Wednesday, July 23, 2014

ကျွန်တော့်လုပ်ခဲ့ရသော လုံခြုံရေး

ဒီတစ်ခါတော့ ...
လုံခြုံရေး နဲ့ ပတ်သက်လို့  ….
အကြမ်းဖျင်းလေး ပြောပြချင်တယ် ….

လုံခြုံရေး လို့ ဆိုတာနဲ့  …
အားလုံးက ပြေးမြင်တာက …
ယူနီဖောင်းဝတ် သေနတ်ကိုင်ပြီး ….
ဂိတ်မှာ မတ်တပ်ရပ်စောင့်နေတဲ့ ပုံကို ...
ပြေးမြင်လေ့ရှိကြတယ် …

အဲဒီဂိတ်ကို ဖြတ်ပြီးရင် စစ်ဆေးခံပြီးပြီ …
ဒါပဲ …
အတွင်းမှာ ထပ်မေးရင် ....
သိပ် မကြိုက်ကြတော့ဘူး …

တကယ်တော့ လုံခြုံရေးဆိုတာ …
ပြီးတယ်လို့ ကို မရှိဘူး ….
ကိုယ် အကာအကွယ် ပေးရမှာက …
လူလား ၊ ပစ္စည်းလား ၊ နေရာလား …
ဒါတွေပေါ် မူတည်ပြီး ....
ပရိုဆီဂျာတွေ အများကြီးကွဲသွားတယ် …

ဒီနေရာမှာတော့ ....
ဧရိယာတစ်ခု ….
အခမ်းအနားတစ်ခုကို ...
လုံခြုံရေးပေးတာကို ပဲ …
အကြမ်းဖျင်း ရှင်းပြတော့မယ် …

ဧရိယာတစ်ခုကို လုံခြုံရေးပေးတော့မယ်ဆို ….
ပထမဆုံး စလုပ်ရတာက …
အဲဒီနေရာကို အစောကြီး ကြိုပြီး …
ပိတ်ပြစ်လိုက်ရတယ် ….
ပြီးတာနဲ့  ပိုက်စိတ်တိုက် စစ်ဆေးတော့တာပဲ …
လူ ၊ စက်ကိရိယာ ၊ ခွေးတွေ အားလုံးသုံးတယ် …
ပိုက်စိတ်တိုက်ရှာတယ် …
အထပ်ထပ်ရှာတယ် …

အခမ်းအနားက အရေးကြီးလေ
စစ်ဆေးတာတွေက ပိုဆိုးလေပဲ …
ဥပမာ - နှစ်နိုင်ငံ လျှို့ ဝှက်ဆွေးနွေးပွဲမျိုးဆို …
Call လုပ်မယ့်အခန်းကို တစ်လက်မ မကျန်စစ်တယ် …
နံရံတွေပါ နားကြပ်နဲ့  ထောက်စစ်တယ် ..
မသင်္ကာရင် ဓာတ်မှန်ရိုက်ကြည့်တယ် …
အဲလောက်ထိ လုပ်တာ …

ကဲ လိုက်တာလို့ မပြောနဲ့ ဦး …
ရန်ကုန်က အမေရိကန်သံရုံးကို ပြင်ဆင်ရေးလုပ်ရင် …
သူတို့ သုံးနေကြ ကုမ္ပဏီ ရှိတယ် …
နံရံကို အပေါက်ဖောက်တယ်နော် …
ဘေးက တစ်ယောက်က ရပ်ကြည့်နေတာ …

ပြီးပြီလား ..နေအုန်း …
အလုပ်သမားတွေ အားလုံးရပ်ထား …
ဘာမှမလုပ်ရသေးဘူး…
သူ့ လုံခြုံရေးက အာ့ဖောက်ထားတဲ့  အပေါက်တစ်ခုချင်းစီ …
ဓာတ်မီးနဲ့  လိုက်ထိုးကြည့်တယ် …
ပြီးမှ အိုကေ … ရပြီ ... Screw စုပ်တော့ …
အာ့လို စစ်တာ ….
( အသံဖမ်းစက် ထည့်မှာစိုးလို့  )

အဲ ….အထပ်ထပ် စစ်ပြီးပြီ …
ပိုက်စိတ်တိုက် စစ်ပြီးပြီနော် ….
လုံခြုံရေး အဖွဲ့ ခေါင်းဆောင်က ...
သူခေါ်ခိုင်းထားတဲ့  ....
သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့ တွေကို …
လုံခြုံရေး Clearance လက်မှတ်ထိုးပေးရတယ် …
အာ့အချိန်က စပြီး ဒီဧရိယာကြီး တစ်ခုလုံး …
သူ့ တာဝန်ဖြစ်သွားပြီ ….

စနစ်တကျ စစ်ဆေးပြီး …
Clearance လုပ်ထားတဲ့  ဧရိယာတစ်ခုကို …
တင်းတင်းကြပ်ကြပ် ထပ်ထိန်းချုပ်တာက ....
ဘာလဲဆိုတော့ …
လူ အ၀င် အထွက်ပဲ ….

အဲ ဧရိယာ ကို ၀င်တဲ့ ဝင်ပေါက်တွေအားလုံးမှာ ….
ကိုယ့်လုံခြုံရေးအဖွဲ့ က တစ်ယောက်က ….
ထိုင်ခုံလေးတစ်လုံးနဲ့  ၂၄ နာရီ ထိုင်စောင့်တာ …
အခန်းအနား မလုပ်ခင် သုံးရက်လောက် ကတည်းကပဲ …
၂နာရီတစ်ကြိမ် လူချိန်းပေးတယ် ...
လုံးဝ မထရဘူး …

ခြေလျင်စကားနဲ့ ပြောရင် …
ရှေ့ တန်းမှာ ကင်းစောင့်သလိုပဲ …
ပျက်ကွက်ခဲ့ရင် …
တန်းပြည့် စစ်မှုထမ်းချိန် ဖြစ်တဲ့အတွက် …
စစ်ခုံရုံးက သေဒဏ်အထိ အပြစ်ပေးလို့ ရတယ် ..

တစ်ခြား ဂိတ်ကလူတွေ …
အချက်အခြာနေရာတွေမှာ စောင့်တဲ့ သူတွေက သပ်သပ် …
ဒီအုပ်စုက သပ်သပ် …

အဲဒီ အုပ်စုက သူတာဝန်ယူထားတဲ့ နေရာကို ....ဘယ်သူမှ ပေးမ၀င်တော့ဘူး …ကိုယ့်လူအချင်း ချင်းလဲ တာဝန်မရှိရင် ပေးမ၀င်ဘူး …ဒါကို … INT COVER လုပ်တယ်လို့ ခေါ်တယ် ….

စကားမစပ်ပြောရရင် …ရက်စွဲတော့ မမှတ်မိတော့ဘူး ...ဗိုလ်ချုပ်ခင်ရီက ရဲချုပ်နဲ့  ပြောင်းလာတယ် …ပြီးတော့ ရန်ကုန်မှာ သူလျှောက်ကြည့်တယ် ထင်ပါရဲ့  …ပြည်လမ်း လွှတ်တော်ထဲကို ၀င်ချလာတယ် …အပြင်ဂိတ်ကတော့ သူ ဖြတ်လာလို့ ရတယ် …ပြသနာက လွှတ်တော်အတွင်းကို ၀င်မယ်လုပ်တော့ …ဗိုလ်မှူးချုပ်အပွင့် နဲ့  ယူနီဖောင်းဝတ်ထားတာကို ….ခုနက INT COVER က ….
ဒုတပ်ကြပ်က ပေးမ၀င်တော့ဘူး …

သူ ထိုင်နေတဲ့ ခုံကို ပေးတယ် …ဗိုလ်ချုပ် ခဏထိုင်စောင့်ပါ တဲ့  …ကျွန်တော် သတင်းပို့ ပေး ပါမယ်တဲ့  …လုံခြုံရေး Incharge ဗိုလ်မှူးက ….ကျွန်တော့်ကို သွားရှင်းပြခိုင်းတယ် …

ကိုယ်တွေရောက်တော့ …ကိုယ် လွှတ်တော်ထဲ ပတ်ကြည့်ချင်လို့ တဲ့ …လွှတ်တော်အနှံ့ ကိုယ်တိုင် လိုက်ပြပေးတယ်…ဘယ်အခန်းက ဘာလုပ်တာ ရှင်းပြတယ် ..ဒါပေမယ့် …INT COVER လုပ်ထားတဲ့ ဧရိယာကိုတော့ …သူ့ ကို တောင်းပန်ပြီး ပေးမ၀င်ခဲ့ဘူး ….

အပြန် သူ့ PSO ....တစ်ပတ်စဉ်ထဲကောင် က ....ကပ်ဆဲသွားတယ် …
မျိုးဇော်ဝင်း ( ပပ၀င်းခင် အကို ) …ကျွန်တော်ကလဲ သူ မကြိုက်တဲ့  ....သူ့ နာမည်ပြောင် ကျောက်မိန် ....( နဂါးနိုင်ဓား ရုပ်ရုင်ထဲက ကျောက်မိန်နဲ့ တူလို့  ) ကို ….မကြားတကြား ရွတ်ပြီး စပ်ဖြီးဖြီး ကျန်ခဲ့တယ် …

အခမ်းအနားနေ့ မှာ ....လူအ၀င်အထွက်ကို ထိန်းချုပ်နိုင်ဖို့  ….ပရိုတိုကော …အာဂျင်ဒါ …
သက်ဆိုင်ရာ ဌာနတွေက ....အကုန်တောင်းထားရတယ် …

ဌာနအလိုက် ၀င်မယ့်လူစာရင်း …ဘယ်နှစ်ယောက်လဲ ၊ ဘယ်သူတွေလဲ …ဘာတာဝန်လဲ ....
နာမည် ၊ မှတ်ပုံတင် မိတ္တူ အားလုံးလာထား…

ကကလှမ်း ၊ လှမ်း၂ လုံခြုံရေးဌာနမှာ ….အမှူထမ်းလုံခြုံရေး ဌာနခွဲဆိုတာ ရှိတယ် …သူက ကြိုတင်စိစစ်တယ် ….ကျေနပ်ပြီဆို အိုကေ ….စုစုပေါင်း ဘယ်နှစ်ယောက် ….အာ့အတွက် ရင် ထိုးတွေ ထုတ်ပေးလိုက်တယ် …

ရင်ထိုးက နီးမှ ထုတ်ပေးတာ ….ကြိုမပေးဘူး …ပွဲတစ်ခုအတွက် ပုံစံတစ်မျိုး …စထုတ်က တည်းက ...
အရေအတွက် အတိအကျ ....အပိုအလို မရှိ ထုတ်ပေးတာ ...လုံးဝ ပျောက်လို့ မရဘူး ....
ဂိတ်ပေါက်မှာ ၀င်ခွင့်စာရင်းနဲ့  တိုက်စစ်မယ် …ရင်ထိုး ပါမပါ စစ်မယ် ….ပြီးမှ ၀င်ခွင့်ပေးမှာ ….

အဲ အထဲရောက်လို့  ....ရင်ထိုးဖြုတ်ဖို့ တော့ မစဉ်းစားလိုက်နဲ့  ….ကိုယ်ဘယ်လောက် ပင် ချောချော လှလှ ...လုံခြုံရေး လုပ်ရတဲ့ သူက ....အရင်ဆုံး ရင်ထိုးပါ မပါ စကြည့်တာ …ပြီးမှ လူကို ကြည့်တာ …

ရင်ထိုးမပါရင် အရင်လာမေးမယ် …ရင်ထိုးပြခိုင်းမယ် …မပြနိုင်ရင် မေးခွန်းတွေ အများကြီးမေး မယ် …ရူးသလို ပေါသလို လုပ်နေရင်တော့ ….တာ့တာပဲ ….အနီးဆုံး စစ်ကြောရေး စခန်း ကိုသာ လစ်ပေတော့ ….

တစ်ခါဖြစ်ဘူးတယ် …အပြင်မှာ ရင်ထိုးကျပျောက်လာတာ ….ဂိတ်ရောက်မှ သိတယ် ….
အခမ်းအနားကြီး တစ်ခုလုံးက …လုံခြုံရေးတွေ အလုပ်ရှုပ်ကုန်တယ် ….

အခမ်းအနားလာတက်တဲ့ ဌာနတစ်ခုစီက အရာရှိငယ်တစ်ယောက်စီကို ....အကူအညီတောင်း …
ကိုယ့်ဆီက လူ တစ်ယောက်နဲ့  တွဲပြီး ….

ဒါ ခင်ဗျားဌာနက ဟုတ်လား… ဟုတ်တယ် …နာမည် ဘယ်သူလဲ ... ဘယ်သူ ....ဟုတ်မဟုတ် စာရင်းနဲ့ ပြန်တိုက် .....ဆရာ ဒီ ရင်ထိုး အသစ်လေး ချိန်းပေးပါ ခင်ဗျား…

အဲဒီလို …..အခမ်းအနား မစမီ ....ရင်ထိုးတွေ အဟောင်းတွေ အားလုံး ….ချက်ချင်း Cancel လုပ်
အသစ် ပြန်ချိန်းခဲ့ရဘူးတယ် …

ရင်ထိုးပျောက်တဲ့ သူကတော့ ...၀န်ကြီးဌာနတွင်း သတိပေးဆုံးမ မိတဲ့ အပြင် ...ရင်ထိုး Set တစ်ခုလုံးစာ ပြန်လျှော် လိုက်ရတယ် ....

ဒါတောင် ...
လူထု အခမ်းအနား လုံခြုံရေးမဟုတ် …တက်ရောက်သူ ကန့် သတ်ထားတဲ့ …သီးသန့် အခမ်းအနား လုံခြုံရေး ….

ဒီလောက်ဆိုရင်တော့….လူထုအခမ်းအနားပွဲတွေကို….လုံခြုံရေးစီစဉ်ရတဲသူတွေ …ဘယ်လောက် ခေါင်းခြောက်ရမယ်ဆိုတာ ….အကြမ်းဖျင်း ရိပ်မိလောက်ပြီ ထင်ပါရဲ့ ….

လုံခြုံရေး တာဝန် ထမ်းဆောင်နေရသူတွေကို ...နည်းနည်းပါးပါး ကိုယ်ချင်းစာနိုင်ဖို့  ...တင်ပြတာပါ ....လုံခြုံရေး အရ ကိုပဲ ....အရေးကြီးတဲ့  ပရိုဆီဂျာတွေ ချန်ထားခဲ့တယ် ...ဖတ်ရတာ တစ်ခုခု လိုနေရင် ခွင့်လွှတ် .... ။ ။
 
 
From: Ye Moe 

No comments:

Post a Comment