Wednesday, November 19, 2014

ကိုယ်စားလှယ်များ ပါတီပြောင်းပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး လွှတ်တော်သို့ တင်သွင်း


နိုင်ငံရေးပါတီ တစ်ခုမှ အခြားပါတီတစ်ခုသို့ ကူး ပြောင်းသွားသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်ရုပ်သိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အသစ်ဖြည့် စွက်ပြဋ္ဌာန်းပေးရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြည်ထောင်စု လွှတ် တော်သို့ တင်ပြဆွေးနွေးလိုက် သည်။လွှတ်တော်ကိုယ်စားလှယ် များ နိုင်ငံရေးပါတီကူးပြောင်းမှု သည် ပုဂ္ဂိုလ်ရေး ဖောက်ပြန်မှု လက္ခ ဏာ တစ်ခုထက်ပိုပြီး အာ ဏာရပါတီအနေဖြင့် အစိုးရမဖွဲ့ နိုင်ခြင်း၊ လွှတ်တော်ကို ချုပ်ကိုင် မှုများ
ရှိလာနိုင်ခြင်းတို့ ဖြစ်လာ နိုင်သဖြင့် ယင်းပုဒ်မကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အသစ်ဖြည့် စွက်ပြ ဋ္ဌာန်းပေးရန် တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ကိုကိုက နိုဝင်ဘာ ၁၇ ရက် က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင် ရေးနှင့် ပတ်သက်၍ ဆွေးနွေး ရာ ၌ တင်ပြ ခဲ့ခြင်းဖြစ်သည်။
‘‘ပါတီ ကူးပြောင်းမှုသည် ပုဂ္ဂိုလ်ရေး ဖောက်ပြန်မှု လက္ခ ဏာတစ်ခုထက်ပိုပြီး နိုင်ငံရေး မ တည် ငြိမ်မှုဖြစ်စေ ရန် အရင်းအ မြစ်တစ်ခုလည်း ဖြစ်တယ်လို့ သုံး သပ်ရမှာ ဖြစ်ပါတယ်’’ ဟု တပ်မ တော်သား ကိုယ်စား လှယ် ဗိုလ် မှူးကြီး မြင့်ကိုကိုက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် များသည် ရွေးကောက်ပွဲတွင် မဲ ဆွယ်စည်းရုံးစဉ်အခါက မူလပါ တီ၏ အမှတ် လက္ခဏာ၊ မူဝါဒနှင့် ရည်မှန်းချက်များကို ချပြစည်းရုံး မှုများရှိပြီး ပြည်သူများကလည်း အများအားဖြင့် ကိုယ်စား လှယ် ထက် ပါတီ၏ မူဝါဒနှင့် ရည်မှန်း ချက်ကို နှစ်သက်ခြင်းကြောင့် မဲပေးရွေးချယ်ခြင်း ဖြစ်သည် ဟု လည်း ၎င်းက လွှတ်တော်သို့ တင် ပြသည်။
လွှတ်တော်ကိုယ်စားလှယ် များ ပါတီကူးပြောင်းမှုမဖြစ်စေ ရန် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံ တစ်ခုဖြစ် သည့် အိန္ဒိယနိုင်ငံ တွင် ဥပဒေပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရသည်ဟု ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီ အင်အားစုပါတီ (NDF) မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး အမျိုး သားဒီမိုကရေစီပါတီသစ်သို့ ကူး ပြောင်းသွားသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က ပြောသည်။
‘‘ကိုယ်တို့လည်း ပါတီ ပြောင်းခဲ့တာပဲ။ အိန္ဒိယမှာဆို ပါ တီမပြောင်းနိုင်အောင် ဥပဒေရှိ တယ်။ ဒီမှာလည်း ရှိမယ်ဆို ကိုယ်တို့ ကြိုက်ပါတယ်။ ဒါကို လည်း သဘောတူပါတယ်’’ ဟု နို ၀င်ဘာ ၁၇ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး ခေတ္တရပ်နားချိန်တွင် မီဒီ ယာများအား ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးသည် နိုင်ငံတော် ၏ ကျေးဇူး သစ္စာတော်ကို ဖောက် ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပ ဒေအပေါ် ပြဋ္ဌာန်းချက်တစ်ရပ်ရပ် ကို ဖောက် ဖျက်ကျူး လွန်ခြင်း၊ အ ကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် သတ် မှတ်ထားသည့် လွှတ်တော်ကိုယ် စားလှယ်၏ အရည်အချင်း ပျက် ယွင်းခြင်း၊ ဥပဒေအရ ပေးအပ် သော တာဝန်များ ကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ရှိပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန် လည်ရုပ်သိမ်း ခွင့်ရှိ သည်။
ထိုသို့ ရုပ်သိမ်းရာတွင် ပုဒ်မ ၃၉၆(ခ) ၌ သက်ဆိုင်ရာ မဲဆန္ဒ နယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်ပြန်လည်ရုပ်သိမ်းလို သော လွှတ်တော်ကိုယ်စားလှယ် နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။



7Day Daily

No comments:

Post a Comment