Monday, June 2, 2014

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က
ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများ အပြား ဖျက်ဆီးခံရလို့ နိုင် ငံတောင် ပိုင်းက ဘင်ဒူအွန် ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက် မဲ့ ဖြစ်ခဲ့ရပါတယ်။ဗီယက်နမ် ရဲ့ ကုန်ထုတ်လုပ်မှု အချက် အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိက ရုဏ်း ဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံ သူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော် ပျက်စီးခဲ့ပါ တယ်။
အလုပ်လက်မဲ့ လုပ်သားအယောက် ၄ သောင်းလောက်ကတော့ အမတော်ကြေး ရမှာ ဖြစ်ပြီး အယောက် ၂ သောင်းကတော့ လျော်ကြေးငွေ ရမယ်လို့ အလုပ်သမားအေဂျင်စီက ပြောပါတယ်။
ဗီယက်နမ်တောင်ပိုင်းနဲ့အလယ်ပိုင်းကအဓိကရုဏ်းအတွင်းတရုတ်ပြည်မကြီး၊တိုင်ဝမ်နဲ့  ဟောင်ကောင် တို့က တရုတ်ကုမ္ပဏီတွေက ဒုက္ခအရောက်ဆုံး ဖြစ်ပါတယ်။
ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူကုမ္ပဏီတွေကတော့ ထိခိုက်ခဲ့ပြီး ပိတ်ဖို့ ဖိအားပေး ခံခဲ့ရပါ တယ်။
ဒီအဓိကရုဏ်းကြောင့် ဗီယက်နမ်နိုင်ငံတွင်း နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေကြပြီး ရင်းနှီးမြှုပ်နှံ  ပြီးသားတွေကို ပြန်ရုပ်သိမ်းတာတွေ လုပ်နေကြတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေ က ပြော ပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment