Saturday, November 15, 2014

မြန်မာ့အမျိုးသားရေးကွန်ယက် ဘန်ကီးမွန်း အား ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်

Myanmar National Network
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာပြည်သူတို့ကို စော်ကား၍
ရိုဟင်ဂျာအသုံးအနှုံး သုံးစွဲမှုအပေါ် ကန့်ကွက်ကြောင်း မြန်မာ့အမျိုးသားရေးကွန်ယက်၏
ထုတ်ပြန်ကြေညာချက်
ကြေညာချက် အမှတ် - ၈ / ၂၀၁၄
ရက်စွဲ ။ ။ ၁၄ - ၁၁ - ၂၀၁၄

၁ - နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဘန်ကီမွန်းပြောကြားသွားသော ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံခြင်း မပြုရန် ဟူသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ ကျွန်တော်တို့ မြန်မာပြည်သူများ အနေဖြင့် လက်ခံနိုင်ခြင်းမရှိပါ။
၂ - နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ် တိုင် မြန်မာတိုင်းရင်းသား လူမျိုးစုများတွင် ရိုဟင်ဂျာ မရှိ ဆိုသည်ကို ရှင်းလင်း ပြောဆိုထားသော်လည်း ဘန်ကီမွန်အနေဖြင့် သုံးစွဲပြောဆိုနေခြင်းမှာ လူ့အဖွဲ့အစည်း (၂)ရပ်ကြား ပဋိပက္ခပိုမိုတိုးပွားလာစေရန် လှုံဆော်သကဲ့သို့ဖြစ်နေပါသည်။
၃ - ဘန်ကီမွန်း နှင့် အခြားသော တိုင်းပြည်ခေါင်းဆောင်များ အထင်လွဲမှား သုံးစွဲနေသည့် ရိုဟင်ဂျာ ဆိုသူများမှာ ပဋိပက္ခကို ဖန်တီးနေသည့် တရားမ၀င် ခိုးဝင်ဘင်္ဂလီများ သာ ဖြစ်သောကြောင့် မြန် မာပြည်သူများမှ အစဉ်တစိုက် ကန့်ကွက်နေပါသည်။
၎ - ဘန်ကီမွန်းအနေဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူး ရယူထားပြီး မည်သည့်တိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေး ကိုမျှ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးကို ပိုမို ဆူပူမှုများဖြစ်ပွားအောင် ဖန်တီးလုပ်ဆောင် နေသည်ဟု ကျွန်ုပ်တို့က မှတ်ယူသည်။
၅ - ကျွန်ုပ်တို့တိုင်းပြည်တွင်း ဘိုးဘွားအစဉ်အဆက် တိုင်းရင်းသားလူမျိုးစုကြီး (၈)မျိုးနှင့် ဆက်နွယ်သော တိုင်းရင်းသား လူမျိုးစုများကိုသာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုနိုင်မည်ဖြစ်ပြီး မည်သို့သော ခိုးဝင်နိုင်ငံခြားသားကိုမျှ တိုင်းရင်းသား လူမျိုးစုဝင်အဖြစ် လုပ်ကြံဖန်တီးလာမှုမျိုးကို လက်ခံမည်မဟုတ်။
၆ - မြန်မာပြည်တွင် မရှိသည့် လူမျိုးအတုအယောင်အမည်ကို ခေါ်ဝေါ်သုံးစွဲသည့် မည်သို့သောပုဂ္ဂိုလ် အဖွဲ့အစည်းကို မဆို ကျွန်ုပ်တို့အနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဥက္ကဌ
ဦးသီရိမောင်
09420176280
အထွေထွေအတွင်းရေးမှူး
နောင်တော်လေး
09401601220

No comments:

Post a Comment