Thursday, October 9, 2014

ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး အလောင်းတွေ့

ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ပျောက်ဆုံြး မန်မာလေယာဉ်မှူးကို အောက်တိုဘာ ၉ ရက် ညနေအချိန်တွင် ၎င်းကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံး လျက်တွေ့ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။
B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီး ကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ ရက်တွင် ပြန် လည်တွေ့ရှိကာ မျက်စိဒဏ်ရာကြောင့် ကျန်ရစ်ခဲ့ သည့် မြန်မာလေယာဉ်မှူးမှာ ဂူတစ်ဂူထဲတွင် ကျန်ခဲ့သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန် ထားသည်။
မြန်မာလေယာဉ်မှူး ကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေမှု

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ကျပ် ၁၅ဝဝတန် စီဒီအမ်အေ ဆင်းမ်ကတ်များ တိုင်းနှင့်ပြည်နယ်အနှံ့ထပ်မံရောင်းချပေးမည်

ကျပ် ၁၅ဝဝဖြင့်စီဒီအမ်အေဆင်းမ်ကတ် များ တိုင်းနှင့်ပြည်နယ်အနှံ့ ထပ်မံ ရောင်းချပေးရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သိရသည်။
ဆင်းမ်ကတ်များ ဈေးကွက်သို့ အရေအတွက်များစွာ ဖြန့်ဖြူးနိုင်ရန် အတွက် လက်ရှိတွင် CDMA 800 MHz လိုင်းတိုးချဲ့ခြင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။
မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်းမှတာဝန်ရှိသူတစ်ဦးက '' MEC ကတ်တွေကို ထပ်ရောင်းပေးဖို့အ စီအစဉ်ရှိပါတယ်၊ မကြာတော့ပါ ဘူး၊ ရက်အတိအကျကိုတော့ပြောလို့ မရသေးပါဘူး။ လိုင်းတိုးချဲ့တဲ့ပေါ် မှာ မူတည်ပြီးတော့ ဆင်းမ်ကတ်တွေ ကို ချပေးသွားမှာပါ။ ဘယ်လောက် ရောင်းပေးမလဲဆိုတာတော့

Wednesday, October 8, 2014

B4 ရဟတ်ယာဉ်ပေါ်ပါ ထိုင်းလေယာဉ်မှူးကို တွေ့ပြီး၊ မြန်မာလေယာဉ်မှူး လည်း တောထဲရှိ ဂူတစ်ခုတွင်ရှိနေ

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ရက် နံနက်တွင် ပြန်လည်တွေ့ ရှိပြီဖြစ်ပြီး မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးကိုနှင့်လည်း GPS အရ တောအုပ်ထဲက ဂူတစ်ခုတွင် ရှိကြောင်း ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေး တာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။
"မြန်မာလေယာဉ်မှုကလည်း တွေ့နေပြီ။ သူကမျက်လုံးဒဏ်ရာရထားတဲ့ မျက်လုံး မကောင်းတော့ လမ်းမလျှောက်နိုင်ဘူး။  ထိုင်းကပ္ပတိန်က ဒဏ်ရာကပြဿနာရှိ တယ်။ ကျန်တစ်ယောက် အခုပဲ တောနင်း

ဟိုတယ်ပေါ်က ဇိမ်ခန်းများ

ကားရပ်ပြီး ဟိုတယ် ၀င်ပေါက်ဝက ၀င်လိုက်တယ်ဆိုရင်ပဲ လူမရှိတဲ့ ဧည့်ကြို ကောင်တာကြီးက ဆီးလို့ကြိုနေ ပါတယ်။ ဧည့်ကြိုကောင်တာရဲ့ အနောက်နံရံ ပေါ်မှာတော့ ဟိုတယ်တခုရဲ့ အင်္ဂါရပ်နဲ့အညီ ရန်ကုန်မြို့အပါအ၀င် ကမ္ဘာ့မြို့ ကြီးအချို့ရဲ့ စံတော်ချိန်ပြနာရီ ၅ လုံးချိတ်ဆွဲထားပါတယ်။
- ရန်ကုန် ၁၀ နာရီ ၀၇ မိနစ်
- ဘန်ကောက် ၆ နာရီ ၁၆ မိနစ်
- စင်္ကာပူ ၁၀ နာရီ ၁၀ မိနစ်
- တိုကျို ၅ နာရီ ၃၈ မိနစ်
- လန်ဒန် ၁ နာရီ ၉ မိနစ် လို့ အသီးသီး လွဲမှားနေကြတယ်။
ရန်ကုန်ုမြို့ စမ်းချောင်းမြို့နယ်ထဲက ဟိုတယ်ကို ရောက်တဲ့အခါမှာ အချိန်က ည ၁၁ နာရီ ၂၀ မိနစ်ဖြစ်ပြီး

U-19 ပြိုင်ပွဲမှ မြန်မာအသင်း၏ ပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြမည်

အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် AFC U-19 Championship Myanmar 2014 ဘောလုံး ပြိုင်ပွဲမှ မြန်မာ အသင်း ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များကို မြန်မာ့အသံရုပ်မြင်သံကြား (MRTV) က တိုက်ရိုက်ပြသ မည်ဖြစ်သည်။
အာရှနိုင်ငံ ၁၆ခုမှ အသက် ၁၉ နှစ်အောက်

Tuesday, October 7, 2014

ထောက်လှမ်းရေးထိပ်တန်းအရာရှိဟောင်းများအပါအ၀င် အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပေး

ရန်ကုန်- နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေ ရသော အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပေးအပ်ရာ ယခင်စစ်ထောက်လှမ်းရေးမှ ထိပ်တန်း အရာရှိဟောင်းများနှင့် နိုင်ငံခြားသားအချို့ပါဝင်ကြောင်း သတင်းရရှိသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများထဲတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်(ငြိမ်း)၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေး(ပူတာအိုထောင်) မြင်းခြံထောင်မှ ဗိုလ်မှူးချုပ် သိန်းဆွေ၊ မြိတ်အကျဉ်းထောင်မှ ဗိုလ်မှူးကြီး အောင်ဇော်နှင့် ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးကြီး အောင်ကျော်မိုး (ပခုက္ကူထောင်)တို့ပါဝင်

နိုင်ငံဖွံ့ဖြိုးရေးမေးခွန်းများ တပ်ကိုယ်စားလှယ်များမှ အများဆုံးမေး

ဓာတ်ပုံ-တပ်မတော်သားကိုယ်စားလှယ်များအားတွေ့ရစဉ်
7.10.2014
နိုင်ငံတော်၏ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် သက်ဆိုင်သောမေး ခွန်းများကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ က လွှတ်တော် အစည်းအဝေးနှစ်ရပ်လုံး တွင်အများဆုံးမေးခဲ့ကြောင်းသိရသည်။ 
နိုင်ငံတော်၏ အနာဂတ်စီမံ ကိန်းများ၊ ဝန်ကြီးဌာနများ၏ စီမံ ကိန်းများနှင့်သက်ဆိုင်သော ယေ ဘုယျမေး ခွန်းများကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များက ဒသမအကြိမ် လွှတ်တော် အစည်းအဝေးများမှစ

မန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇ သတင်းထောက်ခြောက်ဦးကို သိန်းခြောက်ဆယ်ထောက်ပံ့

မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇထူ ထောင်ထားသည့် ထူးဖောင်ဒေး ရှင်းက သတင်းထောက်တစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီဖြင့် သတင်းထောက်ခြောက် ဦးကို ကျပ်သိန်းခြောက်ဆယ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
၎င်းပိုင်ဆိုင်သည့်ဘဏ်တွင်သတင်းမီဒီယာ
သမားများ အတွက်အမေရိကန်ဒေါ်လာတစ်သန်း အပ်နှံထားသည့် ငွေပမာဏအနက်

DKBA ဗျူဟာမှုး ဗိုလ်မှုးကြီး စောဆန်းအောင်အား ဖမ်းဝရမ်းထုတ်ထား

Monday, October 6, 2014
ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှုးကြီးစောဆန်းအောင်ကို တပ်မတော် တပ်သားများအား ပစ်ခတ်မှု၊ လက်နက်ပြန်မအပ်မှုတို့ဖြင့် ဖမ်းဝရမ်းထုတ် ထားသည်ဟု အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ သိရသည်။မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာတွင် စက်တင်ဘာလ (၂၆)ရက်နေ့က တပ်မတော်သားအချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်သော ကားအား DKBA တပ်က

Thursday, October 2, 2014

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင် လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့ တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေ ကိုင် လျှောက် သွားနေ

ဂျီဟတ်ခြိမ်းခြောက်မှု သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များနှင့် ၉၆၉ အဖွဲ့တို့ ပူးပေါင်းရင်ဆိုင်သွားမည်ဟု ဦးဝီရသူမိန့်

 သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဦးဝီရသူ ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေသည့် ဦးဝီရသူက ဂျီဟတ်ခြိမ်းခြောက်မှုများကို ပူးပေါင်းရင်ဆိုင်သွားမည်ဟု မိန့်ကြားလိုက် သည်။
ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုများ အတွက် မြန်မာနိုင်ငံမှ ၉၆၉ အဖွဲ့နှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အင်အားစု Bodu

ဒိုင်ကိုထိုးကြိတ်သော နည်းပြနှင့် ကစားသမားများကို ရာသက်ပန် ပွဲပယ်

ဓာတ်ပုံ - စိုးမင်းလွင်
 မန္တလေးတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင်ကွင်းလည်ဒိုင်လူကြီးအား ၀ိုင်းဝန်း ထိုးကြိတ်ခဲ့သောစစ်ကိုင်းတိုင်းဘောလုံး အသင်းမှ နည်းပြနှစ်ဦးနှင့် ကစားသမားရှစ် ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သတင်းရရှိ သည်။ စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဖလား အသက် ၂၀ အောက် ဘော

ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရဟု စင်ဟွာသတင်းတွင်ဖော်ပြ

ရန်ကုန်၊ စက်တင်ဘာ ၃ဝ။
ခါကာဘိုရာဇီ တွင် မြန်မာတောင်တက်သမားနှစ်ဦးတို့ကို ရှာဖွေနေသည့် အဖွဲ့မှ ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်း မြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
နောင်မွန်းနယ်ထဲရှိ ကျေးရွာသားများ

မျက်နှာမည်းကြီး ဖြူလေပြီ

ငယ်အမည်က ကဗျာဆန်သည်ဟု ဆိုရမလောက်ပင်။ ‘အလင်း’ ဟု အမည်တွင်သည်။ တကယ်တမ်း လင်းသည် ... မှောင်သည်ကို ရန်ကုန်မြို့တော်နေ ပြည်သူများ အသိပင် ဖြစ်လိမ့်မည်။ သူသည် ရန်ကုန်မြို့တော်ကို ခုနစ်နှစ်ကြာ မြို့တော်ဝန်အဖြစ် တာဝန်ယူ အုပ်ချုပ်ခဲ့သူပင် ဖြစ်သည်။ အများစု၏ အပြောအဆိုအရ အမည်းရောင်ကို နီညိုရောင် စပ်ထားသည့် အသားအရောင်ဟု ထင်ရသည်။ မျက်နှာထား အမူအရာက ခက်ထန်ခဲ့မှန်း သူကိုယ်တိုင် ဝန်ခံ၏။ ထို့ကြောင့် ရန်ကုန်မြို့နေ ပြည်သူအချို့က ‘မျက်နှာမည်းကြီး’ ဟုပင် တီးတိုး သမုတ်ခဲ့ကြသည် မဟုတ်ပါလော။

‘အလင်း’ သည် ဗိုလ်မှူးချုပ်၊ ဒုတိယဝန်ကြီး

Friday, September 5, 2014

Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်မည်ဟုဆို Sep 5, 2014

စက်တင်ဘာ ၂ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမြင်ကွင်းအား
 တွေ့ရစဉ် (ဓာတ်ပုံ-ထက်သျှိုင်း)
Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးအား ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယင်းသို့ေ ဆာင်ရွ

ဓမ္မစေတီခေါင်းလောင်းတော်ကြီး တွေ့ရှိသောနေရာအား စည်းများတားကာ ဆယ်ယူနေ


ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး တွေ့ရှိသော နေရာအားစည်းများတားကာ  ခေါင်း လောင်းတော်ကြီးအား ဆယ်ယူမှု များ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း  ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းစိန်က ဒီမို ကရေစီတူဒေးသတင်းစာသို့ ပြော သည်။
''အခုလက်ရှိက ခေါင်းလောင်း က တွေ့ရှိသွားပြီဆိုတော့ ခေါင်း လောင်း

Thursday, August 21, 2014

ဇော်ဦး နှင့် ABSDF သမိုင်းမှန်

From : .. သန်းဝင်း (ABSDF အထွေထွေအတွင်းရေးမှူးဟောင်း )အညိုရောင် ပင်စည်တွင် ကပ်နေသောအခါ ပုတ်သင်ညိုသည် အညိုရောင်အသွင် ပြောင်းသွားသည်။ အစိမ်းရောင်သစ်ရွက်များ
ကြားတွင် ရောက်သွားသည့်အခါ အစိမ်းရောင် ပြောင်းသွားပြန်
သည်။ ထိုသို့ အရောင်းပြောင်းလဲတတ်သည့် သတ္တိအစွမ်းပ
ကားကြောင့် ပုတ်သင်ညိုကို အန္တရာယ်ပြုမည့်သူများ မတွေ့မမြင် ဖြစ် ရသည်။ သဘာဝက သူ့ကို အကာအ ကွယ်ပေးထားသည်ကိုး။
လူလောကတွင်းတွင်လည်း ပုတ်သင်ညိုကဲ့သို့ တနေရာမှ တနေရာကူးပြောင်းသည့်အခါ မူလ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို

JJ Express ယာဉ်တိမ်းမှောက်မှုမှာ လမ်းကြောင့်မဟုတ်၊ ကားသမားနှင့် ကားပိုင်ရှင် ပူးပေါင်းကာ ခရီးသည်များကို စေတနာမဲ့ လုပ်ကြံခြင်းဖြစ်

From : .. MDY EXPS




 (၂၀.၈.၂၀၁၄)ရက်နေ့၊ နေ့လည် (၁၄း၁၅)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြားတွင် JJ Express ယာဉ်လိုင်းမှ နေပြည်တော်-မန္တလေးခရီးစဉ်၊ ယာဉ်အမှတ် 1G/1493၊ ယာဉ်မောင်း - ဦးတင်လင်းအောင်၊ အသက် (၃၅)နှစ်၊ (ဘ) ဦးစံလှ မောင်းနှင်သောယာဉ်သည် မိုးရွာသွန်းနေစဉ် အရှိန်ဖြင့်မောင်းနှင်မှုကြောင့် 
လမ်းကွေ့
တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်းကို ကျော်ကာ အပြန်လမ်းဘက်သို့ရောက်ရှိပြီး
 ဘေးတစ်စောင်းတိမ်းမှောက်
သွားသော ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်း

အပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်
ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့

NLD အတွက်ဆို လိမ်တာညာတာ ဘာပဲလုပ်ရ လုပ်ရ လုပ်နေကြပြီလား

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေး အသင်းမြန်မာ့ရေးရာ အဖွဲ့မှပြု စုသော နိုင်ငံတော် သမ်္မတ နှင့် လွှတ်တော်ကိုယ်စားလှယ်များ အပေါ်လူထူ အမြင်သဘောထား စစ်တမ်းသည်ပညာရှင်များ၏ရိုး သားမှုမရှိသော စစ်တမ်းတစ်ခု ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်ကပြော သည်။
အဆိုပါစစ်တမ်းတွင် သမ္မတ ဦးသိန်းစိန်ကို ပြည်သူလူထု အကောင်းမြင်စိတ်ကျေနပ်မှုနည်း ပါးလာသည်ဟုရေး သားထားသည့် အပြင်သင်္ဃန်းကျွန်းမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်

ရွှေသမင် ဘယ်ကထွက် မင်းသမီးတာကထွက်


အခုတလော ဖေစ့်ဘွခ်မှာ screen shot အတုတွေ ပြန့်နေပါတယ်။ ဦးရဲထွဋ်၊ ဘူးလက်လှဆွေ တို့ အပါအဝင် မနေ့ကဆိုရင်ဖြင့် ဆရာတော် ဦးဝီရသူရဲ့ အမေးအဖြေအင်တာဗျူးကဲ့သို့

ကြယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ်ဆိုတဲ့လူမင်း

From : .. 7day
ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော 
ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်
တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆု
ရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။
‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် 

တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌ
အနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ 
ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက်     အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အ ထိကြိုးစားခဲ့

အမြန်လမ်းတွင် ဂျေဂျေခရီးသည်တင် ယာဉ်တိမ်းမှောက် ၁၆ ဦးဒဏ်ရာရ

From : .. 7day
ယနေ့နေ့လယ်က အမြန်လမ်း 
 မိုင်တိုင်၂၂၁အနီးတွင် ဂျေဂျေ
ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး
 ခရီးသည် ၁၆ဦး ဒဏ်ရာရရှိ
ခဲ့ကြောင်းနေပြည်တော်အမြန်လမ်း
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းကပြော
ကြားသည်။
နေပြည်တော်မှ မန္တလေးသို့ထွက်ခွာသွားသည့် ခရီးသည် ၃၁ဦးပါ ဂျေဂျေခရီးသည်တင်ယာဉ်

Wednesday, August 20, 2014

ထက်ထက်မိုးဦး ရဲ့ အတွေ့အကြုံစကား

From : .. popular
၂ဝ၁၃ ခုနှစ် အတွက် အကယ်ဒမီ စာရင်းဝင်
 နောက်ဆုံး အဆင့် ဇာတ်ကား၆ကားကို
 သြဂုတ် ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ အတွင်း
 အကဲဖြတ် ကြည့်ရှုခဲ့ရသည့် ဒုတိယ အဆင့် 
စိစစ် အကဲဖြတ် အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ 
အကယ်ဒမီ ထက်ထက်မိုးဦး က မြန်မာ 
တစ်နိုင်ငံလုံးမှ ပရိသတ် များနှစ်စဉ် စိတ်ဝင်
တစား ရင်ခုန် စောင့် ကြည့် ကြလေ့ ရှိသည့် 
အကယ်ဒမီ ဆုရှင်များကို ရွေးချယ် ဂုဏ်ပြု 
ချီးမြှင်နိုင်ရန် ကြည့်ရှု အကဲဖြတ်ရသည့် 
အဖွဲ့တွင် ရုပ်ရှင်၊ဂီတ၊ စာပေ စာနယ်ဇင်း 
အနုပညာ ရပ်ဝန်း အသီးသီး က ပညာရှင် များနှင့် အတူ တကွ ပါဝင်ခွင့် ရခြင်းအတွက်

Monday, August 18, 2014

"အော်ရီဒူး မြန်မာပြည်သူတွေအပေါ် စော်ကားသလို ခံစားရတယ်။ သူတို့ စင်္ကာပူ၊ ထိုင်းတို့မှာ ဒီလိုလုပ်လို့ ရမလား။" ~ ဆရာ အော်ပီကျယ်

From : .. YMG, APK
သူငယ်ချင်းရေ- ကိုယ်လည်း ooredoo စထွက်လို့ မန္တလေးက ကိုယ်ယုံကြည်ရတဲ့သူတွေရဲ့ မှတ်ချက်စကားတွေ facebook မှာ ဖတ်ပြိး အင်တာနက်သုံးချင်လို့ မျှော်လိုက်ရတာ။ ဝယ်ပြီးလို့ မကောင်းသေးတော့ ၁၅ရက်နေ့နောက်ပိုင်း တရားဝင်ဖွင့်ပေးမှ ကောင်းမှာပဲဆိုပြီး စိတ်ရှည် သည်းခံပြီး ငွေဖြည့်ကဒ်လေးဖြည့်ပြီး သုံးကြည့်တယ်။ မြန်မာပြည်သူတွေ အပေါ် စော် ကား သလို ခံစားရတယ်။ သူတို့ စင်္ကာပူ၊ ထိုင်းတို့မှာ ဒီလိုလုပ်လို့ ရမလား။ International company တစ်ခု အနေနဲ့ ဒီလို လုံးဝမဖြစ်သင့်ဘူး။
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ တွင် အော်ရီဒူး ဖုန်းဆင်းမ်ကတ်များအား စတင်ရောင်းချပေးသော ရက်ပိုင်းတွင် အရောင်းအဝယ်ကောင်းမွန်ပြီး ပြင် ပပေါက်ဈေး ကျပ်ငါးထောင်ခန့်ရှိခဲ့ သော်လည်း ယခုအချိန်တွင် ကျပ်နှစ် ထောင်ခန့်သာဈေးရှိပြီး လူအကြိုက် နည်းပါးနေကြောင်း ဆင်းမ်ကတ် ရောင်းချသူများထံမှ သိရသည်။
''ဒီမှာက သုံးလို့မှ မရတာ။ ရန်ကုန်မှာတောင် မြို့နယ်တိုင်းမှာ ပြောလို့ အဆင်ပြေတာ

ခေါင်းလောင်းတစ်လုံး တွေ့ထားပြီ

From : .. the voice
“ဓမ္မစေတီ ခေါင်းလောင်းလား၊ ဘာခေါင်းလောင်းလဲတော့ မသိဘူး၊ ခေါင်းလောင်းတစ်လုံး လို့တော့ သိရတယ်” လို့ ခေါင်းလောင်းဆယ်ယူရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်မင်းအောင်က ရေငုပ်
သမားတွေ ခေါင်းလောင်းတစ်လုံး
 တွေ့ထားတဲ့ အကြောင်း