Thursday, October 2, 2014

ဒိုင်ကိုထိုးကြိတ်သော နည်းပြနှင့် ကစားသမားများကို ရာသက်ပန် ပွဲပယ်

ဓာတ်ပုံ - စိုးမင်းလွင်
 မန္တလေးတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင်ကွင်းလည်ဒိုင်လူကြီးအား ၀ိုင်းဝန်း ထိုးကြိတ်ခဲ့သောစစ်ကိုင်းတိုင်းဘောလုံး အသင်းမှ နည်းပြနှစ်ဦးနှင့် ကစားသမားရှစ် ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သတင်းရရှိ သည်။ စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဖလား အသက် ၂၀ အောက် ဘော လုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ တွင် မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကွင်းလယ်ဒိုင်လူကြီးကို စစ်ကိုင်းတိုင်းဘောလုံးအသင်း သားများက ၀ိုင်းဝန်းထိုးကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

ထိုသို့ထိုးကြိမ်မှုများပြုလုပ် ခြင်းကြောင့် စစ်ကိုင်းတိုင်း ဘော လုံးအသင်းအား အရေးယူဆောင် ရွက်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များက ဘောလုံးပွဲကျင်းပရာ မန္တ လေးမြို့၊ မန္တလာသီရိအားကစား ကွင်းသို့ ရောက်ရှိလာပြီး အစည်း အဝေးပြုလုပ်၍ စစ်ကိုင်းတိုင်း ဘောလုံးအသင်းအား အထက်ပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကွင်းလယ်ဒိုင်လူကြီးအား ထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်း ဘောလုံးအသင်းမှ နည်းပြချုပ် ဦးထွေးမောင်မောင်နှင့် အရံနည်း ပြတစ်ဦး၊ ကွင်းအတွင်း ကစား သမားငါးဦးနှင့် အရံကစားသမား သုံးဦးစသည်တို့ကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
‘‘ဒိုင်လူကြီးကို ထိုးတဲ့ စစ် ကိုင်းဘောလုံးအသင်းက နည်းပြ နှစ်ဦးနဲ့ ကစားသမားရှစ်ဦးကို ရာ သက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ် လိုက်တာပါ’’ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ၀င်းလှိုင်က ပြောသည်။

မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းတွင် မန္တလေး တိုင်းဝန်းကြီးချုပ်ဖလားဘောလုံး ပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်တွင် မကွေးတိုင်း အသင်းက ပင်နယ်တီရသွားခဲ့ သည်။ ပင်နယ်တီပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်းဘော လုံးနည်းပြက ၎င်း၏ ကစားသမား များအား ကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့်ပွဲရပ်နားထားရသည်။
ပြိုင်ပွဲတာဝန်ရှိသူများက ပွဲ ဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ၀န်းကျင်အချိန်တွင် စစ်ကိုင်း တိုင်းအသင်းဘက်သို့ မကွေးတိုင်း အသင်းပြစ်ဒဏ်ဘောရရှိရာ မှ စစ်ကိုင်းတိုင်းနည်းပြက ကွင်း လယ်ဒိုင်လူကြီးအား စတင်ထိုး ကြိတ်၍ အသင်း၏ အရန်ကစား သမားများအားလုံးကပါ ၀ိုင်းဝန်း ထိုးကြိတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

From:7day

No comments:

Post a Comment