ကိုယ်တိုင်
ထောက်ခံဆန္ဒပြုထားတဲ့ အမျိုးစောင့်ဥပဒေကို
အခုထိကန့်ကွက်နေသေးတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု"မှ "အမေစု"လို့ မျက်စိမှိတ် ကိုးကွယ်ပြီး
သံဃာတွေ ကိုစော်ကားနေသေးတဲ့ "လူ့အခွင့်အရေးသမားတွေ" ကို နတ်မောက်သမိုင်း
ရိုင်းမှာ ကျန်မှာ စိုးလို့ မေ့ထားတဲ့ တချို့အချက်တွေအမှန်အတိုင်းသိစေ
ရအောင် ဖော်ကောင်ဘညွန့်ပြန်လုပ်လိုက်ပါတယ် ။
ကျွန်တော် (၁၉၄၇) ဗိုလ်ချုပ်ကွယ်လွန်ချိန်ကစပြီး ရှင်းရမယ် ။
အဲဒီအချိန်
ဒေါ်အောင်ဆန်းစုကြည် (၂)နှစ်သမီးပ ရှိသေးတယ် ။
(၁၆/၁၇)နှစ်မှာ အင်္ဂလန်
အောက်စ်ဖို့ဒ်တက္ကသိုလ်ရောက်တယ် ၊
ခင်ဗျားတို့သိပြီးသားနော် ။
ဒါဆို - ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်နေ၀င်းအစိုးရ
စုကြည် ဘယ်နှစ်နှစ်ရှိပြီလဲ???
(၁၇)နှစ်ရှိပြီ ၊
ခင်ဗျားတို့ဘယ်လောက်ညာညာ သမိုင်းဆိုတာ အချိန်၊ရက်စွဲတွေနဲ့ဖွဲ့တည်ထားတာ ။မှတ်ထား -နုတင်-ဆွေငြိမ်းအကွဲမှာ ဒေါ်ခင်ကြည်ကဦးနု(ဖဆပလ)ဘက်က ထောက်ခံမဲဆွယ်ပေးခဲ့လို့ ကျေးဇူးဆပ်တဲ့ အနေနဲ့ရော ၊ ဦးစောလို လူယုတ်မာတွေသတ်လို့
အောင်ဆန်းမျိုးဆက်ပြတ်မှာစိုးလို့ရော ၊
ဒီအကြောင်းတွေကြောင့်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေရင်း မစ္စတာနေရူးရှိတဲ့ အိန္ဒိယနိုင်ငံကို
သံအမတ်ကြီးအဖြစ်နဲ့ ဦးနုကိုယ်တိုင်ခန့်အပ်လွှာလက်မှတ်ထိုးပြီး ပို့ခဲ့တာ ။
(ဘာတဲ့ - ခင်ဗျားတို့ဒီမိုတွေပြောနေတာ - ဒေါ်စု အင်္ဂလိပ်နဲ့ရတာ အာဏာရှင်နေ၀င်းက အင်္ဂလန်ကိုပို့လို့) တဲ့ ။ ကျုပ်က "မဆလ"ပါတီကို
အပြုတ်တိုက်ခဲ့တဲ့ "၈၈၈၈"ကျောင်းသား ၊ ဒါပေမယ့် မဟုတ်တာနဲ့တော့
ကျုပ်လာမဆွယ်နဲ့ ။
အင်္ဂလန်အောက်စ်ဖို့တက္ကသိုလ်ပညာတော်သင်ရတော့ သူနဲ့ဒါမှတန်တယ် ပို့ပေးပါ
ပူဆာခဲ့ချိန်က ဒေါ်ခင်ကြည် တားမရ ၊
မစ္စတာနေရူးက ကလကတ္တားတက္ကသိုလ်လဲရှိပါတယ် ၊
တဂိုးရဲ့ ရှန်တိနိကေတန် ဒီမိုကရေစီကျောင်းတော်
ကြီးလဲရှိပါတယ်လို့
နားချတာတောင် သူမ နားမ၀င်ခဲ့ ၊ ဒီလိုနဲ့ အောက်စ်ဖို့ဒ်ရောက်သွားတာ ။
သူမ အင်္ဂလန်ရောက် သွားချိန် ဒီမှာ ရန်ကုန်အစိုးရဘ၀နဲ့
ပြည်တွင်းစစ်မီးဝိုင်းနေတာ ဗမာ့တပ်မတော်က
အသည်းအသန်ကာကွယ်နေရချိန်ပဲ
ဖြစ်တယ် ။ သူမ အိန္ဒိယမှာ ၊ အင်္ဂလန်မှာ ၊ တက္ကသိုလ်မှာ ဘယ်သူနဲ့ဘာတွေဖြစ်လို့
ဘယ်သူနဲ့ ဘယ်လို ရသွားမှန်း မြန်မာပြည်က
စိတ်ဝင်စားဖို့အချိန်တောင်မရခဲ့တာပါ ။ သူမ လင် မျိုးနွယ် နယ်ချဲ့တွေ
သပ်လျှို သွေးခွဲ ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် တိုင်းရင်းသားတွေရော
မြန်မာတွေပါ ငိုကြွေးပူဆွေး နေရတဲ့အချိန်ပေါ
့ ။
မိခင်ကြီးဒေါ်ခင်ကြည် ကျမ်းမာရေးကိစ္စနဲ့ မြန်မာပြည်ပြန်လာတာ ၊
ဒီမှာအရေးတော်ပေါ်နေ ၊ ခေါင်းဆောင် မျှော်နေ ၊
အဖေ့အရှိန်အ၀ါနဲ့
အဆင်သင့်တက်ရုံ ၊ ဒီအချိန် ညီမလေးအရေးအခင်းကြားပိတ်မိနေလို့
ငါဘာကူညီပေးရမလဲ လို့
စိုးရိမ်စိတ်နဲ့ပြန်လာတဲ့အကိုကြီးကို သူမ
တုံ့ပြန်လိုက်ပုံက ( အကို ပြန်တော့ ၊ ကျမလုပ်မယ် ) တဲ့ ။ ဒီမှာ ဘာမှမသိ
တဲ့
နောက်ပေါက်ဒီမိုတဖက်ပိတ်လေးတွေ - ငါတို့မျှော်တာ
အမျိုးဖျက်တဲ့မိန်းမတယောက်ကို မဟုတ်ဘူးကွ
၊ မြန်မာ့ သွေးစစ်စစ် ၊
ဗိုလ်ချုပ်သားကြီး ဦးအောင်ဆန်းဦးကို မျှော်ခဲ့တာ ။
ဟောပြောပွဲတွေမှာ အဖေ့အကြောင်း ခဏခဏထည့်ပြောတတ်ပေမယ့် အကိုကြီးအကြောင်းတော့
တခွန်းမှ "မဟ" ခဲ့ဘူး
။ (သူ့ထက်သာတဲ့ စီနီယာဆိုတာ
ပြည်သူတွေမြင်သွားမှာစိုးလို့လား) ထားပါတော့ ၊ အဖေ့ကြောင်းပြော အဖေ့ကို
ချစ်တယ် ၊ လေးစားတယ်ဆိုရင် အဖေက (ကိုကြီးနု)လို့ တလေးတစားခေါ်ခဲ့တဲ့
ဦးနုကြီးကို အာဏာရူးအဖိုးကြီးလို့
ဘာကြောင့် ခေါ်ခဲ့ပါသလဲ ??? (၀ိဓူရ
သခင်ချစ်မောင်က မိုက်လိုက်တဲ့သမီးရယ် တဲ့ ၊ ယူကြုံးမရပြောခဲ့ရှာတယ်)
အခု "ဦးအောင်ဆန်းဦး"အကြောင်းပြောမယ် ။ ဗိုလ်ချုပ်က ရှင်းရှင်းပဲ ၊
တနှစ်တယောက်မွေးတာ ။ အောင်ဆန်းစုကြည်
အထက်မှာ အောင်ဆန်းလင်း
(ရေနစ်သေသွားရှာတယ်) ၊ သူ့အထက် အကိုအကြီးဆုံး ကိုအောင်ဆန်းဦး ၊ စုကြည်နဲ့
အထက်/အောက် ညီမလေးက မွေးပြီးပြီးချင်းဆုံးတယ် ။ ဗိုလ်ချုပ်ခမျာ
သမီးငယ်လေးအတွက် မျက်ရည်ကိုချုပ်လို့
နိုင်ငံ့အရေးအတွက်
အစည်းအဝေးတက်ခဲ့ရရှာတယ် ။
ဒီတော့ ဗိုလ်ချုပ်ကွယ်လွန်ချိန် အောင်ဆန်းဦး (၄)နှစ်/(၅)နှစ်သား
လောက်ပဲရှိသေး ။ ဗိုလ်ချုပ်သားအကြီးဆုံး ၊
ရန်သူတွေဝိုင်းနေတာ ၊
အာရှကြယ်ပွင့်ကြီး မျိုးဆက်တော့ အပြတ်မခံနိုင် ဘူးဟဲ့ ဆိုပြီး တောင်အာရှ
(အင်ဒိုချိုင်းနားကျွန်းဆွယ်) မဟာမိတ်တပ်ပေါင်းစုဗိုလ်ချုပ်ကြီး
လော့ဒ်မောင့်ဘက်တန် - ( မြန်မာပြည်
လွတ်လပ်ရေးအတွက် အောင်ဆန်းကိုယုံကြည်စွာ
လုံးဝလွတ်လပ်ရေးပေးဖို့ ပါလီမန်နဲ့ နန်းရင်းဝန်အက်တလီကို
တိုက်တွန်းခဲ့သူ)
အဲဒီဗိုလ်ချုပ်ကြီးက အောင်ဆန်းဦးကို အပြီးအပိုင် မွေးစားခဲ့တာ ။
ကဲ - စုကြည်ထက်အရင် အင်္ဂလန်ကိုရောက်တာ ၊ နောက် မောင့်ဘက်တန်ထောက်ခံချက် ၊
သူ့ကိုယ်ပိုင်စွမ်းဆောင်ချက်
နဲ့ အမေရိကန် မရိန်းတပ်ဗိုလ်မှုးအဆင့်ထိ
ဖြစ်ခဲ့တာ အဲဒါ(၁၉၈၈)မှာဖြစ်နေပြီ ။ လူပျိုပေါက်ဘ၀ လော့ဒ်
တယောက်ရဲ့မွေးစားသား ၊ လူလားမြောက်တော့ အမေရိကန်မရိန်းတပ်ဗိုလ်မှုး ၊
အင်္ဂလန်သူ ၊ အမေရိကန်သူ
နာမည်ကျော်မိန်းမချောတွေ ၀ိုင်းဝိုင်းလည်နေချိန်မှာ
လူပျိုကြီးဂုဏ်ကိုထိန်းလို့ မျိုးနွယ် စောင့်ခဲ့ရှာတယ် ။
ဒီအချိန် - သူ့ညီမ အင်္ဂလန်သားနဲ့ မျိုးနွယ်တိုက်ပွဲကျသွားပြီ ၊
ဗိုလ်ချုပ်မြေးတွေ ကပြားဖြစ်ရပြီ ဆိုတဲ့ အချိန်မှာ သူနဲ့
အဆက်အသွယ်မပြတ်တဲ့
သူ့ငယ်သူငယ်ချင်းတွေက အင်္ဂလိပ်စာပြဆရာမ ၊ မန္တလေး
"ဖဆပလ"အမတ်ရဲ့သမီး
မြန်မာအမျိုးသမီးတယောက်နဲ့ တွေ့ပေးခဲ့တယ် ။ သူက အာဏာတွေ ၊ ရေရှည်အမွေတွေ
ဘာမှတွေးတာမဟုတ်ဘူး ၊ ရိုးရိုးလေးပဲ အဖေ့ချွေးမ မြန်မာဖြစ်ရမယ် -
ဒီအတွေးနဲ့ သူတို့လက်ထပ်ခဲ့ကြတယ် ။
အခု အငြိမ်းစား အမေရိကန်ရေတပ်ဗိုလ်မှုးကြီးဘ၀နဲ့ ဘယ်မှာ နေတယ်ထင်သလဲ ။
ကြီးပွားရာကြီးပွားကြောင်း
ရန်ကုန်လဲ သူမရွေးခဲ့ ၊ တိုးတက်ရာတိုးတက်ကြောင်း
နေပြည်တော်လဲ သူခြေမချခဲ့ ၊ မြန်မာတို့ရဲ့အစ မဟာပုဂံ က
ရွာလေးတရွာမှာ
သူ့အဖေစကားအတိုင်း ရိုးသားစွာ ခြံစိုက်စားနေလေရဲ့ ။ တစ်ခုတော့
ကြိုပြောထားမယ်နော် ။
အမေရိကန်မရိန်းတပ်ဗိုလ်မှူးကြီးအဆင်
့ထိရောက်ခဲ့သူတယောက်ရဲ့ ၀င်ငွေဟာ
ခန့်ခန့်
ငြားငြားနေနိုင်တဲ့အဆင့်အထိတော့ရှိတယ်ဆိုတာ ကြိုပြောလိုက်မယ် ။
ဒါတွေပြောနေရတာ ကျုပ်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
နတ်မောက်သမိုင်းရိုင်းမှာစိုးလို့ ပြောနေရတာ ။ သူအမျိုးဖျက်ခဲ့တာ
ဗိုလ်ချုပ်သွေးမို့တကြိမ်ခွင့်လွှတ်မယ်လို့
ကျုပ်တို့စာနာနိုင်တယ်။(ခေါင်းဆောင် ငတ်နေလို့ပါ) ဒါပေမယ့် သူ့အမှားသူဝန်ခံ
သံဝေဂယူပြီး
အမျိုးကိုဆထက်တပိုးတိုးစောင့်လို့ အမျိုးစောင့်ဥပဒေ ပြည်သူ
တွေအတွက် ထောက်ခံပေးရမဲ့အစား
မိန်းမဥာဏ်နဲ့ရှက်ရမ်းရမ်းပြီး
အပြင်းအထန်ကန့်ကွက်တော့ သူမကြောင့် သံဃာတော်တွေလဲ စော်ကားဆဲဆိုခံနေရပြီ ။
စိတ်ဝမ်းတွေလဲကွဲကုန်ကြပြီ ။
ဟိုတုန်းကစစ်အာဏာရှင်တွေ လုပ်ခဲ့သမျှကို ခုအစိုးရနဲ့ မဆီမဆိုင်ရောပြီး
အပြစ်ပုံချချင်တယ်ဆိုရင် ၊ အခု သူမ
လုပ်ရပ်တွေအတွက်လဲ သူမ တာဝန်ယူရမယ် ။
ကဲ - ကျုပ် ပြောချင်တာ ပြောပြီးပြီ ။ ခင်ဗျားတို့ ဗိုလ်ချုပ်ပေးတဲ့
လွတ်လပ်ရေးအမွေ ခွစားနေတဲ့ မြန်မာပြည်သူတွေ ကို
ကျုပ် မေးခွန်းလေးတွေ
မေးပါရစေ ။ - - - - -
(၁) ၂၀၁၆ မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်မဲ့လူရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ကို
စတင် မေးပါရစေ ၊ ခင်ဗျား
- မြန်မာ့ခေါင်းဆောင်ဖြစ်ခဲ့ရင် (
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့
အဆင်သင့်ဖြစ်ပြီလား)
(၂) ခင်ဗျားတို့ကိုယ်တိုင်လဲ သိပ်မသေချာ ၊ ရလာဒ်အရ အကွဲကွဲ အပြားပြား
ဖြစ်လာပြီး ညွန့်ပေါင်း ဖွဲ့ရ တော့မယ်ဆိုရင် -
ခင်ဗျားတို့ -
ပါတီကြီးဝါဒကိုင်စွဲပြီး ညွန့်ပေါင်းမဖွဲ့နိုင်ပဲ ပြည်သူကို အကွဲအပြဲ
ဒုက္ခညွန်ထဲ ဆွဲထည့်ရက်ကြဦးမှာလား ။
(၃) ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော် ဖြစ်တည်မှုနဲ့ မျိုးစောင့်ဥပဒေ
ဆက်နွယ်နေပါတယ် ။ နောက်တက်မဲ့သမ္မတဟာ -
မျိုးစောင့်ဥပဒေ(၄)ရပ်ကို
ဖျက်ဆီးပြီး ဗုဒ္ဒဘာသာမြန်မာနိုင်ငံတော်အဖြစ်ကို ဖျက်ဆီးဖို့
(မြန်မာဖြစ်လျက်နဲ့) တွေးရက်၊ကြံရက်သူ ဖြစ်နေပါသလား ။
(၄) ဗိုလ်ချုပ်အမွေ မြန်မာပြည်ကို စောင့်လေမျိုးနွယ်မှ မကျေပွန်ခဲ့သူဆီကို
ခင်ဗျားတို့ တဒင်္ဂသာယာမှု အခွင့်အရေး
အတွက် ၀ကွက်ထိုးအပ် နိုင်ကြပါသလား ။
ဒါကိုဖြေနိုင်ပြီဆို - ခင်ဗျားတို့ ဘယ်သူ့ကိုမဲပေးသင့်လဲ ၊(ဘယ်သူ့ကိုမဲမပေးသင့်ဘူးလဲ) လိပ်ပြာသန့်စွာရွေးနိုင်ပြီလို့
ကျုပ်ယူဆပါတယ် ။
သခင် ခက်ထန်
No comments:
Post a Comment