Tuesday, October 28, 2014

The Monk မှတ်တမ်း ရုပ်ရှင် ၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ ပြသမည်

Photo: The Monk မှတ်တမ်း ရုပ်ရှင် ၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ ပြသမည်
Monday, October 27, 2014 

ရန်ကုန်၊ အောက်တိုဘာ၂၇။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူး ထားသည့်The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ ၁၂ ရက်အထိအမေရိကန် နိုင်ငံတွင်၂၆ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မည့် Palm Springs International Film Festival နိုင်ငံ တကာ ရုပ်ရှင် ပွဲတော်၌ ပြသမည် ဖြစ်သည်။ ယင်းရုပ်ရှင် ပွဲတော်သည် မြောက် အမေရိကတွင် အရေးကြီး ထင်ရှားသည့် ရုပ်ရှင် ပွဲတော် ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ Palm Springs luxury resorts တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ယင်း ဇာတ်ကားတွင် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးမှ ငယ်စဉ် ကတည်းက အရွယ်ရောက်သည် အထိ ကျွေးမွေး စောင့်ရှောက် ခဲ့သည့် ကိုရင်လေး ဇ၀န၏အကြောင်းကိုရိုက်ကူးထားခြင်း ဖြစ်သည်။ ၎င်းသည် ကိုရင်ဝတ်ဖြင့် မည်သို့ ရှေ့ဆက်ကာ ဘ၀အတွက် လျှောက်လှမ်း ရမည်ကို ကိုယ်တိုင် ဆန်းစစ်ချိန်၌ အခက်အခဲများ ရင်ဆိုင် ရခြင်း များနှင့် နောက်ဆုံး၌ သူရွေးချယ် လိုက်သည့် လမ်းကို သတ္တိရှိ ရှိ လျှောက်လှမ်း သွားသည့် ဇာတ်လမ်းကို ဒါရိုက်တာက တစ်နာရီခွဲစာ ရိုက်ကူး တင်ပြ ထားသည်။

အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ဒေါက်တာ အောင်မင်းမှ ဇာတ်ညွန်း ရေးသား ထားပြီး ကင်မရာ ကိုတင်ဝင်းနိုင်က တာဝန် ယူကာ ၂၀၁၂ ခုနှစ်တွင် ဒါရိုက်တာ သည်မော်နိုင်ကရိုက်ကူးခဲ့ခြင်း ဖြစ် သည်။ ဇာတ်ကား ရိုက်ကူးမည့် လိုအပ်သည့် ရိုက်ကွင်း နေရာ အတွက် ကွမ်းခြံကုန်း မြို့နယ် သုံးခွ ကျေးရွာရှိသစ်သားဖြင့် ဆောက်လုပ်ထားသည့် ရှေးဟောင်းဘုန်းကြီးကျောင်းနှင့်ရိုက်ကူးမည့်အခြား နေ ရာ များကို နှစ်လကျော် အချိန်ယူ ပြီးမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာက ပြောသည်။

"ဇာတ်ညွန်း ပြင်ဆင်တာ သုံးလလောက် အချိန်ယူရ ပါတယ်။ သရုပ်ဆောင်တွေ ကိုလည်း တစ်ခါမှ ရုပ်ရှင် မရိုက်ဖူး သေးတဲ့ သူများနဲ့ ရိုက်ချင် တာကြောင့်  ကိုက် ညီတဲ့ သရုပ်ဆောင် ရှာဖွေရာမှာ   တော်တော် ခက်ခဲ ခဲ့ပါတယ်။ မြန်မာ ရုပ်ရှင်တွေမှာ တွေ့နေတဲ့ သူတွေရဲ့ ရုပ်ရည်က အရမ်းချော နေတော့ မလိုချင် မသုံးချင်ပါဘူး။ အပြင် မှာ အများစု တွေ့နေရတဲ့ ရုပ်ရည်တွေ ကိုသာ သုံးချင်တာပါ။ အပြင်က လူတွေလို ပြုမူတာ မျိုးတွေနဲ့ မကွဲပြားသော ဇာတ်ကောင်တွေကို ဇာတ်မှာ တည်ထား တာပါ။ အဓိက ရိုက်ကွင်းက နှစ်နေရာ ဖြစ်တဲ့ ရွာ နဲ့ မြို့ပါ။ မိုးတွင်း မှာ ရိုက်ချင်လို့ မိုးကောင်းတဲ့ လမှာ စရိုက်ကူး ခဲ့ပါတယ်။ ရွာမှာ တစ်လကျော် ရိုက်ခဲ့တယ်။ မြို့မှာ လိုချင်တဲ့ ရိုက်ကွင်းတွေ အတွက် အစစ်တွေကို သုံးချင်တာမို့ ရိုက်ကူးခွင့် တင်ရတယ်။ ဆက်တိုက် ရိုက်လို့မရပါဘူး ။ ရိုက်ကူးရက်  ၄၅ ရက်လောက် ရိုက်ခဲ့ ပါတယ်။ နောက်ပြီး ဒီကားက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံး အဖြစ် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ ပြသခွင့် ရခဲ့တာပါ။ လူငယ်တွေ အနေနဲ့ ဒီကားကို ကြည့်ပြီး လေ့လာလို့ ရနိုင်မယ်လို့ ထင်ပါတယ်" ဟု ဒါရိုက်တာ သည်မော်နိုင်က ယင်းဇာတ်ကား ဖန်တီး ခဲ့ပုံကို ထပ်မံ ပြောသည်။

The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လတွင် ရိုက်ကူးခဲ့ပြီး ဇာတ်ကား တည်းဖြတ် မှုကို ၂၀၁၃ ခုနှစ် မေလ တွင် စတင် ခဲ့ကာ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။ ယင်း ဇာတ်ကား၏ လိုအပ်သည့် အသံ ဒီဇိုင်းနှင့် အရောင် ချိန်ညှိခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလတွင် အဆုံးသတ် နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်း မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာလ၌ တောင် ကိုရီးယား နိုင်ငံရှိ ၁၉ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင် ပွဲတော် ၌ သုံးရက် ပြသ သွားမည်ဖြစ်ပြီးFive Flavours ရုပ်ရှင် ပွဲတော် တွင် လည်းပြသရန် ရွေးချယ်ခြင်း ခံထားရသည်။

၂၀၁၄ ခုနှစ် ဇူလိုင် လတွင်ဥရောပ၌ ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကာလိုဗီဗာရီ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်၏ Forum of independence film ၌ ယင်းဇာတ်ကားကို အဖွင့် ဇာတ်ကား အနေဖြင့် ပြသ ခွင့် ရခဲ့ပြီး သြဂုတ်လတွင် ရိုမေးနီးယား နိုင်ငံ၌ ပြုလုပ်သည့် Anonimul International Independence Film Festival ပွဲတွင်လည်း   ပြသခွင့်ရခဲ့ကာ Premiere Special Award ဆုကို ရရှိခဲ့သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို ရုရှားနိုင်ငံ အရှေ့ဖျားတွင် သြဂုတ်လ၌ ပြုလုပ် ခဲ့သည့် စခါးလင် နိုင်ငံတကာ ပြပွဲတွင်လည်း ပါဝင် ပြသ ခဲ့သည်။

နိုဝင်ဘာလတွင် ပိုလန် နိုင်ငံ၌ ကျင်းပမည့် အဋ္ဌမ အကြိမ်မြောက် Five Flavours  နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် အဓိက ပြိုင်ပွဲဝင် ကား အနေဖြင့် အရွေးချယ် ခံရပြီးယင်းလ၌ပင် အိန္ဒိယနိုင်ငံ ကလက တ္တား မြို့တွင် ပြုလုပ်မည် အကြိမ်နှစ်ဆယ် မြောက် ကလကတ္တား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် NETPAC AWARD  ဆုအတွက် ပြိုင်ပွဲ ၀င်ရန် ရွေးချယ် ခံထားရသည်။

Mizzima - News in Burmese 

The Monk မှတ်တမ်း ရုပ်ရှင်မှ ဇာတ်ဝင်ခန်း တစ်ခန်း။The Monk မှတ်တမ်း ရုပ်ရှင်မှ ဇာတ်ဝင်ခန်း တစ်ခန်း
ရန်ကုန်၊ အောက်တိုဘာ၂၇။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူး ထားသည့်The Monk မှတ် တမ်း ရုပ်ရှင် ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ ၁၂ ရက်အထိအမေရိ ကန် နိုင်ငံတွင်၂၆ကြိမ်မြောက် အဖြစ် ကျင်း ပ ပြုလုပ်မည့် Palm Springs International Film Festival နိုင်ငံ တကာ ရုပ်ရှင် ပွဲတော်၌ ပြသမည် ဖြစ်သည်။ ယင်းရုပ်ရှင် ပွဲတော် သည် မြောက်အမေရိကတွင်အရေးကြီးထင်ရှားသည့်ရုပ်ရှင်ပွဲတော် ဖြစ်ပြီးကယ်လီဖိုးနီးယား  ပြည် နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ Palm Springs luxury resorts တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ် သည်။ယင်း ဇာတ်ကားတွင် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးမှ ငယ်စဉ် ကတည်းက အရွယ်ရောက်သည် အထိ ကျွေးမွေး စောင့်ရှောက် ခဲ့သည့် ကိုရင်လေး ဇ၀န၏အကြောင်း ကိုရိုက်ကူးထားခြင်း ဖြစ်သည်။ ၎င်းသည် ကိုရင်ဝတ်ဖြင့် မည်သို့ ရှေ့ဆက်ကာ ဘ၀အ တွက် လျှောက်လှမ်း ရမည်ကို ကိုယ်တိုင် ဆန်းစစ်ချိန်၌ အခက်အခဲများ ရင်ဆိုင် ရခြင်း များနှင့် နောက်ဆုံး၌ သူရွေးချယ် လိုက်သည့် လမ်းကို သတ္တိရှိ ရှိ လျှောက်လှမ်း သွားသည့် ဇာတ်လမ်းကို ဒါရိုက်တာက တစ်နာရီခွဲစာ ရိုက်ကူး တင်ပြ ထားသည်။
အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ဒေါက်တာ အောင်မင်းမှ ဇာတ်ညွန်း ရေးသား ထားပြီး ကင်မရာ ကိုတင်ဝင်းနိုင်က တာဝန် ယူကာ ၂၀၁၂ ခုနှစ်တွင် ဒါရိုက်တာ သည်မော်နိုင်ကရိုက်ကူး ခဲ့ခြင်း ဖြစ် သည်။ ဇာတ်ကား ရိုက်ကူးမည့် လိုအပ်သည့် ရိုက်ကွင်း နေရာ အတွက် ကွမ်းခြံကုန်း မြို့နယ်သုံးခွ ကျေးရွာရှိသစ်သားဖြင့် ဆောက်လုပ်ထားသည့် ရှေးဟောင်းဘုန်းကြီးကျောင်းနှင့်ရိုက်ကူးမည့်အခြား နေရာများ ကို နှစ်လကျော် အချိန်ယူ ပြီးမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာက ပြောသည်။

"ဇာတ်ညွန်း ပြင်ဆင်တာ သုံးလလောက် အချိန်ယူရ ပါတယ်။ သရုပ်ဆောင်တွေ ကိုလည်း တစ်ခါမှ ရုပ်ရှင် မရိုက်ဖူး သေးတဲ့ သူများနဲ့ ရိုက်ချင် တာကြောင့်  ကိုက် ညီတဲ့ သရုပ်ဆောင် ရှာဖွေရာမှာ   တော်တော် ခက်ခဲ ခဲ့ပါတယ်။ မြန်မာ ရုပ်ရှင်တွေမှာ တွေ့နေတဲ့ သူတွေရဲ့ ရုပ်ရည်က အရမ်းချော နေတော့ မလိုချင် မသုံးချင်ပါဘူး။ အပြင် မှာ အများစု တွေ့နေရတဲ့ ရုပ်ရည်တွေ ကိုသာ သုံးချင်တာပါ။ အပြင်က လူတွေလို ပြုမူတာ မျိုးတွေနဲ့ မကွဲပြားသော ဇာတ်ကောင်တွေကို ဇာတ်မှာ တည်ထား တာပါ။ အဓိက ရိုက်ကွင်းက နှစ်နေရာ ဖြစ်တဲ့ ရွာ နဲ့ မြို့ပါ။ မိုးတွင်း မှာ ရိုက်ချင်လို့ မိုးကောင်းတဲ့ လမှာ စရိုက်ကူး ခဲ့ပါတယ်။ ရွာမှာ တစ်လကျော် ရိုက်ခဲ့တယ်။ မြို့မှာ လိုချင်တဲ့ ရိုက်ကွင်းတွေ အတွက် အစစ်တွေကို သုံးချင်တာမို့ ရိုက်ကူးခွင့် တင်ရတယ်။ ဆက်တိုက် ရိုက်လို့မရပါဘူး ။ ရိုက်ကူးရက်  ၄၅ ရက်လောက် ရိုက်ခဲ့ ပါတယ်။ နောက်ပြီး ဒီကားက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံး အဖြစ် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ ပြသခွင့် ရခဲ့တာပါ။ လူငယ်တွေ အနေနဲ့ ဒီကားကို ကြည့်ပြီး လေ့လာလို့ ရနိုင်မယ်လို့ ထင်ပါတယ်" ဟု ဒါရိုက်တာ သည်မော်နိုင်က ယင်းဇာတ်ကား ဖန်တီး ခဲ့ပုံကို ထပ်မံ ပြောသည်။

The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လတွင် ရိုက်ကူးခဲ့ပြီး ဇာတ်ကား တည်းဖြတ် မှုကို ၂၀၁၃ ခုနှစ် မေလ တွင် စတင် ခဲ့ကာ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။ ယင်း ဇာတ်ကား၏ လိုအပ်သည့် အသံ ဒီဇိုင်းနှင့် အရောင် ချိန်ညှိခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလတွင် အဆုံးသတ် နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်း မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာလ၌ တောင်ကိုရီးယား နိုင်ငံရှိ ၁၉ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင် ပွဲတော် ၌ သုံးရက် ပြသ သွားမည်ဖြစ်ပြီးFive Flavours ရုပ်ရှင် ပွဲတော် တွင် လည်းပြသရန် ရွေးချယ်ခြင်း ခံထားရသည်။

၂၀၁၄ ခုနှစ် ဇူလိုင် လတွင်ဥရောပ၌ ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကာလိုဗီဗာရီ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်၏ Forum of independence film ၌ ယင်းဇာတ်ကားကို အဖွင့် ဇာတ်ကား အနေဖြင့် ပြသ ခွင့် ရခဲ့ပြီး သြဂုတ်လတွင် ရိုမေးနီးယား နိုင်ငံ၌ ပြုလုပ်သည့် Anonimul International Independence Film Festival ပွဲတွင်လည်း   ပြသခွင့်ရခဲ့ကာ Premiere Special Award ဆုကို ရရှိခဲ့သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို ရုရှားနိုင်ငံ အရှေ့ဖျားတွင် သြဂုတ်လ၌ ပြုလုပ် ခဲ့သည့် စခါးလင် နိုင်ငံတကာ ပြပွဲတွင်လည်း ပါဝင် ပြသ ခဲ့သည်။

နိုဝင်ဘာလတွင် ပိုလန် နိုင်ငံ၌ ကျင်းပမည့် အဋ္ဌမ အကြိမ်မြောက် Five Flavours  နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် အဓိက ပြိုင်ပွဲဝင် ကား အနေဖြင့် အရွေးချယ် ခံရပြီးယင်းလ၌ပင် အိန္ဒိယနိုင်ငံ ကလက တ္တား မြို့တွင် ပြုလုပ်မည် အကြိမ်နှစ်ဆယ် မြောက် ကလကတ္တား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် NETPAC AWARD  ဆုအတွက် ပြိုင်ပွဲ ၀င်ရန် ရွေးချယ် ခံထားရသည်။

Mizzima - News in Burmese

No comments:

Post a Comment