Wednesday, November 19, 2014

ရင်မှာ မချိတဲ့ ပုံရိပ် တစ်ခု

Kyar Thi U
နမ့်ဆန်-လားရှိုးကားပေါ် ကလင်လင်နဲ့

ဖုံးဝင်လာတယ်
ကားဆရာဘယ်ရောက်နေလဲ..အရေးကြီး

ကိစ္စရှိလို့စောင့်ပါအုံးတဲ့
ကားရပ်ပြီးသွားမှမေးကြည့်တယ်....

ခရီးသည်တွေထဲက ခလေးမရဲ့အမေ
ဖုံးဆက်တာတဲ့....သူမသိဘဲ သမီးတွေ

အိမ်ကထွက်သွားလို့စောင်ပါအုံးတဲ့ဗျာ
မေးကြည့်တော့ ညီအစ်မနှစ်ယောက် 


တရုတ်ပြည်သွားမလို့ဆိုပါလား
အမေကိုမပြောဘူးလားမေးတော့ ပြောတယ်မလွတ်ဘူးခိုးထွက်လာတာ.... ဘာလို့အဲလိုလုပ်လဲမေးတော့
သူငယ်ချင်းတွေ အလုပ်အဆင်ပြေတော့လှမ်းခေါ်လို့အလုပ်သွားလုပ်မလို့တဲ့
ကျန်ခရီးသည်ကိုတောင်းပန်ပြီးမှ တော်တော်လေးကိုစောင့်လိုက်ပါတယ်.
အမေ မိုးအလင်းမှာသမီးတွေမတွေ့တော့ စုံစမ်း ..မြို့တက်တာသိတော့
ဆိုင်ကယ်အငှားနဲ့မြို့တက် ကားဂိတ်မှာစုံစမ်းသမီးပါမပါ
ဂိတ်ကကားဆရာကိုဖုံးဆက် လမ်းတစ်ဝက်မန်ကန်မှာရပ်စောင့်
အမေတစ်ယောက်ဆိုင်ကယ်နဲ့ပေါက်ချလာပါတယ်
အမေနဲ့ သမီးညီအစ်မနှစ်ယောက် သုံးယောက်သား မျက်ရည်တွေနဲ့
အမေကသမီးမိန်းခလေးမို့ စိတ်မချ အိမ်ပြန်လိုက်ဖို့ခေါ်
သမီးနှစ်ယောက်က လက်မခံ ခရီးဆက်ဖို့ ဘဲခေါင်းမာမာနဲ့ပြော
အားလုံးမျက်ရည်တွေနဲ့.စိတ်မကောင်းပါ
သင့်သာဆိုရင်---------------
ကြားလူတစ်ယောက်အနေနဲ့ဘာလုပ်သင့်သလဲ???
အဖြေဘယ်လိုထွက်ခဲ့လဲ????
ဒီလိုအဖြစ်ကိုဘယ်လိုရှင်းရမှာလဲ ???

No comments:

Post a Comment