Saturday, July 19, 2014

ရန်ကုန်လေဆိပ်မှာ ထိုင်းနိုင်ငံသား လူငယ်တစ်ယောက် ဆီကနေ ခြောက်လုံးပြူးသေနတ် ကျည်ဆံဖမ်းမိ

ရန်ကုန်လေဆိပ်မှာ ထိုင်းနိုင်ငံသား လူငယ် တစ်ယောက် ဆီကနေ ခြောက် လုံးပြူးသေ နတ် ကျည်ဆံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသား Mr. SIWAPONG HEMARATCHATA ဟာထိုင်းနိုင်ငံကိုBangkok Airways 

 လေယာဉ်နဲ့ ထွက်ခွာဖို့ ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက စောင့်ဆိုင်းနေတုန်း သူ့ရဲ့ကျော ပိုးအိတ်ကို X-Ray စက်နဲ့ စစ်ဆေး တဲ့အခါ အဲဒီအိတ်မှာ ပွိုင့် ၃၈ ခြောက် လုံးပြူး သေနတ်ကျည်ဆံ နှစ်တောင့်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ လေဆိပ်ရဲတပ်ဖွဲ့ ဆီ
ကနေ သိရပါတယ်။
စစ်ဆေးခဲ့တဲ့ ရဲအရာရှိက “ထိုင်းမှာကတည်းက ကျောပိုးအိတ်ထဲမှာ ရှိနေတာကို သတိမထားမိဘဲ ရန်ကုန်လေဆိပ်မှာမှ ဒီထဲမှာ ရှိမှန်း သိတာလို့ သူ(ထိုင်းနိုင်ငံသား) က ပြောတယ်” လို့ဆိုပါတယ်။
ကျည်ဆံတွေ့ရှိမှုကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှာ (ပ) ၂၉၅/လက်နက်ပုဒ်မ ၁၉ (စ) နဲ့ အမှုဖွင့်ထား ပြီး အာမခံနဲ့ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကို စစ်ဆေးဖို့ ချိန်းဆိုထားတယ် လို့ သိရပါတယ်။

No comments:

Post a Comment