Saturday, November 15, 2014

NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီဝင်က သံဃာတော်များအား ရစရာ မရှိအောင် စော်ကားသဖြင့် ကာယကံရှင်နှင့် NLD ပါတီက ၀န်ချတောင်းပန်ရန် ဆရာတော်ကြီးများ တောင်းဆိုပြီ Nov 14, 2014

နိုဝင်ဘာလ ၁၄ရက်၊ ၂၀၁၄
ဗုဒ္ဓဘာသာ ရဟန်းတော်များအား 

မိုက်မိုက်ရိုင်းရိုင်း ထိပါးစော်ကား
ခဲ့သော NLD ပါတီ ဗဟိုပြန် ကြားရေး ကော်မတီဝင် ဦးထင်လင်းဦးအား သာသနာတော်ညှိုးနွမ်းစေခြင်းကြောင့် ကာယကံရှင်နှင့် NLD ပါတီက တစ်နိုင်ငံလုံးရှိ သံဃာတော်များ အားလုံးကို ၀န်ချတောင်း ပန်ရန် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက မိန့်ကြားသည်။
“NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးထင်လင်းဦးရဲ့ ချောင်းဦးမြို့နယ်ထဲက

 ဟောပြောပွဲမှာတော်တော်ကြီးကို မိုက်မိုက် ရိုင်းရိုင်း ပြောသွားတယ်။ မုံရွာဘက်က NLD ပါတီ တာဝန်ရှိသူတွေက အရက်မူးပြီး လျှောက်ပြော
တာပါ ဆိုပြီး ကာကွယ်တယ်။ တော်တော်ကြီးကို စိတ်ထိခိုက်ရပါတယ်။ ဘယ်လိုမှ လက်မခံနိုင်တဲ့ အသုံးအနှုံးမျိုးတွေနဲ့ ပြောသွားလိုက်တာ။ နားထောင်ဖို့တောင် မသင့်တဲ့ ပြောကြားချက်တွေ ပါပဲ။ တော်တော်လည်း တုန်လှုပ်မိပါတယ်။ သံဃာတော်တွေကို သိမ်းကျုံးပြီး မိုက်မိုက်ရိုင်း ရိုင်း စော်ကားလိုက်တာ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ပါတီလူကြီး တဲ့။ ဘုန်းကြီး တို့ ဘယ်လိုမှ သည်းခံလို့၊ လက်ခံလို့ မရတော့ဘူး။ မကြာခင်မှာ တရားဝင် တောင်းဆိုချက် ထုတ်ပြန်သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး(ဗဟို)မှ ဦးဆောင် ဆရာတော်ကြီး တစ်ပါးက မိန့်သည်။
NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးထင်လင်းဦးသည် အောက်တိုဘာလ ၂၃ ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာတွင် ဟောပြောခဲ့ရာ၌ ”ဒို့က သာကီမျိုး လို့ သင်္ကန်းပတ်လာတဲ့လူကြီးက ပြောလာရင် မင်းနဲ့ ငါ ဆံပင် ရှိတာနဲ့ မရှိတာပဲ ကွာ တယ် ဟကောင်ရဲ့ လို့ ပြောလိုက်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် “လူတွေက ကတုံး တုံးပြီး သင်္ကန်းပတ်လာရင် ဖင်ကုန်းပြီး ဦးချတော့တာပဲ”၊ “ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတာ” ဟုလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
“ဒီပွဲမှာ ဦးဘုန်း(ဓါတု)၊ ညီမင်းညိုနဲ့ ထင်လင်းဦးတို့ (၃)ယောက် ပြောခဲ့တာပါ။ NLD ပါတီက စီစဉ် တာပါ။ ကျွန်တော်တို့ စုံစမ်းပြီးပါပြီ။ NLD ပါတီဟာ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ အမျိုးသားရေးအင်အားစုတွေကို နာလန်မထူနိုင်အောင် ဟောပြောတိုက်ဖျက်ဖို့ ဗဟိုပြန်ကြားရေး ကော်မတီကို ညွှန်ကြားထားတယ် လို့ သိရပါတယ်။ အခု ထင်လင်းဦးက ဒီလိုမျိုး စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်း ဝေဖန်တာတွေ စလုပ်လာပါပြီ။ တော်တော်ကြီးကို ဆိုးပါတယ်။ ဘယ်ဗုဒ္ဓဘာသာဝင်မှ ဒီလို ပြောတာ လက်မခံနိုင်ဘူး။ ဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ ဖြန့်ချိထားတာက ဗဟိုကော်မတီဝင် ဦးဝင်းထိန်ရယ်၊ မြို့နယ် NLD တွေရယ်၊ ပဲခူးအနောက် ဗကသရယ် ဒီလိုမျိုး NLD အမာခံတွေက ပြန်ပြီး ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ထင်လင်းဦးဟာ မြအေးနဲ့ ကိုနီကိုကျတော့ ကာကွယ်ပေးပြီးတော့ သံဃာတော်တွေကို မိုက်မိုက်ရိုင်းရိုင်း ပြောလိုက်တာ ရစရာကို မရှိဘူး။ ဒီကိစ္စဟာ သံဃာတော်တွေကို ပြည်သူတွေ အကြည်ညိုပျက်လာအောင်၊ အမျိုးသားရေးအင်အားစုတွေကို လူတွေ လက်မခံအောင် လုပ်တာလို့လည်း NLD လူငယ်တွေဆီက သိရပါတယ်။ ဒီသတင်း မှန်သလား၊ မမှန်ဘူးလားတော့ အတိအကျ မသိနိုင်သေးပါဘူး။ ကျွန်တော်တို့ကို လာပြီး ပြောပြနေတာတွေပဲ ရှိပါသေးတယ်။ တိတိကျကျ ပြောနိုင်တဲ့တစ်နေ့မှာ NLD ပါတီကို သာသနာတော် ညိုးနွမ်းစေမှုနဲ့ သံဃာ့မဟာ နာယက အဖွဲ့က တရားစွဲဆိုလို့ ရပါတယ်။ အခုလည်း ထင်လင်းဦးနဲ့ ဦးဘုန်း၊ ညီမင်းညိုတို့ (၃)ယောက်စလုံး၊ ပွဲကျင်းပတဲ့ NLD ပါတီ တာဝန်ရှိသူအားလုံးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင် ကိုမောင်မောင်မြင့် က ပြောသည်။
“ဦးဇင်းတို့ ဒါကို လုံးဝ လက်မခံနိုင်ဘူး။ NLD ပါတီက စီမံချက်ချပြီး လုပ်တာ ဆိုရင်လည်း ထိထိရောက် ရောက် တုံ့ပြန်သွားမယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် မပတ်သက်စေv ဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ ပတ်သက်နေတယ် ဆိုရင်တော့ ဦးဇင်းတော့ သည်းခံနိုင်စွမ်း ကုန်သွားပြီ လို့ပဲ ပြောရမှာပဲ။ ဒီဒကာကြီး ပြောတာ နားထောင်ကြည့်ပါတယ်။ ဦးဇင်း တုန်လှုပ် မိတယ်။ စိတ်မကောင်း ဖြစ်မိတယ်။ ပြီးတော့ မျက်ရည်တောင်ဝဲမိပါတယ်။ မိုက်ရိုင်းလိုက်တာများ နားထောင်ရက်စရာတောင် မရှိဘူး။ မထင်ထားဘူး။ ဒီလောက်အထိ ဆိုးဆိုးရွားရွား ပြော သွား တာ။ အောက်က နားထောင်နေတဲ့ NLD ပါတီဝင်တွေက လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ တဲ့ လား။ ဒါဟာ သာသနာတော်ကို ညှိုးနွမ်းစေအာင် ထိပါးစော်ကားတာ လို့ ပြောရင်တော့ ရပါ တယ်။ ဒါပေမယ့် အင်းစိန်ဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးတွေရဲ့ သြ၀ါဒ ခံပြီးတော့ မှ ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်။ ဆရာတော်ကြီးတွေလည်း တော်တော်ကြီးကို စိတ်ထိခိုက်နေ ကြတယ်။ မယုံကြည်နိုင်စရာ ပြောကြားချက်တွေပါ။ NLD ပါတီက ဒီလို လုံးဝ မလုပ်သင့်ဘူး” ဟု အင်းစိန်ရွာမကျောင်းတိုက်မှ ဆရာတော်ဦးသုမန က မိန့်ကြားသည်။

NLD ပါတီသည် ထင်လင်းဦးကိစ္စကို ၀န်ချတောင်းပန်ခြင်း မပြုလျှင် သာသနာတော်ကာကွယ်ရန် အတွက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ ထင်လင်းဦးကို မတုံ့ပြန်ဘဲ ထားလျှင် ပိုမိုအတင့် ရဲကာ စော်ကား လာမည် ဖြစ်ကြောင်း၊ ထင်လင်းဦးနဲ့ NLD ပါတီအနေဖြင့် ဤစော်ကားမှုကို တာဝန်ယူရမည် ဖြစ်ကြောင်း မဘသ(ဗဟို) ဆရာတော် ဦးဝိမလ ကလည်း မိန့်ကြားသည်။

NLD ပါတီသည် CEC အဖွဲ့ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေ ညာချက် တွင် ဗဟိုပြန်ကြားရေးကော်မတီ ကို ဖွဲ့စည်းသည့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို စော်ကားခဲ့သည့် ဦးထင်လင်းဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားရေးတက်ကြွလူငယ်များ၏ ပြောကြားချက်အရ ဦးထင်လင်းဦးသည် ပါတီဗဟိုကော်မတီ၏ တာဝန်ပေးချက်အရ လူထုလေးစားသော စာရေးဆရာများ၊ ပညာရှင်များနှင့် ပူးပေါင်းကာ အမျိုးသားရေး လှုပ်ရှားမှုများ လျော့နည်းသွားစေရန်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ကန့်ကွက်နေသည့် အင်အားစုများအား ထိုးနှက်တိုက်ခိုက်နိုင်ရန် တာဝန်ယူ ထားရသူ ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment