Wednesday, August 26, 2015

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး၏ ပြောကြားချက်များ

( တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို င် 
အားနေပြည်တော်တွင် ၁၉ - ၈ - ၂၀၁၅ 
ရက်နေ့တွေ့ဆုံခြင်း --- မြန်မာနိုင်ငံ 
ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Antony David Stem တို့ တက်ရောက်ကြသည်။ )


(၁) ပြည်ပအဖွဲ့အစည်းများနှင့် တပ်မတော်များက မြန်မာ နိုင်ငံ၏ ရေဘေးနှင့် သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် မြန်မာ့တပ်မတော်၏ ကူညီခဲ့မှုများအပေါ် ချီးကျူးဂုဏ်ပြု

ကြသည်ကို သိရှိရပါကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများကို ကူညီခြင်းသာ ဖြစ်သော်လည်း နိုင်ငံတကာနှင့် ပြည်သူများ၏အမြင်ကို ကောင်းမွန်စေပါကြောင်း ။
(၂ ) မြန်မာ့ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ လွန်စွာအရေးကြီးသည် ကို မိမိတို့ အနေဖြင့် သဘောတူညီပါကြောင်း၊ သို့သော်လည်း ပြည်ပတွင် ရှိနေသူအချို့က ဒီမိုကရေစီအသွင် ကူးပြောင်းခြင်း ဆိုသည်မှာ တပ်မတော်က လက်ရှိဒီမိုကရေစီ ဖြစ်စဉ်ဖြစ်ရပ်များမှ လုံးလုံးလျား လျား ထွက်ခွာသွားရန် ယူဆနေခြင်း ကို မိမိတို့အနေဖြင့် သဘောတူညီမှု မရှိပါ ကြောင်း၊ လက်ရှိ တပ်မတော်၏ ခိုင်မာစွာ တည်ရှိနေမှုသည် ဆက်လက်ရှိ နေရန် လိုအပ်ပါကြောင်း ။
( ၃ ) ရွေးကောက်ပွဲတွင် စစ်သည်များ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ တပ်မတော်နှင့်ရွေးကောက်ပွဲ
ကော်မရှင်တို့၏ ပွင့်လင်းမြင်သာသည့်ဆောင်ရွက်ချက်များ ၊ ရွေးကောက်ပွဲတွင်မည်သည့် ရလဒ်ဖြစ်စေ တပ်မတော်အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် မည်ဆို သည့် ပြောကြား ချက်များ အပေါ် ဝမ်းမြောက်ရပါကြောင်း ။
( ၄ )        အပစ်အခတ် ရပ်စဲရေးစာချုပ်အပေါ် မိမိတို့ယုံကြည်မှု ရှိပါကြောင်း၊ အဆွေတော်တို့ဘက်မှပေးထားသည့် ကတိကဝတ်များကိုလည်း တွေ့ရှိရပါကြောင်း၊ အပစ်အခတ် ရပ်စဲရေးကိစ္စ အောင်မြင် မည်ဟု ယူဆပါကြောင်း ။
Source-Senior General Min Aung Hlaing Page

No comments:

Post a Comment