Saturday, November 15, 2014

ရိုဟင်ဂျာလို့ ဘန်ကီမွန်း ခေါ်ဝေါ်မှု ပြည်ထောင်စုလွှတ်တော် ကန့်ကွက်

နေပြည်တော်၊ နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်ခေါ် မယ် ဆိုတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။
ဘန်ကီမွန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပြီး ကန့်ကွက်သူ မရှိ အတည်ပြုလိုက် တာ ဖြစ် ပါတယ်။
ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ ဆက်ခေါ်မယ်လို့ ဘန်ကီမွန်း ရဲ့ ပြော ဆိုချက်ဟာ မြန်မာ ပြည်သူ၊
 ပြည်သားတွေ နဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေ ပါ ဖြစ်ပေါ်လာစေနိုင်စေလို့ ကန့်ကွက်တယ်ဆိုပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ထားပါတယ်။
the voice

No comments:

Post a Comment