Tuesday, August 25, 2015

၂၀၁၅ အလွန် နိုင်ငံရေး


NLD က ပါတီကိုယ်စားလှယ်လောင်းရွေးချယ်မှု
 ပြဿသနာလေးတွေ ရှိနေတယ်။ ပြည်ခိုင်ဖြိုးကလဲ အကွဲအပြဲဇာတ်လမ်းလေးတွေ ရှိနေတယ်၊ တပ်မတော်နဲ့တစ်ခြားအဖွဲ့တွေကလည်း မစဉ်း စားလို့မရတဲ့ အခြေအနေဆိုတော့ လက်ရှိမြန် မာ့နိုင်ငံရေးအခြေအနေနဲ့ ၂၀၁၅ အလွန် ကာလကိုဘော်ဒါတွေဆုံတဲ့အခါပွားလို့ ရအောင် တွေးမိသလောက်သုံး သပ်ကြည့် တာ ပါ။

NLD ဆိုတာက ၂၀၁၅ ရွေးကောက်ပွဲမှာ သေချာပေါက်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ထားထားတဲ့ အဖွဲ့အစည်း။ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိ အစဉ်တစ်စိုက်လုပ်လာခဲ့တာက အခြေခံဥပဒေပြင်
ဆင်ရေး။ နောက်ဆုံးအချိန် ထိ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှပြင်ဆင်မရတဲ့အဆုံး မှာ ဒေါ်အောင် ဆန်းစုကြည်လဲ သမ္မတ မဖြစ်နိုင်တော့ဘူး ဆိုတာ သေချာသွားခဲ့တယ်။ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာNLDရွေးလာတဲ့ ခေါင်းစဉ်ကရာနှုန်းပြည့်အနိုင်ရပြီးအစိုးရဖွဲ့နိုင်ဖို့ အတွက် ဖြစ် လာတယ်။ အစိုးရဖွဲ့နိုင်ပြီဆိုရင်တော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာတွေ ပိုင်လာမှာပေါ့်။ဒါပေမယ့် ဒေါ်စုအနေနဲ့သမ္မတ၊ဒုသမ္မတမဖြစ်နိုင်ရင်လွှတ်တော် ဥက္ကဌလုပ် မှာ လား။ဝန်ကြီးလုပ်မှာလား။ ဒေါ်စုအနေနဲ့ကြိုက်တဲ့ရာထူးအတွက်ရနိုင်တဲ့အနေအထားမျိုး ရှိနေပေ မယ့်ဘာအတွက်ရည်ရွယ်ပြီးကြိုးစားနေတယ်ဆိုတာတိတိကျကျမကြေညာသေးတာက အကြောင်း ရှိနိုင်ပါတယ်။ သူမအသက်အရွယ်နဲ့ နိုင်ငံအနှံ့မဲဆွယ်ပေးပြီး တစ်ခြား တစ်ယောက်ကို သမ္မတပေး လုပ်မယ်။ပြီးရင် အေးဆေးအနားယူသွားမယ်လို့တော့ လုံးဝမထင် ပါဘူး။
အစိုးရအဖွဲ့တစ်ခုခိုင်ခိုင်မာမာဖွဲ့နိုင်တဲ့အထိပဲရည်မှန်းထားတယ်ဆိုရင်တော့ သေချာပေါက် မဲနိုင်နိုင် တဲ့ ဒေါ်ညိုညိုသင်းတို့၊ နောက်ခံကောင်းတဲ့ ဦးကိုကိုကြီးတို့နဲ့ ပါမောက္ခဟောင်းတွေကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့သြသင့်စရာ အကုန်ပယ်လိုက်တယ်။ မြို့နယ်အလိုက်က
ရွေးပေးလိုက်တဲ့လူတွေထက် အဆင်ပြေတဲ့လူတွေကို ကိုယ်စားလှယ်အဖြစ်ရွေးလိုက်တဲ့အပြင် လူကို မကြည့်ဘဲပါတီကိုကြည့်ပြီး မဲထည့်ပါ ဆိုပြီး စည်းရုံးလာတာဟာ သာမန်အစိုးရဖွဲ့ဖို့ထက် ပိုတဲ့ရည် ရွယ် ချက်တွေ ရှိနိုင်ပါတယ်။ ကိုယ်စားလှယ်လောင်းစာရင်းသွင်းလာသူ အားလုံးနီးပါး ဟာလဲ လွှတ်တော်မတက်နဲ့ သပိတ်မှောက်ဆို အကုန်လုံး လွှတ်တော်မတက်ဘဲ နေကြမယ့် လူတွေပါ ပဲ။ နိုင်ငံတစ်ခုလုံးရဲ့နိုင်ငံရေးယန္တရားကိုNLDရဲ့ကွပ်ကဲမှုအောက်ကိုသွင်းလိုတဲ့သဘော သက်ရောက်နေ ပြီး ဒီအခြေအနေ ထဲမှာမှ ယနေ့အထိ တပ်ကိုစည်းရုံးမှု မလုပ်တာကိုကြည့် ရင်တော့တပ်နဲ့ထိပ်တိုက်တွေ့စရာကျန်နေသေးတဲ့သဘော၊ ၉၀ ရွေးကောက်ပွဲတုန်းကလို သဘော ထား တင်းမာသူတွေ ရှိနေတုန်းပဲလို့ သုံးသပ်နိုင်ပါတယ်။

နောက်တစ်ခုက ဦးရွှေမန်း၊ တပ်မတော်မှာ နံပါတ် ၃ ရာထူး တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရ အဖွဲ့ မှာ လွှတ်တော် ဥက္ကဌအဖြစ် တည်တည်ငြိမ်ငြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် သူဟာ သာမန်လူတစ်ယောက်တော့ မဟုတ် ပါဘူး။ အရည်အချင်းရှိသလို ဒေါ်စုနဲ့လဲ အရမ်းအဆင်ပြေ တယ်ဆိုတာ သူတို့ ၂ ယောက်ပူးတွဲပါတဲ့ အင်တာဗျူး မှာကြည့်ရင်သိနိုင်ပါတယ်။ ပါတီဥက္ကဌရာထူး မဟုတ်တာတောင် သီးသန့်တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါသေး တယ်။

အနာဂတ်နိုင်ငံရေးမှာ ဒေါ်စုက သမ္မတအဖြစ်လက်ခံပြီးလက်တွဲနိုင်တာ ဦးရွှေမန်းပဲ ရှိတယ်လို့ လက်ခံ ထားပုံပါပဲ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ တစ်ယောက်အဖြစ် ကြေညာချက်တွေထုတ်တယ်။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ သမ္မတကို ထောက်တဲ့အကွက်တွေ ရှိတယ်။ လက်ရှိနိုင် ငံရေးအခြေအနေကို ပြုပြင် ပြောင်းလဲမယ်ဆိုရင် ဦးသိန်းစိန်အစိုးရနဲ့ တပ်အပေါ် လွှမ်းမိုးမှု ရှိအောင် ဆောင်ရွက်ရမှာဖြစ်လို့ ထိပ်တိုက် တွေ့မှုလေးတွေ ရှိလာတယ်။ ပါတီဥက္ကဌ မဟုတ်တဲ့ အပြင် ပါတီထိပ်ပိုင်းရာထူးတွေမှာပါ နေရာမရထားတဲ့ ဦးရွှေမန်း ရဲ့ အနာဂတ်အစီအစဉ်က ဘာဖြစ်နိုင် မလဲဆိုတာ မှန်းဆရ ခက်ပါတယ်။ ဒါပေမယ့် ဦးရွှေမန်းလည်း အရွေးခံရမယ်၊ NLD သာ ရာနှုန်းပြည့်အနိုင်ရခဲ့မယ်ဆိုရင် NLD က ထောက်ခံပေးမယ့် သမ္မတရာထူးဟာ ဦးရွှေမန်း အတွက်ဖြစ်လာနိုင်ပါတယ်။နှစ်ယောက်ကြားကမသိနိုင်တဲ့ကမ်းလှမ်း မှုတွေကြောင့် နောက်အစိုးရ သက် တမ်း ၅ နှစ် မပြည့်ခင်မှာ နောက်ထပ်ရွေးကောက်ပွဲ အသစ် တစ်ခု ဖြစ်လာနိုင်မလား ဆိုပြီးတောင် တွေးမိပါတယ်။
ဒါပေမယ့် လက်ရှိ အခြေအနေတွေမှာတော့ ဦးလှဆွေ ပြောခဲ့သလိုပါပဲ။ တပ်က ၂၅ %၊ ပြည် ခိုင်ဖြိုးက ၂၅% ပဲနိုင်အုံး။ NLD က အစိုးရဖွဲ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြား ထဲ ဒေါက် တာနေဇင်လတ်ပါတီနဲ့NDFတို့လိုအားကောင်းတဲ့ပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ရှိနေပါသေး တယ်။ NLD က အစိုးရမဖွဲ့နိုင်ဘူးဆိုရင်တော့ နောက်ထပ်လာမယ့် အစိုးရသစ်လက်ထက်ဟာ အင်မတန်ဟန်ချက်ညီတဲ့ အစိုးရအဖွဲ့ ဖြစ်လာမှာပါ။

ဦးဦးတိမ်

No comments:

Post a Comment