင့် ဦးကျော်စိုး၊ ၈၈ မျိုးဆက်အဖွဲ့မှ ကိုစိုးထွန်းနှင့် ကိုရဲဝင်း၊ လူ့ဘောင်သစ်ပါတီမှ ကိုဇေယျ နှင့် မနှင်းနှင်းမွှေး၊ Generation Wave မှ မဘုတ်ဘုတ်နှင့် ကိုမိုးသွေး၊ ဗကသမှ ဘုန်းပြည့်ကြွယ်နှင့် ဖြိုးတင်ဦး၊ တကသမှ ဒီငြိမ်းလင်းနှင့် ခိုင်ဝတ်ရည်ထက် စသည်တို့ ပါဝင်ကြောင်း သိရှိရသည်။

PP™

No comments:

Post a Comment