Monday, July 14, 2014

ယူနတီဂျာနယ်သတင်းထောက်လေးဦးနှင့် စီအီးအိုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခြင်းအား Myanmar Media Watch မှ ကြိုဆို

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေဖြင့် တရားစွဲဆို ခံထား ရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် လေးဦးကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေပုဒ်မ ၃(က)အရ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက်ကြောင်း သိရသည်။
လွတ်လပ်မှုကို တလွဲအသုံးချကာ ငွေကြေးဦးစားပေးသည့် မီဒီယာသမား များကြောင့် မြန်မာ့ မီဒီယာလောက တဖြည်းဖြည်း အရည်အသွေးကျဆင်းလျှက်ရှိသဖြင့် မီဒီယာလောက ပြန်လည်ကောင်းမွန် တိုးတက် ကာ ပြည်သူ တို့၏ လေးစားမှုပြန်လည်ရရှိနိုင်ရေးအတွက် အကျင့်ပြတ်မီဒီယာသမားများကို ယခုကဲ့သို့ ထိုက် သင့်သော အပစ်ဒဏ်ပေးခြင်းအား Myanmar Media Watch မှ ကြိုဆိုသည်။
ပြည်မြို့မှ The Ladies ဂျာ နယ်သတင်းထောက် ဦးမောင်မဲ၊ မကွေး မြို့မှ DVB သတင်းထောက် ဦးဇော်ဖေ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဧရာဝတီဂျာနယ်သတင်းထောက် ဦးကျော် ထွန်းနှင့် Unity ဂျာနယ်မှ ဦးတင့်ဆန်း၊ ဦးသဲရာဇာဦး၊ ဦးစည်သူစိုး၊ ဦးပိုင်သက် ကျော်နှင့် ဦးလူမော်နိုင်တို့ သည် နိုင်/ကျဉ်း အစည်းအရုံးမှ ထောက်ပံ့ငွေရယူထားသူများဟု စုံစမ်းသိရှိရသည်။
မြန်မာ့ မီဒီယာသမားများကို မီဒီယာသမားစစ်စစ်များသာ ဖြစ်စေလိုပြီး နိုင်ငံရေးကို အသုံးချမှုများ၊ မြန်မာပြည်သူတို့ကို အဆိပ်ခတ်မည့်မီဒီယာများ မဖြစ်စေလိုပါ။
ဥပဒေပြုရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် သုံးခုကို ထိန်းကျောင်းရမည့် စတုတ္ထမဏ္ဍိုင် တနေ့တခြား ပြည်သူလူထုမှ ယုံကြည်လေးစားမှု လျှော့နည်းလာသဖြင့် ပြည်သူတွေ ယုံကြည်လေး စား သည့် မီဒီယာဖြစ်ရေး Myanmar Media Watch မှဆက်လက်ကြိုးစားဆောင်ရွက်သွား မည်ဖြစ် သည်။

No comments:

Post a Comment