Saturday, November 15, 2014

တပ်မတော်ယူနီဖောင်းဝတ်ဆင်အသုံးပြုသူ အမျိုးသားအား အရေးယူ Nov 12, 2014

နိုဝင်ဘာ ၁၂ ရက်၊ ၂၀၁၄
၁၁.၁၁.၂၀၁၄ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင်

 မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မိဂဒါဝုန်ကျောင်း တိုက်သို့ ဒုတိယဗိုလ်မှူးကြီးအဆင့်တံဆိပ်ပါ တပ်မတော် ယူနီဖောင်းကိုဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးရောက် ရှိလာပြီး ၎င်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး စိုးမိုးအောင်ဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်အား
လာရောက်ဖူးမျှော်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၎င်း ဒုတိယဗိုလ်မှူးကြီး စိုးမိုးအောင်ဆိုသူအား ကျောင်းအကျိုးတော်ဆောင်၊ ရပ်ကွက်အုပ်ချုပ်ရေး

မှူး၊ ရာအိမ်မှူးနှင့်ရဲကင်းမှရဲတပ်ဖွဲ့ဝင်တို့က မသင်္ကာဖွယ်တွေ့ရှိရ၍ ရဲစခန်းသို့ပို့အပ်ခဲ့ပြီး စစ်ဆေး ခဲ့ရာ ၎င်းသည်မြောက်ဥက္ကလာပမြို့နယ်နေ အငှားယာဉ်မောင်းလုပ်ကိုင်သူ စိုးမိုးအောင် (၂၃)နှစ်ဖြစ်ပြီး လူအများအထင်ကြီးစေရန်အတွက် ယင်းကဲ့သို့ ယူနီဖောင်းအားဝတ်ဆင် အသုံးပြု ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ စစ်ဝတ်တန်ဆာများကို ဝတ်ဆင်အသုံးပြုသူ စိုးမိုးအောင်အားမြောက် ဥက္က လာပမြို့မ ရဲစခန်း(ပ)၇၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၁၄၀ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment