Thursday, November 20, 2014

၂၀၁၅ မေလတွင် အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများ ပြုလုပ်မည်

ဓာတ်ပုံ - EPA
လာမည့် ၂၀၁၅ မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းမှ ရရှိလာသော အချက်အလက်များကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ရရှိလာသည့် အဖြေပေါ်တွင်မူတည်၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း
 ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။
ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ ကျင်းပသွားမည် ဖြစ်သည်ဟု ၎င်း က ပြောသည်။‘‘Refrendum ပြီးပြီးချင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုတွေကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာ တဲ့ အဖြေပေါ် မူတည်ပြီးမှ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက ဆိုသည်။
7 Days

No comments:

Post a Comment