Wednesday, September 23, 2015

"ပြောင်းဖို့မသေချာပေမယ့် လဲဖို့သေချာတယ်" - မောင်သွေးချွန် Sep 17, 2015


၆-၉-၂ဝ၁၅ထုတ်ဆဲဗင်းဒေး နေ့စဉ် သတင်းစာ မှာ မောင်နံ့သာရဲ့ 'စောလူးလို အတွေးနုံ့ ရင်ဖြင့်' ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ သူ့ဆောင်းပါးထဲမှာ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ စာကြောင်းတချို့ပါလာတယ်။

'ဒီကြားထဲ စာရေးဆရာတစ်ယောက် က ဒေါ်စုနိုင် ရင် မွတ်တိုင်းပြည်ဖြစ်ဖို့ နီးစပ် သွားပြီ ဆိုပြီးရေးလို့ သူ့သူငယ်ချင်းမိတ်ဆွေ အရင်းတွေကတောင် ဝေဖန်တာတွေ ဖတ်ရတယ်။ အဲဒီစာရေးဆရာ က ဒေါ်စုလွတ်ခါစ က ဒေါ်စုရဲ့ ဘုန်းတော်ဘွဲ့တွေရေးပြီး စာအုပ်ထုတ်ခဲ့သေးတယ် ဆိုပဲ'
ကျွန်တော့်နာမည်တပ်ပြီးရေးဖို့ ဝန်လေးနေပေမယ့် ကျွန်တော့်ကို ရေးတာပဲဆိုတာ ချက်ချင်းပဲ သိလိုက်ပါတယ်။ 'မဟုတ်ရင် မဟုတ်ကြောင်း ပြန်ရှင်းပြရမယ်'ဆိုတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သြဝါဒအရ သံသယကင်းအောင် ပြန်ရှင်းပြဖို့လိုလာပါတယ်။
၎-၉-၂ဝ၁၅ထုတ်အောင်ဇေယျတုဂျာနယ်မှာ'အ မြင်မမှန်ရင်မရှင်သန်နိုင်ဘူး'ဆိုတဲ့ ကျွန်တော်ရေး ခဲ့ တဲ့ ဆောင်းပါးကို သူကရည်ညွှန်းပြောဆိုနေတာပါ။ ဒီဆောင်းပါးဟာ ဝိဘဇ္ဇပဲ့တင်သံ(၂) မှာပါတဲ့ အရှင်ဥတ္တမ(တွင်းမ)ရဲ့ ဆောင်းပါး ကို ပြန်လည်တုံ့ပြန်ထားခြင်းဖြစ်ပါ တယ်။ 'မွတ်နိုင်ငံ' ဆိုတဲ့ စကားလုံးကလည်း အရှင်ဥတ္တမရဲ့ ဆောင်းပါးထဲက အသုံးအနှုန်းပါ၊ 'ဒေါ်စုသမ္မတဖြစ်ရင် မွတ်နိုင်ငံဖြစ်မဖြစ် သုံးသပ်ကြည့်ရအောင်'လို့ အရှင်ဥတ္တမရေးခဲ့တဲ့အပေါ် ကျွန်တော်က ပြန်သုံး သပ်ပြခြင်းဖြစ်ပါတယ်။

ခိုးဝင်ဘင်္ဂါလီတွေနဲ့ ပတ်သက်တဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်၊ ၁၉၈၂ နိုင်ငံ သား ဥပဒေအပေါ် ဒေါ်စု ရဲ့ သဘောထားတို့ကို ဖော်ပြပြီး ဆောင်းပါးနိဂုံးမှာဒါ့ကြောင့် ဒေါ်စုကို အကြောင်းပြု ပြီး မွတ်အင်အားစုကြီးထွားလာနိုင် တယ်။ဒေါ်စုကိုယ်တိုင်က လက်ကမ်းကြိုဆိုနေရင် မွတ်နိုင် ငံ ဖြစ်သွားဖို့ ရာခိုင်နှုန်းများတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသားရေးအင်အားစုကြီးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတာဝန်တွေကို ပိုပြီးတော့ နိုးနိုးကြားကြား လုပ်ဆောင်ကြရလိမ့်မယ်။ ဒေါ်စုနဲ့ NLD ပါတီကို မဲပေးရွေးချယ်မိရင် ကိုယ့်နိုင်ငံ ကိုယ့်ကံကြမ္မာကို ဘာသာခြား လူမျိုးခြားတွေလက်ထဲ ဝကွက်အပ်နှံလိုက်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ NLD ကို ပေးမယ့်ဆန္ဒမဲ လက်မှတ်ဟာ ဘာသာခြား လူမျိုးခြားဆီမှာ ကျွန်ခံပါမယ်လို့ လက်မှတ် ထိုး လျှောက်လွှာတင်လိုက်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်ဆိုတာ ဝိဘဇ္ဇဥာဏ် ချာတူးလန်များကို သိစေအပ်ပါတယ်' လို့ရေးခဲ့ပါတယ်။

တချို့ကဒီနိဂုံးသုံးသပ်ချက်ကိုဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်တယ်။ ဖွတယ်၊ တချို့က ဆောင်းပါး တစ်ပုဒ်လုံးတင်တယ်။ထုံးစံအတိုင်းမှတ်ချက်တွေအမျိုးမျိုးထွက်လာတယ်။ ဆဲသူ တွေရှိသလို ထောက်ခံသူတွေလည်း အပြည့်ဆိုပဲ။ ကျွန်တော်နဲ့ရင်းနှီးသူတွေ သိကြပါတယ်။ ကျွန်တော်က အဲဒီလူ မှုကွန်ရက်ဖေ့စ်ဘွတ်မှာ တောင်စဉ်ရေမရ လျှောက်ရေးနေတာတွေ အချိန်
ကုန်ခံပြီး ဖတ်မနေဘူးဆိုတာ ...။

ခိုင်မာတဲ့သတင်းဌာနကြီးတွေကမဘသနဲ့ပတ်သက်ပြီး ဘာပြောသလဲ ဆိုတာလောက်ပဲ အာရုံစိုက် ထားပါတယ်။အဲဒါတောင်အချိန်မရလို့ကိုယ်တိုင်စောင့်ကြည့် နားထောင်တာမျိုးတွေ မလုပ်နိုင်တော့ ဘူး။ဆရာတော်သံဃာ တော်များ၊ မိတ်ဆွေများ၊ တပည့်များက ပြောပြလာ ရင်တော့ သေသေ ချာချာ သုံးသပ်ပါတယ်။ ကျွန်တော်က ပုံနှိပ် မီဒီယာလို့ခေါ်တဲ့ သတင်းစာဂျာနယ်တွေပဲ အဓိက ထားပြီး ဖတ်မှတ်ပါတယ်။ အဲဒီပုံနှိပ် မီဒီယာတွေထဲမှာတော့ ကျွန်တော့်ကို ထူးထူးထွေထွေ ဝေဖန် ထားတာ မတွေ့မိပါဘူး။ အခုဖေ့စ်ဘွတ်ပေါ်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေက
ဝေဖန်ကြတယ်ဆိုတော့ ဘယ်သူတွေ ဘယ်လိုဝေဖန်ကြတယ်ဆိုတာ အတိအကျမသိရပေမယ့် ကျွန်တော်ကတော့ ဝေဖန်ရေးကို ကြိုဆိုပါတယ်။ မှန်မှန်ကန်ကန် ဝေဖန်ဖို့ပဲလိုတယ်။ မဟုတ်မမှန်
လုပ်ကြံရေးသားထားတာမျိုးကတော့ ဝေဖန်ရေးအရာ မမြောက်ဘူးလို့ ဆိုချင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း စာပေ လောကမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်
စာပေဝေ ဖန်ရေး ဆောင်းပါးတွေ စဉ်ဆက်မပြတ် ရေးခဲ့တာပဲ။ ကျွန်တော်နဲ့ ရင်းနှီးခင်မင်သူတွေ ရဲ့ စာပေလက်ရာတွေအပေါ်မှာလည်း မထောက်မညှာ ဝေဖန်ခဲ့ပါတယ်။ လူပုဂ္ဂိုလ်မျက်နှာထက် စာပေမျက်နှာ အမှန်တရား မျက်နှာကိုပဲကြည့်ပြီး ဝေဖန်ခဲ့တာပါ။ ကျွန်တော်တို့ အလွန်ချစ်ခင်လေး စား
ကြည်ညိုရတဲ့ဆရာဒဂုန်တာရာရဲ့ ရန်သူမရှိ မိတ်ဆွေသာရှိ' အယူအဆ ကို လည်း ဝေဖန်ခဲ့ တာ ပဲ။

သြကာသဘုရား ရှိခိုးထဲမှာတောင် ရန်သူမျိုးငါးပါးဆိုတာ ရှိပါတယ် ဆရာရယ်လို့။
ရင့်ကျက်တဲ့ပုဂ္ဂိုလ်များအနေနဲ့ ဝေဖန်ရေးအပေါ်ဘယ်တော့မှမခါးသီးဘူး။ ဝေဖန်ရေးဟာ ဒီမိုကရေစီ ရဲ့ အဓိကရုဏ်း အင်္ဂါလက္ခဏာတစ်ရပ်ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ 'အတိုက်အခံပါတီ'ဆိုတာ အာဏာရပါတီ၊ အစိုးရကို ဝေဖန်ရေးနဲ့ ထိန်း ကျောင်းပေးရတာပဲ။

အထက်မှာပြောခဲ့သလိုမိမိရဲ့ဝေဖန်ချက်ဟာစေတနာမှန်ဖို့နဲ့အချက်အလက်မှန်ဖို့ ကြောင်းကျိုးခိုင်လုံ ဖို့ပဲလိုတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်လည်း ဝေဖန်ရေးကို ကြိုဆိုကြောင်း ၁၆-၉-၂ဝ၁၅ ထုတ် လျှပ်တစ်ပြက်ဂျာနယ် အင်တာဗျူးမှာ ပြောဆိုခဲ့ပြီးဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်မဝေဖန်မီ အစောကြီးကတည်းက ဆရာကြီး
လူထုစိန်ဝင်းက ဝေဖန်ခဲ့ပါ တယ်။ ဆရာကြီး ဝေဖန်တာ ပုဂ္ဂိုလ်ရေးတောင်ပါလိုက်သေး၊
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖက်ရှင်မယ်- မော်ဒယ်ဂဲလ်၊ ကာဗာဂဲလ် အဆင့်လောက်နဲ့ ကျေနပ်နေတယ်။ တကယ်လုပ်ရမယ့် နိုင်ငံရေးကို မလုပ်သေးဘူးဆိုတဲ့သဘော ဆရာကြီးက ဝေဖန်ခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် ဒေါ်စုဘက်က ခုခံကာကွယ် ရေးသားခဲ့ဖူးပါတယ်။
ဒီနေရာ မှာ အချိန် ကာလ ခေတ်အခြေအနေက စကားပြောပါတယ်။

ကျွန်တော်တို့အားလုံး ဖိနှိပ်ခံနေရချိန် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ရေးရဲ့ သင်္ကေ တဖြစ်ခဲ့ဖူးပါတယ်။ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကိုတစ်ချိန်ချိန်မှာ နင်းချေချိုးဖျက်ပစ် လိမ့်မယ် လို့ မထင်ရက်ခဲ့ပါဘူး။

အစကတည်းက ဒေါ်စုအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ မှီခိုအားထားခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။
တစ်ကိုယ်ရေ ခေါင်းဆောင်နိုင်စွမ်းထက် ပြည်သူလူထုကြီးရဲ့အင်အားကိုသာလျှင် 'သမိုင်းရဲ့အမှန် တရား'အဖြစ်ယုံကြည်ခဲ့ပါတယ်။ဒီနေရာမှာ မျှော်လင့်တာနဲ့ ယုံကြည်တာ အဓိပ္ပာယ်ချင်း ကွာခြားမှု ရှိတာကို သတိပြုပါလေ။

ကျွန်တော့်မှာ ဝေဖန်ရေးဥာဉ်၊ ဝေဖန်ရေးဇ,လေးကလည်း ရှိနေတော့ ဒေါ်စုအပေါ် မျှော်လင့်နေ စဉ် အချိန်အခါတုန်းကပင် ဝေဖန်ထောက်ပြခဲ့တာတွေ ရှိပါတယ်။ ၆-၉-၂ဝ၁၅ ထုတ် ဆဲဗင်း ဒေးနေ့စဉ်မှာ မောင်နံ့သာရေးခဲ့တဲ့ 'ဒေါ်စုလွတ်ခါစက ဒေါ်စုရဲ့ ဘုန်းတော်ဘွဲ့ရေးပြီး စာအုပ်ထုတ်ခဲ့သေးတယ်' ဆိုရာမှာလည်း မောင်နံ့သာရေးသလို ဘုန်းတော်ဘွဲ့တွေ မဟုတ်ပါဘူး။

ကျွန်တော့် စာအုပ်ပါးပါးလေးကို သေချာမဖတ်ဘဲ ယုတ်တမ်းစကားနဲ့ ရမ်းတုတ်လိုက်တာပါ။
အဲဒီတုန်းက စာပေစိစစ်ရေးအဖွဲ့ မဖျက်သိမ်းသေးပါဘူး။ ကျွန်တော်စာအုပ်က ၂ဝ၁၂ ဇန်နဝါရီလမှာ စာမူခွင့် ပြုချက်နဲ့ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ စာ မျက်နှာ ၄၈ မျက်နှာပဲရှိပါတယ်။ ဂျာနယ်တွေမှာ ရေးခဲ့တဲ့ဆောင်းပါးငါးပုဒ်ကို စုထုတ်ခဲ့တာပါ။

အဲဒီတုန်းကပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အလွဲအမှားတစ်ခု ကို ထောက်ပြဝေ ဖန်ခဲ့ပါ တယ်။
၂ဝ၁ဝ အောက်တိုဘာလထုတ် ကိုကို (စက်မှုတက္ကသိုလ်)ရဲ့ 'ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ ဆုံခြင်း' စာအုပ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က 'ဆန္ဒရှိမယ်၊ ဝီရိယရှိရမယ်၊ စိတ်ဓာတ်ရှိရမယ်၊ ဦးနှောက်ရှိရမယ်၊ အဲဒီအပေါ်မှာ အခြေ ခံပြီးဖြစ်အောင် လုပ်ရမှာပေါ့။ ဗမာအမြင်နဲ့ ပြောရရင် အောင်မြင်ခြင်းတရားလေးပါးပေါ့' လို့ ဖြေဆိုသွားခဲ့ပါတယ်။

အဲဒီမှာ ကျွန်တော်က ဒီလိုဝေဖန် ထောက်ပြခဲ့ပါတယ်။
'အောင်မြင်ခြင်းတရားလေးပါးကို ပြောရာမှာ 'ဦးနှောက်ရှိရမယ်'လို့ ပြောသွားတာ
မူလအဓိပ္ပာယ်နဲ့ နည်းနည်းအလှမ်းဝေးနေသလိုပါပဲ။ ဒီလိုပါ၊ အောင်မြင်ခြင်းတရားလေးပါး (ဝါ) အဓိပတိတ ရားလေးပါးဆိုတာ -

၁။ ဆန္ဒာဓိပတိ-ဆန္ဒ
၂။ ဝီရိယာဓိပတိ- ဝီရိယပြင်းထန်ရမယ်
၃။ စိတ္တာဓိပတိ- စိတ်အားထက်သန်ရမယ်
၎။ ဝီမံသာဓိပတိ- ထိုးထွင်းသိမြင်ဆင် ခြင်တတ်ရမယ်လို့ ဖြစ်ပါတယ်။

အဓိပတိတရားလေးပါး အပါအဝင် အခြားတရားတော်များမှာလည်း 'ဦးနှောက်'အကြောင်း ထည့်သွင်းဟော ကြားသွားတာ မတွေ့မိပါ။'
အဲဒါ ဘုန်းတော်ဘွဲ့လား၊ ထောက်ပြဝေဖန်တာလား။ ဒီဝေဖန် ချက်ပါတဲ့ ဆောင်းပါးကို ၂-၁၁-၁၁ ထုတ် နံနက်ခင်းဂျာနယ်မှာ ဖော်ပြခဲ့ပါ တယ်။ ဒေါ်စုကို ခြောက်ပြစ်ကင်းသဲလဲစင်ထင်ပြီး ဝိုင်းမြှောက်နေချိန်မှာ ကျွန်တော်က အဲဒီလို ထောက်ပြခဲ့တာပါ။

နောက်တစ်ခါ ဒေါ်စုပြောပုံ မရှင်းလို့
ဒီလိုမေးခွန်းထုတ်ခဲ့ပါသေးတယ်။ 'တိုင်း ပြည်အတွက် အစိုးရနဲ့ ပူးပေါင်းဆောင် ရွက်ပါမည်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုတ်ပြန်ကြေညာထားလေ ရာ ဘယ်လိုပုံစံနဲ့ ဘယ်လိုအခန်းကဏ္ဍက ပူးပေါင်းဆောင်ရွက်မှာလဲ၊ လူထု ခေါင်းဆောင်အနေနဲ့လား၊ ပါတီခေါင်း ဆောင်အနေနဲ့လား၊
လွှတ်တော်အမတ် အဖြစ်နဲ့လား။'
ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်ထဲဝင်ခါနီးမှာလည်း ဒီလိုသတိပေး ရေးသားခဲ့ပါတယ်။

'ပါတီမှတ်ပုံတင်ပြီးရင် ကြားဖြတ် ရွေးကောက်ပွဲ ဝင်၊ မဝင်ဆိုတဲ့ကိစ္စ ဆက်ပြောရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီ
ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်လို့ လွှတ်တော်ထဲ ရောက်သွားပြီဆိုရင်လည်း NLD က အနည်းစုပဲ ဖြစ်နေမှာပါ။ ပြည်ခိုင်ဖြိုးက အများဆုံးဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်များကလည်း ၂၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီနေ့ လွှတ်တော်အနေအထားကိုလည်း အား လုံးတွေ့မြင်နေပြီးသားပဲ၊
မေးခွန်းတွေ ကြိုတင်ရမယ်။ ပယ်တာလည်းရှိမယ်။ အမေးတခြား၊ အဖြေတခြား ဖြစ်နေတာတွေလည်း သတင်းစာဂျာနယ်တွေထဲ တွေ့နေရတယ်။ ဒီလို လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်များ ပြည်သူကို ကိုယ်စားပြုပြီး ဘယ်လိုစခန်းသွားကြမှာလဲ'
အဲဒါ ၂ဝ၁၁ မှာ ကျွန်တော်ရေးခဲ့တာပါ။ ဘုန်းတော်ဘွဲ့လား။ ဝေဖန်ချက်လား ထမင်းစားပြီး ကြီးပြင်းလာသူမှန်ရင် ခွဲခြားနိုင်ပါလိမ့်မယ်။

အခု ၂ဝ၁၅ ရွေးကောက်ပွဲ ရောက်ခါနီးမှ ဝေဖန်ခဲ့ တာမဟုတ်ဘူး။ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလကတည်းက ရေးသင့်တာ ရေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကမှ နိုင်ငံတော်သမ္မတကြီးနဲ့ ပတ်သက်လာရင်
အမြင်ပြောင်းလဲမှုရှိခဲ့တာကို အောက်ပါအတိုင်း ကျွန်တော်ရေးခဲ့တာကို ထောက်ဆပြီး
သုံးသပ်နိုင်ပါလိမ့်မယ်။

'ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သမ္မတကြီးကို ယုံလိုက်ပါ၊ ရာခိုင်နှုန်းပြည့် ယုံကြည်လိုက်ပါလို့ ၁၃၇၃ သီတင်းကျွတ်လပြည့်နေ့မှာ ထောင်ကလွတ်လာတဲ့ ကိုဇာဂနာကို အားပါးတရ ပြောကြားခဲ့ပါတယ်။'
အခုတော့ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်က သမ္မတကြီးအပေါ်မှာ
ဘယ်လိုသဘောထားခဲ့ပြီလဲဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်း ရန်သူမရှိ၊ အမြဲတမ်းမိတ်ဆွေမရှိဆိုတဲ့ စကားဟာ ဒေါ်စုအတွက် ရှေးပညာရှိများ ထားရစ်ခဲ့တဲ့ စကားတစ်ခွန်းပေပဲလား။

ကျွန်တော်ကား ဒေါ်စုအပေါ်မှာ မျှော်လင့်ချက်ထားနေချိန်မှာပင် ဒေါ်စုကို
ရာနှုန်းပြည့်ယုံကြည်လိုက်ပါလို့ မပြောခဲ့ပါ။ ဒေါ်စုအပေါ် ဝေဖန်ရေးနှင့်ယှဉ်သော မျှော်လင့်ခြင်းသာ ထားခဲ့ပါတယ်။

ဒါပေမဲ့ ဒီမျှော်လင့်ချက်တွေ လုံးလုံးပျက်ပြယ်ကာ စိတ်ကုန်သွားတာကတော့ ကမ္ဘာကျော် လက်ပံတောင်းတောင် အရေးအခင်းကြီးနဲ့ ပတ်သက်နေပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ညမှာ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ရပ်စဲရေးအတွက် သပိတ်စခန်းဖွင့်ထားတဲ့ သံဃာတော်များကို သက်ဆိုင်ရာက သူပုန်စခန်းတစ်ခုကို ဝင်စီးသလို မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ဖောက်ခွဲ ဖြိုခွင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကို 'မိစ္ဆာဒိဋ္ဌိလုပ် ရပ်' လို့ ဆရာတော်တစ်ပါးက ဝေဖန်သုံးသပ်ခဲ့ပါတယ်။

အဲဒီမှာ ကျွန်တော် က ၁၂-၁၂-၂ဝ၁၂ ထုတ်Weekly ELEVEN ဂျာနယ်မှာ အောက်ပါအတိုင်း ဝေဖန်ခဲ့ပါတယ်။
'မိစ္ဆာဒိဋ္ဌိတို့ရဲ့ အလုပ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရော မျောပါနေပြီလား။
ဒေါ်စုအနေနဲ့စကား ဖြောင့်ဖြောင့်ပြောခဲ့ပါရဲ့လား။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုရာမှာ ပတ်ဝန်းကျင် ပျက်စီးတာဟာ အခုမှ မဟုတ်ဘူး။ နည်းနည်းနှစ်နဲ့ချီကြာခဲ့ပြီ။

(ဆိုလိုတာက ဝမ်ပေါင်ကုမ္ပဏီကြောင့် မဟုတ်ဘဲ အရင်ကတည်းက ပျက်စီး နေတာ)၊
ဦးပိုင်လီမီတက်ဆိုတာလည်း ဦးပိုင်နဲ့ ဆက်စပ်နေတာဆိုတော့ ကျွန် မတို့ ဒီကိစ္စကို ချဉ်းကပ်တဲ့အခါမှာ သ ဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦး တည်ပြီးတော့ပဲ ချဉ်းကပ်မယ်'လို့ ၃-၁၂-၂ဝ၁၂ ထုတ် ဒီလှိုင်းဂျာနယ်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သဘောထားကြီးပါ၊ သည်းခံပါ၊ စိတ်ရှည်ပါ၊ နိုင်ငံကြီးသား ပီသပါ ဆိုတာတွေကို ပြည်သူတွေကိုပဲ ပြောနေတာဖြစ်ပြီး 'ဝမ်ပေါင်နှင့် ဦးပိုင်'ဘက်ကိုတော့ မြားဦးတောင် မလှည့်ရဲခဲ့ရှာဘူး။ 'စီမံကိန်း ရပ်သွားအောင် လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး'လို့လည်း ဆိုတယ်။
'ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင် နှစ် ၃ဝ မှာလည်း ဒေသခံတွေဟာ ပြည့်ပြည့်စုံစုံနဲ့
ရပ်တည်နိုင်ဖို့ကို ကြည့် ပြီးလုပ်သွားမယ်'လို့ ဒေါ်စုက ပြီးစလွယ်ပြောခဲ့ပါတယ်။

နောင် နှစ် ၃ဝ မှာ ဒေါ်စုလည်း မရှိတော့ (သေပြီ)၊ ကျွန်တော်တို့လည်း သေပြီ၊
လက်ပံတောင်းတောင်ကြီးလည်း အခါတစ်ရာမက သေခဲ့လေပြီ။ အနိစ္စတရားကို မမြင်ဘဲ ပြည်သူတွေရဲ့ ဒုက္ခအပေါ်မှာ ဒုက္ခတွေ ထပ်ပိုးပေးခဲ့တဲ့ ဒေါ်စု။ ဒေါ်စုဟာ စစ်တပ်ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီဘက်က ရပ်တည်ခဲ့တာ ထင်ရှားပါတယ်။ ဒါ့ကြောင့်
လက်ပံတောင်းတောင်ဒေသခံ အမေကြီးတစ်ယောက်က
'ငါတို့ လက်ပံတောင်းတောင်ကြီးကိုလည်း ဆုံးရှုံးခဲ့ရပြီး ဒေါ်စုကိုလည်း ဆုံးရှုံးခဲ့ရလေပြီ'လို့ ရင်နာနာနဲ့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ မီးလောင်ဗုံးကို မီးခိုးဗုံးလို့ တိုင်းသိပြည်သိ ကမ္ဘာသိ လိမ်ညာဖုံးဖိပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သစ္စာတရားဆိုတာ မူးလို့မှ ရှူစရာ မရှိတော့ပါဘူး။

ဒီထက်ဆိုးတာကတော့ ကြေးနီစီမံကိန်း
စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ၁၄-၃-၂ဝ၁၃ က လက်ပံတောင်းတောင်သို့ ရောက်ရှိလာပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ
'ဒီနေရာဟာ ကြေးနီသိုက်ကြီးရဲ့ ဗဟိုချက်မပဲ၊ ဒါ့ကြောင့် ဟောဒီလယ်တီသိမ်၊ ဘုရားတွေကို ဖယ်ရှားပစ်ရမယ်' လို့ ညွှန်ကြားခဲ့ခြင်းပါပဲ။ ဒေါ်စု ရဲ့ မိစ္ဆာဒိဋ္ဌိလုပ်ရပ်တွေ ပိုပြီးထင်ရှားခဲ့ပေပြီ။ အနန္တကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ တန်ဖိုးနဲ့ ဦးပိုင်၊ ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ တန်ဖိုးကို ဘယ်လိုမှ ချိန်ထိုးလဲလှယ်ခြင်း မပြုနိုင်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆီက သာသနာကို
ပြစ်မှားစော်ကားတဲ့ ဓာတ်စုတ်၊ ဓာတ်ပဲ့၊ ဓာတ်ညံ့တွေ ကျွန်တော့်ဆီ ကူးစက်လာမှာ စိုးရိမ်ပါတယ်။

အဲဒီညမှာပဲ ရုံးမှာအိမ်မှာ ချိတ်ထားတဲ့ ဒေါ်စုရဲ့ ပုံတွေ ပြက္ခဒိန်တွေ 'သွားရော့လဟယ်' ဆိုပြီး အမှိုက်ပုံမှာ စွန့်ပစ်ခဲ့ပါတယ်။ (ကျန်စစ်သားက စောလူးမင်းကို စွန့်ခဲ့တာထက် ပိုပါတယ်)

ပြီးတော့ ဘင်္ဂါလီ မွတ်ဆလင် ဘာသာခြား လူမျိုးခြားတွေဘက်က ရပ်တည်ကာကွယ်ပြောဆိုခဲ့တာတွေ၊ မျိုးစောင့်ဥပဒေကို ဒေါ်စုနဲ့ NLD က သဲကြီးမဲကြီး ကန့်ကွက်ခဲ့တာတွေဟာ ကျွန်တော်တို့ရဲ့ အမျိုး ဘာသာ သာသနာကို ဆန့်ကျင်တိုက်ခိုက်နေတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် ဒေါ်စုမဲနိုင်ရင် တိုင်းပြည်ကြီး
'ပြောင်းလဲ'သွားမယ်လို့ ထင်နေသူတွေကို ပြောလိုက်ပါရစေ။

ပြောင်းတာမပြောင်းတာ မသေချာပေမယ့် ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီး ဗုန်းဗုန်းလဲ ပြိုကျပျက်စီးသွားမှာကတော့ မြေကြီးလက်ခတ်မလွဲပါလို့။

မောင်သွေးချွန်
၆-၉-၁၅

No comments:

Post a Comment