Monday, September 28, 2015

စည်ပင်ကြီးရွာက ဇာတ်လမ်းလေးတစ်ပုဒ်

စည်ပင်ကြီးရွာဆိုတာ နေပြည်တော်၊
 ဇေယျာသီရိမြို့နယ်အောက်ရှိ
 ကျေးရွာလေးတစ်ရွာပါ။လူဦးရေလည်း 
အတန်အသင့်ရှိသလို၊ မြို့နဲ့လည်းသိပ် 
 မဝေးလှတာကြောင့် မျက်စိပွင့်နားပွင့်ရွာ
လို့ဆိုနိုင်ပါ တယ်။ဒီတော့ ခေတ်ပေါ် 
ပစ္စည်းဖြစ်တဲ့ ဖုန်းတွေလည်းပေါ ပေါများများရှိကြသလို ၊
အင်တာနက်နဲ့လည်း သိပ်ပြီးတော့ မစိမ်းလှပါဘူး။ကျေးရွာဆိုပေမယ့် ဝေးလံခေါင်ပါး လှသည့်ကျေးလက်မျိုးမဟုတ်ပဲကားနီး၊ရထားနီးတဲ့ ကျေးရွာမျိုးပေါ့။ဒီလိုကျေးရွာမျိုးဆိုတော့လည်း   ကျေးရွာ သူကျေးရွာသားတွေဟာ လည်လည်ဝယ်ဝယ်ရှိကြသလို၊ ခေတ်နဲ့လည်း အရမ်းကြီးနောက် ကျမနေပါဘူး။ခေတ်နဲ့အရမ်းကြီးနောက်ကျမနေဘူး ဆိုတာထက် နိုင်ငံရေး အမြင်တွေ ပိတ်နေတာမျိုးမဟုတ်ပဲ၊ အတော်အသင့်တော့ တီးမိခေါက်မိရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကျေးရွာအကြောင်းကိုအကြမ်းဖျဉ်းဆ၀ါးမိအောင်ပြောရတာပါ။တကယ်တမ်းပြောပြချင်တာကစည်ပင်ကြီးရွာ
က ကိုစည်သူ(အမည်လွှဲ)တို့ အမျိုးတွေအကြောင်း။ဖြစ်ပုံအကျဉ်းလေးက ဒီလို။အများသိ ကြတဲ့ အတိုင်းပဲယခုကာလဟာ ရွေးကောက်ပွဲမဲဆွယ်ကာလဆိုတာတော့ ကျေးရွာသူကျေးရွာသား တွေ လည်း ဟိုပါတီမဲဆွယ်ပဲတက်ရ ၊သည်ပါတီလူမဲဆွယ်ပွဲတက် ရပေါ့။ကိုစည်သူတို့အမျိုးထဲမှာ ကျန်တဲ့သူတွေက နိုင်ငံရေးကို သိပ်စိတ်မ၀င်စားပေမယ့်ကိုစည်သူ၊သူ့ရဲ့ဦး လေး၊ အဒေါ်တို့က အင်တာနက်ကလေးသုံးလို့ အင်တာနက်ကတစ်ဆင့်ကြားသိရတာတွေရော၊ တဆင့် စကား တဆင့်နားနဲ့ကြားတာတွေပါ ပေါင်းဆုံတော့ အချုပ်ပြောရရင် နိုင်ငံရေးဗဟုသုတလေး ရှိတယ်ပေါ့ ဗျာ။နိုင်ငံရေးဗဟုသုတ ရှိသည်လို့ဆိုပေငြားလည်း ခက်တာက ပါတီမတူကြသလို၊အမြင်မတူကြ တာပါပဲ။ကိုစည်သူနဲ့ သူ့ဦးလေးလုပ်သူက USDP ပါတီကို ထောက်ခံတယ်။ အဒေါ်လုပ်တဲ့သူက NLD ကို ထောက်ခံတယ်။အဲ့တော့ အမျိုးအရင်းတွေ ပါတီကွဲနေတယ်ပေါ့။ယခင်ကတော့ သူယုံကြည်ရာ၊ကိုယ်ယုံ ကြည်ရာ က ပြဿနာမရှိသော်ငြားလည်းယခု ရွေးကောက်ပွဲကာလမှာတော့ ယခင်သို့မဟုတ်တော့ပေဘူး။


တစ်နေ့မှာ စည်ပင်ကြီးရွာကို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း က လာပြီးမဲဆွယ် စည်းရုံးတယ်။မဲဆွယ်စည်းရုံးတဲ့ နေရာကို USDP ထောက်ခံတဲ့ ကိုစည်သူတို့ တူဝရီးနှစ်ယောက်လည်း
တက်ပါရော။သူတို့ ဘာတွေကတိပေး သလဲ၊ဘယ်လိုစည်းရုံးသလဲ ၊ စည်ပင်ကြီးအတွက် ဘာတွေလုပ်ပေး နိုင်မလဲဆိုတာတွေ နားထောင်ဖို့အတွက်ပေါ့။ပြီးတော့ သူတို့သိချင်တာတွေလဲ မေးခွန်း
ထုတ်မယ်ပေါ့။အဲ့ဒီ လိုစိတ်နဲ့ တက်ရောက်ပြီးတော့ NLD ကိုယ်စားလှယ်လောင်းလည်း မဲဆွယ်စည်းရုံးပြီးတဲ့အခါမှာ မဲဆန္ဒရှင် တွေထဲက မေးချင်တာတွေရှိရင်မေးကြပါလို့ ဖိတ်ခေါ်ပါတယ်။သည်လို ဖိတ်ခေါ်ရင်ပဲ ကိုစည်သူက သူသိချင်တာမေးဖို့ အတွက် မတ်တပ်ရပ်လို့ မိုက်တောင်းလိုက်ပါတယ်။မိုက်တောင်း လိုက်ပြီးတော့ မေးခွန်းတစ်ခုမေးလိုက်ပါတယ်။

“တကယ်လို့များ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်လို့ အစိုးရဖွဲ့ခွင့်ရခဲ့ရင် ဘယ်သူကို သမ္မတ တင်မြောက်မှာပါလဲ ” လို့ မေးပါတယ်။

အဲ့သည်မှာတင် NLD ကိုယ်စားလှယ်လောင်းက အီး..အဲ..ဒါက သည်လိုရှိပါတယ်..ဒါကိုတော့ ကိုယ်စားလှယ် လောင်းအနေနဲ့ ပါတီမူဝါဒမို့ ပြောပြလို့မရပါဘူး ဆိုတာတွေဖြစ်ကုန်ပါရော။စာဖတ် သူတို့လည်း အင်တာနက်မှာ NLD အမတ်လောင်းတွေ မဖြေနိုင်ဖြစ်သွားရတဲ့Video Clip ကို ကြည့်လိုက် ကြရမယ်ထင်တယ်။အဲ့ဒီ Video Clip ဟာ စည်ပင်ကြီးရွာက ဇာတ်လမ်းပါပဲ။NLD ကိုယ်စားလှယ် လောင်းတွေမဖြေနိုင်ပါဘူး။သို့သော် ကိုယ်စားလှယ်လောင်းကလည်း ရအောင်ရှောင်ကြည့်ပါသေးတယ်။ သို့သော် ကိုစည်သူက ထပ်ပြောပါတယ်။သူ့အနေနဲ့ပြောရရင် တကယ်လို့များ USDP နိုင်ခဲ့ရင် သမ္မတက ဦးသိန်းစိန် ကို တင်မြောက်မယ်လို့ ခန့်မှန်းလို့ အကြမ်းဖျဉ်းရပါတယ်။သို့သော် NLD ကိုကျွန်တော်တို့က မဲထည့်လို့နိုင်ခဲ့ရင် ဘယ်သူကို သမ္မတတင်မြောက်မှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခြေခံဥပ ဒေ ၅၉(စ)အရ ဘယ်လိုမှ သမ္မတမဖြစ်နိုင်ပါဘူး။သည်တော့ ဘယ်သူကိုရွေးကောက်တင်မြောက်နိုင်မလဲ လို့ ဆက်မေးပါတယ်။NLD အမတ်လောင်းကတော့ ဖြေရှာပါ တယ်။ဒါတွေက ရွေးကောက်ပွဲနိုင်မှ လွတ်တော်ကိုယ်စားလှယ်တွေ စဉ်းစားရမှာပါ။လွှတ်တော်ကိုယ်စားလှယ်နဲ့ပဲ ဆိုင်ပါတယ်လို့ ဖြေပါတယ်။ ကိုစည်သူကလက်မခံပါဘူး လွှတ်တော်ကိုယ်စားလှယ်ကို ကျွန်တော်တို့ရွေးရမှာပါ။ကျွန်တော်တို့ရွေးရမယ့် လွှတ်တော်ကိုယ်စားလှယ်က ကုလား ကိုနီကို သမ္မတတင်မြောက်မယ်ဆိုရင် ကျွန်တော်တို့ ပေးလိုက်တဲ့မဲတစ်ပြားဟာ ဘာအကျိုးရှိမှာလဲ လို့ ပက်ပါလေရော။NLD အမတ်တွေလည်း တော်တော် ဖြေရကြပ်ပြီး လစ်ပါလေရော။ဇာတ်လမ်းက ဒီမှာ မဆုံးသေးဘူးဗျ။

ကိုစည်သူ ရဲ့ NLD ပါတီကိုထောက်ခံတဲ့အဒေါ်က သူထောက်ခံတဲ့ပါတီကို ဒီလိုအရှက်ကွဲအောင် လုပ်ရပါ့မလားရယ်လို့ စိတ်ထဲမှာအသာလေးတေးမှတ်ထား လေရဲ့။နေနှင့်ဦးပေါ့ ဒင်းတို့တူဝရီး ဒင်းတို့ ထောက်ခံတဲ့ USDP လာမှ ငါနဲ့တွေ့မယ်လို့ စိတ်ထဲကကြုံးဝါးထားပေါ့။ထင်းခွေမကြုံရေခပ်တော့ကြုံ မှာပါ။မကြာပါဘူး USDP က ကိုယ်စားလှယ်လောင်း စည်ပင်ကြီးရွာကို လာပြီးမဲဆွယ်စည်းရုံးပါလေ
ရော။ဒီမှာတင် ကိုစည်သူရဲ့ NLD အဒေါ်လည်း မဲဆွယ်စည်းရုံးပွဲသွားတာပေါ့။သွားပြီးတော့ ကိုစည်သူ NLD ကိုမေးခဲ့တဲ့ မေးခွန်းတွေကို ထမေးပါလေရောလား။ ဒီမှာတင် USDP ကိုယ်စားလှယ်လောင်းလဲ သူတို့အနေနဲ့ သမ္မတဦးသိန်းစိန်ကို ပဲ ပြန်လည်ရွေးချယ်တင်မြောက်မှာဖြစ်တယ်လို့ ဖြေပါတယ်။

ကိုစည်သူအဒေါ်တွက်ဆထားသလို အီး..အဲ တော့ဖြစ် မသွားတော့ စိတ်ထဲရယ် နေမထိဘူး။ဒီတော့ မဆိုင်တဲ့ ကြက်ဆူကိစ္စတွေ ရော စလို့ မေးပါရော။ကိုယ်စားလှယ်လောင်းလဲ စိတ်ရှည်လက်ရှည်ကို နားထောင်ပြီးပြန်ဖြေခဲ့တာတွေ့ရပါတယ်။နောက်ဆုံးတော့ ကိုစည်သူအဒေါ်လည်း စိတ်ထဲရယ်ကျေနပ်လို့မဟုတ်ပေမယ့် မေး သမျှဖြေနိုင်တော့ လက်လျော့လိုက်ရပုံပါပဲ။

ဒီတော့ ဒီနေရာမှာ ကျွန်တော် တွေ့မိတာလေးတစ်ခုကို တင်ပြလိုပါတယ်။ကျွန်တော်တို့ ရွာကိုNLD ကိုယ်စားလှယ်လောင်း၊ USDP ကိုယ်စားလှယ်လောင်း တွေလာကြပါတယ်။ဒီတော့ ဒီကိုယ်စားလှယ်
လောင်းတွေကိုကျွန်တော်တို့ကျေးရွာလူထုကိုယ်စား ပြောပိုင်ခွင့်လုပ်ပိုင်ခွင့်တွေ အပ်နှင်းရမှာပါ။တစ်ချို့ကပြောကြပါတယ်၊ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပါ။

တစ်ချို့က ပြောကြပါတယ်။ပါတီကို မကြည့်နဲ့ လူကို ကြည့်ပါတဲ့။ကျွန်တော်တို့ အနေနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကိုသာကြည့်ရပါလိမ့်မယ်။ကျွန် တော်တို့ ရွေးချယ်
မယ့်ကိုယ်စားလှယ်လောင်းဟာ ပညာအရည်အချင်းဘယ်လောက်ရှိလဲ၊လုပ်ရည်ကိုင် ရည်ဘယ်လောက်ရှိလဲ။ယခင်ကရော ကြီးလေးတဲ့တာဝန် ဘာတွေထမ်းဆောင်ဖူးလဲ။သူဟာဥပဒေပြု
လွှတ်တော်မှာကျေးရွာကိုယ် စား ပြောရဲဆိုရဲရှိပါ့မလား။အခုလို မဲဆန္ဒရှင်က သိချင်လို့ မေးတာ တောင် ဂဃနဏ မဖြေနိုင်ရင် သူ့ကိုကျွန်တော်တို့ကျေးရွာဒေသ တွေကိုယ်စား ဘယ်လိုရွေးချယ်ရမလဲဆို
တာပါပဲ။ဘယ်သူ တွေ ဘယ်လိုပဲ စည်းရုံးမဲဆွယ်ပါစေ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဒေသကို အမှန် တကယ် လက်တွေ့ကျကျစွမ်းဆောင်အကျိုးပြုမယ့် အမတ်လောင်းကိုပဲ ရွေးချယ်ကြရမှာပဲ မဟုတ်ပါလား။

စိန်မောင်

No comments:

Post a Comment