Thursday, October 9, 2014

ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါင်းပုဝါနဲ့ ဂါရဝပြု

လွှတ်တော် မင်းသားကြီး ဦးလှဆွေက သီတင်းကျွတ်
အခါသမယမှာ မြန်မာတို့ရဲ့ ထုံးစံဓလေ့အတိုင်း 
သက်ကြီး ဂါရဝ ပြုမှု တခု လုပ်ခဲ့ပါတယ်။
ဦးလှဆွေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ဖေ့စ်ဘုတ်ပေါ်မှာ တင်လာတဲ့ ပို့စ်မှာတော့ ဒေါ်အောင်ဆန်း စုကြည် ကို ဂါဝရပြုလက်ဆောင်ပေးခဲ့ကြောင်းပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ကို ဦးလှဆွေက ဘာပစ္စည်းနဲ့ ကန်တော့လည်းဆိုတာကတော့..
"သီတင်းကျွတ်ဆိုတော့ သက်ကြီးတဲ့ သူ ဝါကြီးတဲ့ သူတွေကို ဂါရဝပြုရတာပေါ့ ။ ဒီနေ့ လွှတ်တော်ပြီး
တော့ အမကြီးဒေါ်အောင်ဆန်းစုကြည်ကို ယောထမီ နဲ့ ဒေါင်းပုဝါ ဂါရဝ ပြုပါတယ် ။ အမကြီးက ဆုပေးပါတယ်၊ ကျန်းမာချမ်းသာပါစေ တဲ့ဗျား။ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ " ဆိုပြီး ဦးလှဆွေက ရေး ထားပါတယ်။
ယဉ်ကျေးမှု ဆိုင်ရာ အပြုအမူ တစ်ခုကနေပြီး ဒီမိုကရေစီ ဆိုတာ  ငါနဲ့မတူ ငါ့ရန်သူဆိုပြီး မရှိဘူး ဆိုတဲ့
အဓိပ္ပာယ်ကို ပညာသား ပါပါ ဖော်ကျူးသွားတာပဲဖြစ်ပါတယ်

No comments:

Post a Comment