Tuesday, October 28, 2014

သူပုန်ဗိုလ် အောင်နိုင် (ခ) ပါကြီးသေဆုံးမှုအား နိုင်ငံရေးအမြတ်ထုတ် ဟု ဆို

မိုးသီးဇွန်ဘေးတွင် ထမင်းစားနေသည့် သူပုန်ဗိုလ် အောင်နိုင်

Monday, October 27, 2014
လက်ရှိ အငြင်းပွားနေသည့် သတင်းထောက်အမည်ခံ၊ သူပုန်ဗိုလ် ပါကြီး သေဆုံးမှုအား}
နိုင်ငံရေးအမြတ်ထုတ်နေ ကြသည် ဟု အမျိုးသား ကာကွယ်စောင့်ရှောက်ရေး
အဖွဲ့က ပြင်းပြင်းထန်ထန်

 ဝေဖန်ပြောကြား လိုက်ကြောင်း သိရသည်။
မကြာသေးခင်က တိုက်ပွဲဖြစ်ရာနယ်မြေအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိရာမှ စစ်ဆေးထိန်းသိမ်း

ခဲ့သော သူပုန်ဗိုလ် ပါကြီးအား သတင်းထောက်ဟုဆိုကာ ဝေဖန်ရှုတ်ချနေမှုများသည် နိုင်ငံရေး
အမြတ်ထုတ်နေသူများသာ ဖြစ်ကြောင်း အမျိုးသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က ဆိုသည်။
“ပါကြီး ဆိုတာ ဘာလဲ။ သုံးရောင်ခြယ်မှာ ပါခဲ့ဘူးလို့ နိုင်ငံရေးသမားဆိုပြီး ပြောတယ်။ မိုးသီးဇွန်နဲ့ ပေါင်းပြီး တောထဲမှာ သူပုန်လုပ်ခဲ့တယ် ဆိုပြီး စစ်တပ်က ပြောတယ်။ အလွတ်တန်းသတင်းထောက်ပါ ဆိုပြီး ပြောကြတဲ့ သူတွေက ပြောတယ်။ ကွဲနေတဲ့ မိန်းမက သူတို့ မကွဲသေးပါဘူး ဆိုပြီး ဗြောင်လိမ်တယ်။ ဒါလောက်နဲ့ ပြီးပြီလား ဆိုရင် မပြီးသေးဘူး။ ရန်ကုန်မြို့ လယ်ခေါင်မှာ ဆန္ဒပြတယ်။ အဓမ္မ၀ါဒ ဆိုပြီး အော်တယ်။ ဒါက ဒီမိုကရေစီ သူရဲကောင်းတွေလား ကျွန်တော်တို့ မေးချင်တယ်။ မင်းကိုနိုင်နဲ့ ကိုကိုကြီးက ရင်ဆိုင်ဖို့ အသင့်ပဲ ဆိုပြီး စိန်ခေါ်တယ်။ ဘာကို ရင်ဆိုင်မှာလဲ။ ဘာကို အသင့် ဖြစ်နေတာလဲ။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ပြ ဌာန်းရေး ဆန္ဒပြပွဲမှာကျတော့ တုပ်တုပ်မလှုပ်ဘူး။ စစ်တပ်က ဗိုလ်ကြီးဇော်မျိုးထက် ခေါင်းဖြတ်၊ ဗိုက်ခွဲခံရ တုန်းက တစ်ခွန်းမဟဘူး။ စစ်တပ်က စိတ်နာမယ် ဆိုလည်း နာစရာပါပဲ။ စစ်တပ်ကို ရန်သူ ဆိုပြီး သတ်မှတ် နေသမျှ ကာလပတ်လုံး စစ်တပ်နဲ့ ရင်ကြားစေ့ရေး ဆိုတဲ့ စကား ဘယ်တော့ မှ မပြောပါနဲ့” ဟု အမျိုးသား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆန္ဒပြနေတဲ့သူတွေ တိုက်ပွဲနေရာမှာ ပါကြီး ဘာဖြစ်လို့ရောက်နေတာလဲ။ ဘာဖြစ်လို့ သူပုန်ယူနီဖောင်းဝတ်ထား ရတာလဲ။ ဘာဖြစ်လို့ သေနတ်တွေ ၀ှက်ထားတဲ့နေရာတွေကို လိုက်ပြီး ပြနိုင်ရတာလဲ။ ပါကြီးရဲ့ အသက်မွေးဝမ်း ကျောင်းက ဘာလဲ။ သတင်းဌာနတွေကို စိတ်ကူးရရင်ရသလို သတင်းတွေ တစ်ခါတစ်လေ ပို့ခဲ့တာနဲ့ သတင်း ထောက် ဖြစ်ပြီလား။ ပါကြီးဆီမှာ သတင်းထောက် ကဒ်(၂)ကဒ်၊ ကေအင်န်ယူကဒ်(၁)ကဒ် တွေ့ရတယ် ပြောတယ်။ သတင်းထောက်ကဒ်ကတော့ ထားလိုက်။ ကေအင်န်ယူကဒ်က ဘာဖြစ်လို့ ကိုင်ထားတာလဲ။ သတင်းဌာနတွေအနေနဲ့ သူတို့ဌာနရဲ့ သတင်းထောက် အစစ်အမှန်ဖြစ်တယ်လို့ ဘာဖြစ်လို့ ကြေညာချက် မထုတ်ကြသလဲ။ ဒီကနေ့အထိ ပါကြီးဟာ ဘယ်သတင်းဌာနတွေကို ပို့နေတယ်၊ ပါကြီးရဲ့ သတင်းတွေကို ဘယ်သတင်းဌာနတွေက သုံးနေတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ သတင်းထောက်ကို သတ်တယ် ဆိုပြီး ပုံကြီးချဲ့နေကြတာ စိတ်ပျက်စရာ ကောင်းတယ်” ဟု ၄င်းက ပြောကြားသည်။

တပ်မတော်နှင့် နီးစပ်သူတစ်ဦးကလည်း “သတင်းထောက်ဆိုရင် သတင်းထောက်၊ နိုင်ငံရေးသမားဆိုရင်
နိုင်ငံရေးသမား ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ အခုဟာက ရောင်တော်ပြန်နဲ့ သတင်းထောက်ဆိုပြီး ရောကြိတ်တယ်။ ထိုင်းမှာ မြန်မာအလုပ်သမား(၂)ယောက် မတရား ခံရတဲ့ကိစ္စမှာ ၈၈ ကျောင်းသားတွေ ဘာအသံမှ မထွက်လာခဲ့ဘူး။ အယ်ကေးဒါးတွေ မြန်မာနိုင်ငံကို စစ်ကြေညာတော့ ဘာအသံမှ မထွက်ခဲ့ဘူး။ အမျိုးစောင့် ဥပဒေ ပြဌာန်းဖို့ ဆရာတော်တွေ တောင်းဆိုတုန်းက ဘာအသံမှ မထွက်ခဲ့ဘူး။ ပါကြီးကိစ္စကျမှ ဆူးလေမှာ ဆန္ဒတွေပြ၊ ဝေဖန်ရှုတ်ချ လုပ်လာကြတာ အော့နှလုံးနာတယ်” ဟု ဝေဖန်ပြောကြားသည်။

“ဒီကိစ္စမှာ ပါကြီး ဘာလဲ ဆိုတာ အတိအကျ သိရရင် ရှင်းပြီပဲ။ သတင်းထောက်ဆိုရင် ဘာဖြစ်လို့ တိုက်ပွဲ ဖြစ်တဲ့ ကြားကို ရောက်နေရသလဲ။ ပါကြီး ထွက်ဆိုချက်တွေမှာ စစ်တပ်က သိထားတဲ့ဟာ ဘယ်လောက်ရှိနေသလဲ ဘယ်သူမှ မသိနိုင်ဘူး။ စစ်တပ်က ထုတ်ပြန်ချက်မှာ ပါကြီးဟာ သူပုန်ဗိုလ်အောင်နိုင်ဆိုပြီး ပြတ်ပြတ်သားသား ပြောထားတယ်။ မီဒီယာတွေက သတင်းထောက်ဆိုတာနဲ့ ကျီးကန်းအာသလို ၀ိုင်းအာကြတယ်။ ပါကြီး သူပုန်ဗိုလ် ဖြစ်တာ သေချာရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ စစ်တပ်ကို ဦးချတောင်းပန်မှာလား မေးချင်တယ်။ အခု ဝေဖန် ရှုတ်ချရေးနေကြတဲ့ မီဒီယာတွေအကုန်လုံး ဖင်ဗူးတောင်းထောင်ပြီး ၀န်ချတောင်းပန်မှာလား သိချင်တယ်။ ဗိုလ်ကြီးဇော်မျိုးထက် ခေါင်းဖြတ်ခံရတာ၊ ဗိုက်ကိုအခွဲခံရတာ ဒါတွေကိုကျတော့ နိုင်ငံသားအခွင့်အရေး၊ လူသားချင်း စာနာမှု ဘယ်သူ တစ်ခွန်း ပြောခဲ့သလဲ။ ၈၈ တွေကိုရော၊ လုပ်စား နိုင်ငံရေးသမားတွေကိုရော မေးချင်တယ်။ အဲဒီလို ဖြစ်ရပ်တွေ စစ်တပ်မှာ အများကြီးပဲ။ စစ်ဆင်ရေးနယ်မြေမှာ သူပုန်အ၀တ်အစားနဲ့ သူပုန်ပုံစံ ဖမ်းထားရင် ဖမ်းမယ်၊ စစ်မယ်၊ ထွက်ပြေးဖို့ ကြိုးစားပြီး သေနတ်လုတာတွေ လုပ်ရင် ဒီအတိုင်းပဲ ကြုံရမှာပဲ။ အကြောင်းအရင်း တိတိကျကျ မသိရသေးဘဲနဲ့ စွပ်စွဲပြောကြားနေတာတွေ ရပ်တန်းက ရပ်သင့်ပြီ။ ဥပဒေနဲ့ အညီ အခွင့်အရေး လိုချင်ရင် ဥပဒေအတိုင်း လုပ်၊ တရားစွဲတာတွေ လုပ်၊ မှန်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ အေး။ စစ်တပ်ကို စော်ကားပြီးရင်တော့ ကိုယ်မှားပြီ ဆိုပြီး သိတဲ့အချိန် ပြန်တောင်းပန်ဖို့ ၀န်မလေးနဲ့” ဟု ၄င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် လွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ ထွက်ရှိလာခဲ့ရာ စစ်တပ်က အတော်များများ သဘောမတူသဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်ကာ တိုက်ခိုက်နေခြင်း ဖြစ်နိုင်ကြောင်း၊ စစ်တပ်က သဘောမတူလျှင် မည်သည့်ပြင်ဆင်ချက်မှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်တပ်ကို တမင် ရည်ရွယ်ကာ ထိုးနှက်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် သူပုန်ဗိုလ်အောင်နိုင် (ခ) ပါကြီး
သေဆုံးသည့်ကိစ္စ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

PP™

No comments:

Post a Comment