Wednesday, November 19, 2014

ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော

ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် 
လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာ
မန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်
လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်
တစ်ခု ဖြစ်ကြောင်း အမေရိ ကန် သမ္မတ 
ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။
ဆီးရီးယား စစ်သားများကို ကွပ်မျက်ရန် ပြင်ဆင်နေသည့် ဂျီဟတ်ဒီဂျွန်နှင့်

IS တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Daily Mail
ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။
အသက် ၂၆ နှစ်အရွယ် ကက်ဆင်း မှာ ဒုက္ခသည် အဖွဲ့တစ်ဖွဲ့ အတွက် အလုပ်လုပ်နေစဉ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရ သူဖြစ် သည်။ သူသည် IS အဖွဲ့၏ ကွပ်မျက် သတ်ဖြတ်မှုကို ခံခဲ့ရသော ပဉ္စမမြောက် အနောက်နိုင်ငံသား ဓားစာခံတစ်ဦး ဖြစ်သည်။ IS အဖွဲ့သည် ဆီးရီးယား နှင့် အီရတ် တို့တွင် နယ်မြေအချို့ကို သိမ်းပိုက်ထားနိုင်လျက် ရှိသည်။
ကက်ဆင်သည် လူသားချင်း စာနာစိတ်ရှိသူ တစ်ဦးဖြစ်ကြောင်း သမ္မတအိုဘားမားက ချီးကျူး လိုက်ကာ “လူမဆန်တဲ့ အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့က လုံးဝဆိုးယုတ်လှတဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ဆီကနေ သူကို ယူဆောင်သွား လိုက်တာပါ” ဟုလည်း ပြောခဲ့သည်။
“ဒီနေ့ ကျွန်တော်တို့ အတူတကွ ဝမ်းနည်းကြေကွဲ ကြရပါတယ်။ ဒါပေမဲ့ အက်ဘ်ဒူလ်ရာမန် ကက်ဆင် ဆီမှာရှိတဲ့ ထူးခြားပေါ်လွင်နေတဲ့ ကောင်းမြတ်မှု၊ ဇွဲလုံ့လရှိမှုတွေနဲ့ ပြည့်ဝနေတဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကိုလည်း ကျွန်တော်တို့ အမှတ်ရ မိပါတယ်” ဟု သမ္မတ အိုဘားမားက ဆိုခဲ့သည်။ အိုဘားမားသည် သြစတြေးလျ နိုင်ငံတွင် ကျင်းပလျက်ရှိသော ဂျီ၂၀ ထိပ်သီးဆွေးနွေးပွဲ မှ အမေရိကန်နိုင်ငံသို့ ပြန်နေစဉ်တွင် ယခုကဲ့သို့ မှတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
ကက်ဆင်၏ မိဘများ ဖြစ်ကြသည့် အင်ဒီယားနားမှ အက်ဒ် နှင့် ပေါ်လာ တို့ကလည်း သားဖြစ်သူ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေး ရကြောင်း ပြောဆိုခဲ့သည်။ “သူ့ရဲ့ လူသားချင်း စာနာတတ်တဲ့ အသိစိတ်ဓာတ်နဲ့ အညီ နေထိုင်သွားခဲ့တဲ့ သားဖြစ်သူအတွက် ကျွန်တော်၊ ကျွန်မတို့ အထူး ဂုဏ်ယူမိပါတယ်” ဟု ၄င်းတို့က ဆိုထားသည်။ “သူ့ရဲ့ အမွေအနှစ်တွေ ဆက်ပြီးရှင်သန်နေစေဖို့အတွက် နေ့တိုင်းနေ့တိုင်း ကျွန်တော်ကျွန်မတို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” ဟုလည်း ဆိုကြသည်။
IS အဖွဲ့၏ ကွပ်မျက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အခြား အနောက်နိုင်ငံသား ဓားစာခံများမှာ ဘရစ်တန်စ်အလန်ဟန်းနင်း၊ ဒေးဗစ် ဟိန်းစ် နှင့် အမေရိကန် သတင်းထောက်များ ဖြစ်ကြသည့် ဂျိမ်းစ်ဖိုလေးနှင့် စတီဗင်ဆော့လော့ဖ် တို့ ဖြစ်ကြသည်။
Ref: BBC

No comments:

Post a Comment