Monday, July 14, 2014

လက်မှတ်ထိုးသူနည်းသည်ဟုဆိုကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြ

From : ..mizzima
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်မှတ်ထိုးသူနည်းသဖြင့် အားလုံး ပါဝင်လာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့
အစည်းတို့ဦးဆောင် ပြီး ဇူလိုင် ၁၂ရက်က သာယာဝတီခရိုင်ရှိ ဇီးကုန်းမြို့ခံများ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
“နှစ်ဝက်လောက်ကြာတဲ့အထိ

ထင်သလောက် ခရီးမပေါက် ဘူးဖြစ်နေတယ်။ ဇီးကုန်းမြို့မှာ လက်မှတ်ထိုး စာရင်းတွေလည်း နည်းနေတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အားလုံးပါဝင်လာအောင် ဆန္ဒထုတ်ဖော် ဟောပြော ပွဲကိုလုပ်ရတာ ပါ”ဟု (၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒ ထုတ်ဖော်သူ ကိုသန်းအောင် က ပြောသည်။
ဇီးကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ခု၊ ကျေးရွာအုပ်စု ၃၉ခုရှိပြီး လူဦးရေ ၆၆၉၉၁ဦး နေထိုင် လျှက်ရှိ သည်။ ထိုအထဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ လေးသောင်းခွဲကျော် ရှိသော်လည်း ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး သူဦးရေ ၁၃ဝဝဝ ကျော်သာရှိသေးသည်။
အဆိုပါ ဇီးကုန်းမြို့နယ်မှာ ဒု-သမ္မတ ဦးဥာဏ်ထွန်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့၏ ဇာတိဖြစ်သည်။
ဆန္ဒပြသူများက မနက် ၉ နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ မင်းဘူးလမ်း နှင့် ကံကြီးထောင့်လမ်း တွင် စုဝေးပြီး ဟောပြောပွဲပြုလုပ်ကာ ဂုံးလမ်း ၊ ကုန်သည်လမ်း ၊ ရန်ကုန်-ပြည်လမ်း ၊ ဘုရား လမ်း ၊  ဦးယောလမ်းအတိုင်း ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထေုတ်ဖော်ရာတွင် “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး”၊ “ ပုဒ်မ၄၃၆ ပြင် ဆင်ရေး ဒို့အရေး”၊  “ပုဒ်မ ၅၉(ဃ) နှင့် ၅၉(စ) ဖျက်သိမ်းပေးရေး ဒို့အရေး”  “ဒီမိုကရေစီ စံနှုန်းနှင့် မညီညွတ်သော ပုဒ်မများ ပြင်ဆင်ရေး ဒို့အရေး”၊ “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အား ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး ဒို့အရေး”  စသည့် ကြွေးကြော်သံ များဖြင့် တောင်းဆိုခဲ့ကြသည်။
အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမ ည်ဟု ပြဌာန်းထားသည် ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းသားများဦးဆောင်ပြီး နိုင်ငံအဝှမ်း ဆန္ဒပြုလက်မှတ်များကောက်ခံလျက်ရှိသည်။

No comments:

Post a Comment