Thursday, June 19, 2014

အများပြည်သူသုံး သန့်စင်ခန်း ဖွင့်လှစ်လိုသူများ စည်ပင်သို့ လျှောက်ထားနိုင်

ရန်ကုန်မြို့တော်အတွင်း အများပြည်သူသုံး 
သန့်စင်ခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသူများ
သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
 ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် 
သန့်ရှင်းရေးဌာနသို့ ကိုယ်တိုင်ဆက်သွယ်
 လျှောက်ထားကာ ဖွင့်လှစ်နိုင်ကြောင်း 
အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက
 ပြောကြားသည်။ “အရင်ကတော့ ဌာန
ကဆောက်ပြီးမှ လုပ်ကိုင်ခွင့်ပေးခဲ့တာ။ 
အခုတော့ လုပ်ချင်တဲ့သူတိုင်း ဌာနက လိုအပ်သလို ခွင့်ပြုပေးမှာပါ” ဟု ၄င်းက ရှင်းပြသည်။ အများပြည်သူသုံး သန့်စင်ခန်း ဖွင့်လှစ်
မည့် မြေနေ ရာမှာ မြေအောက်ကေဘယ်လ်ကြိုးများ၊ ဖုန်းကြိုးများနှင့် လွတ်ကင်းမည်ဆိုပါက စည်ပင်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးကာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း လျှောက်ထားလိုပါက ဌာနတွင် အသေးစိတ်ကို လာရောက် စုံစမ်းနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ “အများသုံး သန့်စင်ခန်းတွေ ထပ်ဆောက်မယ်ဆိုရင် ပန်းဆိုးတန်း အပေါ်ဘလောက်ဘက်မှာ လုပ်စေချင်တယ်။ အဲဒီဘက်မှာ အများသုံးသန့်စင်ခန်း မတွေ့ဘူး။ နောက်ပြီး မဟာဗန္ဓုလပန်းခြံထဲက သန့်စင်ခန်းတွေလို သန့်သန့်ရှင်းရှင်း ဖြစ်စေချင်တယ်” ဟု ကျောက်တံတား မြို့နယ်တွင် တံဆိပ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၀ ကျော်အရွယ် ဦးစိုးသန်းက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ရွေ့လျားသန့်စင်ခန်း ကိုးခု အပါအဝင် အများပြည်သူသုံး သန့်စင်ခန်း စုစုပေါင်း ၂၆ ခုရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

No comments:

Post a Comment